အဖိုးအိုတစ်ယောက်က ရေနစ်နေတဲ့ ကင်းမှီးကောက် တစ်ကောင်ကိုမြင်ပြီး ရေထဲကနေ
ကယ်တင်ဖို့ ဆုံးဖြတ်လိုက်တယ်။သူက တည်တည်ငြိမ်ငြိမ်ဖြင့်ပင် သူ့ လက်ကို
ကင်းမှီးကောက်ထံကို လှမ်းပေးလိုက်ပါတယ်။အဲ့သလိုသူ
့လက်ကိုလှမ်းပေးလိုက်တဲ့အချိန်မှာ ကင်းမှီးကောက်က သူ့ အမှီးနဲ
့ထိုးလိုက်ပါတယ်။အဖိုးအိုဟာ သူ့ လက်မှာ အဆိပ်တက်သွားပေမဲ့ အဲ့ဒိကင်းကို
စိတ်ဆိုးရန်မူခြင်းမရှိပဲလွှတ်ပေးလိုက်ပါတယ်။မကြာခင်မှာပဲအဲ့ဒိကင်းမှီးကောက်ဟာ ရေတစ်ခါပြန်နစ်နေတဲ့ အတွက် အဆိပ်တတ်နေတဲ့ အဲ့ဒိလက်နဲ
့ပြန်ကင်းမှီးကောက်ကိုနောက်တစ်ခါပြန်ဆယ်တင်လိုက်သလို ကင်းမှီးကောက်ကလဲ နောက်တစ်ခါ ထက်ထိုးပြန်ပါတယ်။အဖိုးအိုလုပ်သမျှကို မြင်နေရတဲ့ လူငယ်တစ်ယောက်က သူ့ အနားရောက်လာပြီးတော့ “အဖိုး .. အဲ့ဒိအဆိပ်ပြင်းတဲ့ သတွာကို ကယ်တင်ဖို့ ကြိုးစားနေရင် အဆိပ်တတ်နာကျင်မှာပေါ့
..ဘာဖြစ်လို့ မရမက ကယ်တင်ချင်ရတာလဲ ? အဲ့ဒိကင်းမှီးကောက်ကို ကယ်တင်နေရင်
အဆိပ်တက်မယ်ဆိုတာကို အဖိုးမသိဘူးလား ?အဖိုးအိုကလည်း “ ဒီမယ်လူငယ်
ကင်းမှီးကောက်ရဲ့ သဘာဝက သူ့ ကိုထိရင် အမှီးနဲထိုးမယ်…ကိုယ့်ရဲ့ သဘာဝက
ဒုက္ခရောက်နေတာကိုတွေ့ ရင် ကူညီမယ်..အဲ့ဒိတော့ ကင်းမှီးကောက်ကလဲ သူ့ ရဲ
့သဘာဝ ကို ပြောင်းလဲမှာမဟုတ်သလို ကိုယ်ကလဲ ဒုက္ခရောက်သူကိုတွေ့ ရင် ကူညီတဲ့
အကျင့်ကို ပြောင်းလဲမှာ မဟုတ်ဘူး ကွဲ့ …လို့ ပြန်ပြောလိုက်တယ်။အဲ့ဒိနောက် အဖိုးအိုက အတန်ငယ်စဉ်းစား
လိုက်တယ်။ပြီးတော့ အနီးနားမှာရှိတဲ့ သစ်ပင်က သစ်ကိုင်းတစ်ခုကိုချိုးယူပြီး
ကင်းမှီးကောက်ကို နောက်တစ်ခါပြန်လည် ကယ်တင်လိုက်တယ်။ကိုယ့်ရဲ့ ကောင်းမြတ်တဲ့ အကျင်စရိုက် သဘောသဘာဝကို
ဘယ်တော့မှ မပြောင်းလဲပြစ်ပါနဲ့ ။ကိုယ်ကကိုယ့်သဘောကိုယ်ဆောင်နေချိန်မှာ
အန္တရာယ်ပြုမဲ့အနေထားရှိနေရင်တော့ ကြိုတင် ကာကွယ်မှုလုပ်ထားရမှာပေါ့။
တစ်စုံတစ်ယောက်ရဲ့ တစ်စုံတစ်ခုသော ကောင်းမြတ်မှုကိုကြည့်ပြီး တခြားသူတွေပါ
လိုက်ပါပျော်ရွှင်ကြလိမ့် မယ်။ဘာကိုပဲလုပ်လုပ် ကိုယ့်ရဲ့ အသိစိတ်ဓါတ်နဲ
့ဆင်ခြင်တုံတရားရဲ့ ညွှန်ကြားမှုကို လိုက်နာ ကျင့်သုံးဖို့ လိုပါတယ်။
တီအာဝိုင်
No comments:
Post a Comment