သဲကန္တာရ ခရီးကြမ်းတစ်ခုကို သူငယ်ချင်းနှစ်ဦး အတူသွားနေကြတယ်။ တနေရာ အရောက်မှာ စကားများပြီး ရန်ဖြစ်ကြတယ်။ တစ်ယောက်က တခြားတစ်ယောက်ကို ပါးရိုက်လိုက်တယ်။ အရိုက်ခံလိုက်ရတဲ့သူက နာကျင် သွားပေမဲ့ ဘာမှဆက်မပြောတော့ပဲ သဲထဲမှာ စာတစ်ကြောင်းချရေးလိုက်တယ်။
“ဒီနေ့ အကောင်းဆုံးမိတ်ဆွေတစ်ယောက်က
ကျွန်တော့်ပါးကိုရိုက်တယ်” လို့ ။
ဒီလိုနဲ့ သူတို
့ရေချိုးဖို့ အတွက်အကောင်းဆုံးနေရာတစ်ခုကို မရောက်မချင်း ဆက်လက်လျှောက်လှမ်းလာခဲ့တယ်။ တစ်နေရာအရောက်မှာ
ပါးအရိုက်ခံရတဲ့သူက ရွှံ့ ဗွက်အိုင်တစ်ခုကို တက်နင်းမိပြီး နစ်တော့မလိုဖြစ်သွား တယ်။
အဲ့ဒိအချိန်မှာ သူ့ သူငယ်ချင်းက ကယ်တင်လိုက်တယ်။ နွံနစ်လုဆဲအခြေနေကနေ လွတ်မြောက်သွားပြီးတဲ့
အခါမှာ ကျောက်တုံးတစ်တုံးပေါ်မှာ စာတစ်ကြောင်း ထက်ရေးလိုက်ပြန်တယ်။
“ ဒီနေ့ အကောင်းဆုံးမိတ်ဆွေတစ်ယောက်က
ကျွန်တော့်ရဲ့အသက်ကို ကယ်တင်လိုက်တယ်” လို့ ။
သူ့ ကိုပါးလဲရိုက် အသက်လဲကယ်လိုက်တဲ့ သူငယ်ချင်းက “ ကျွန်တော်ခင်ဗျားကိုပါးရိုက်တဲ့ အချိန်တုန်းက သဲပေါ်မှာ စာတန်းထိုးတယ်၊အခုအသက်ကို ကယ်လိုက်တဲ့အချိန်မှာ စာတမ်းကို ကျောက်သားပြင်ပေါ်မှာ ထိုး တယ်၊ဘာဖြစ်လို့ အဲ့သလို လုပ်ရတာလဲ ” လို့ မေးတယ်။
တစုံတယောက်က
ကျွန်တော်တို့ ကို နာကျင်အောင် လုပ်လာတဲ့အခါမှာ လေတိုက်ပြီးလွင့်ထွက်သွားတာနဲ့  ပျောက်ပြယ်သွားနိုင်တဲ့
သဲပေါ်မှာပဲ ရေးချလိုက်သင့်တယ်၊ဒါပေမဲ့ ကျွန်တော်တို့ အပေါ်ကောင်းမွန်တဲ့ သူတွေ၊ေ
ကျေးဇူးရှိတဲ့သူတွေကိုတော့
လေတိုက်လို့ မပျောက်ပြယ်သွားနိုင်တဲ့ ကျောက်သားပြင်ပေါ်မှာ ကမ္ဗည်းတင် ရေး ထိုးထားသင့်တယ်။
သင့်ရဲ့နှလုံးသားမှာလဲ
ဘယ်အရာက သဲလိုရေးမှတ်ပြီး ဘယ်အရာက ကျောက်သားပြင်မှာလို ကမ္ဗည်းထိုးမှတ် တမ်းတင်ထားသင့်တယ်
ဆိုတာကို ခွဲခြားမှတ်သားဖို့ မမေ့ပါနဲ့ ။
တီအာဝိုင်
6/22/2013
No comments:
Post a Comment