Thursday, July 4, 2013

ကျေးဇူးကမ္ဘာ မြတ်ရတနာ



ကျနော်သေသွားပြီလား။အသက်ရှင်နေသေးတာ တကယ်မှ ဟုတ်ရဲ့ လားလို့ ကိုယ့်အသားကို ကိုယ်ပြန် ကုတ်ဖဲ့ကြည့်မိတယ်။ရှာကိုခပ်နာနာလေး ကိုက်ကြည့်လိုက်မိတယ်။သေခြာသွားပြီ။ကျနော် မသေသေးဘူးဆိုတာ။နယူးယောက်ပြည်နယ်ရဲ့ ဟိုင်းဝေးတစ်ခုမှာ ကျနော့် ကားဆီကို တခြားကားကလူတွေ သုံးလေးယောက်ရောက်လာပြီး။ဘယ်လိုနေလဲ ။အခြေနေ ကောင်းလား စသည် ဝိုင်းမေးကြသည်။ကျနော် ကိုယ့်ကိုယ်ကိုယ် တစ်ကိုယ်လုံး ပြန်သတိထားမိလိုက်ပြီး ။ပြန်ဖြေလိုက်တယ်......အာလုံးအဆင်ပြေတယ် ဘာဆိုဘာမဖြစ်ဘူးဆိုတဲ့ အကြောင်း ။လူကသာ ဘာမှမဖြစ်တာ။မောင်းလာတဲ့ ကားလေးကတော့ ဒရိုက်ဘာဘက်အခြမ်းက ကျနော်ထိုင်မောင်းနေတဲ့ နေရာလေးကလွဲပြီး တခြမ်းလုံး ရစရာမရှိအောင် ကြေမွသွားတယ်။
ညဘက်အလုပ်လုပ်နေကတည်းက စိတ်ထဲမှာ ဘာကိုစိုးရိမ်မှန်းမသိ စိုးရိမ်နေမိတယ်။ ရင်တထိတ်ထိတ်နဲ့ ဖြစ်နေတယ်။အဲ့သလို ဖြစ်တိုင်းလဲ ဂုဏ်တော်ကိုးပါး ဖြစ်ဖြစ် သမ္ဗုဒ္ဓေဂာထာကိုဖြစ်ဖြစ် တစ်ခုခုကို အာရုံပြု ရွတ်မိနေတတ်တယ်။ဘာရယ်မဟုတ်ပေမဲ့ ငယ်ငယ်ကတည်းက အမေသင်ပေးထားတာလေးတွေကို မမေ့ အောင်ရယ် ဘုရားတရား အာရုံပြုတာ စိတ်ငြိမ်တယ် အေးချမ်းတယ် ဆိုတဲ့ အသိတခုတည်းနဲ့ ရွတ်နေမိတာ။ ဒီနေ့ တော့ အဲ့ဒိ ကျေးဇူးတွေကို လက်တွေ့ ခံစားလိုက်ရတယ်လို့ လုံးဝယုံကြည်သွားပြီ။
ညဘက်အလုပ်လုပ်ပြီး မိုးလင်းလို့ အလုပ်သိမ်းပြီး အိမ်အပြန်လမ်းမှာ...ရု့တ်တရာက်း ကားစတီယာရင် က လုံးဝထိန်းချုပ်လို့ မရတော့ပဲ ကားတစီးလုံး လည်ထွက်သွားတာ။တခါမှလဲ မဖြစ်ဖူးတော့ ကြောင်အန်းအန်းနဲ့ အံ့အားသင့် ဘာလုပ်ရမည်မသိဖြစ်သွားတယ်။ပြီးတော့ ဟိုင်းဝေး အလယ်ခေါင်က သံတိုင်ကြီးကို ဝင်တိုက်လိုက်တယ်။စပိ လစ်မစ် (၇၀) နဲ့တိုက်တာ။ပီးတော့ ကားလမ်းပေါ်မှာ သုံးပါတ်လောက်လည်ပြီး ကားဖင်နဲ့ အဲ့ဒိသံတိုင်ကိုပဲ ပြန်ဝင်တိုက်တယ်။ကားတစ်စီးလုံး သုံးမရတော့ပေမဲ့ လူကတော့ အပွန်းအပဲလေးနဲ့ ထိပ်လန့် မှုအနည်းငယ်လေးတောင် မဖြစ်လိုက်ဘူး။ ရတနာသုံးပါးရဲ့ ကျေးဇူးလို့ ပဲ ရိုးရိုးလေး ဝန်ခံလိုက်ပါတယ်။

နန်းရှင်
၎၊၁၊၂၀၁၃။

No comments:

Post a Comment