Thursday, July 4, 2013

အချစ်ဆိုတာ.............


လူတစ်ယောက်က ရှိတ်စပီးယားကို မေးတယ်။
''ဆရာက ကိုယ့်ထက်အသက်ကြီးတဲ့ မိန်းမကြီးကိုမှ ဘာဖြစ်လို့ 
လက်ထက်ရတာလဲ ဆရာရယ်...''
ရှိတ်စပီးယားက ပြက္ခဒိန်တစ်ခုကိုလက်ညိုထိုးပြရင်း ပြန် မေးလိုက်တယ်။
''တစ်ပတ်မှာ ခုနစ်ရက် ရှိတယ်ဗျာ...ဘယ်နေ့ က ငယ်ပြီး ဘယ်နေ့ က ကြီး
တယ်လို့ ခင်ဗျား ပြောလို့ ရမလား...စနေက တနင်္ဂနွေထက်မကြီးနိုင်သလို
တနင်္ဂနွေကလည်း စနေထက် မကြီးနိုင်ဘူးမဟုတ်လား...''
ပြီးတော့
''အချစ်ဆိုတာ နှလုံးသားကလာတာ..အသက်ကလာတာ မဟုတ်ဘူး..
အချစ်မှာ အသက်အရွယ်ဆိုတာမရှိဘူး..ကိုယ်လူ '' လို့ လဲ ဆက်ပြောလိုက်ပါသတဲ့။

နန်းရှင်

၀၁-၃၁-၂၀၁၃

No comments:

Post a Comment