ကောင်မလေး ။ ။နင်ဆေးလိပ်သောက်လား။
ကောင်းလေး ။ ။ သောက်တယ်။
ကောင်မလေး ။ ။တစ်နေ့ ဘယ်နှစ်ဘူး သောက်လဲ။
ကောင်လေး ။ ။သုံးဘူး။
ကောင်မလေး ။ ။တစ်ဘူးဘယ်လောက်ကျလဲ။
ကောင်လေး ။ ။ ဆယ်ဒေါ်လာ။
ကောင်မလေး ။ ။နင်ဆေးလိပ်သောက်တာ ဘယ်လောက်ကြာပြီလဲ။
ကောင်လေး ။ ။ ဆယ့်ငါးနှစ်။
ကောင်မလေး ။ ။ဆယ်ဒေါ်လာတန် ဆေးလိပ်ကို တစ်နေ့ မှာ
သုံးဘူးသောက်တယ်ဆိုရင်တစ်
လမှာ ကိုးရာ။တစ်နှစ်ဆိုရင် တစ်သောင်းနဲ့ ရှစ်ရာကုန်မယ်။ ဟုတ်လား။
ကောင်လေး ။ ။ဟုတ်တယ်လေ။
ကောင်မလေး ။ ။အခုနင်သောက်တာ ဆယ့်ငါးနှစ်ရှိပြီဆိုတော့ တစ်သိန်းခြောက်သောင်းနဲ့ နှစ်
ထောင် ကုန်သွားပြီ။အဲ့ဒါရော ဟုတ်လား။
ကောင်လေး ။ ။ဟုတ်တယ်။
ကောင်မလေး ။ ။နင်သာ အဲ့ဒိပိုက်ဆံတွေကို ဆေးလိပ်မသောက်ပဲ စုထားခဲ့မယ်ဆိုရင်
အိမ်ကောင်းကောင်း တစ်လုံးဝယ်လို့ ရနေပြီဆိုတာကို သိရဲ့ လား။
ကောင်လေး ။ ။သိပါတယ်။
ကောင်လေး ။ ။နင်ရော ဆေးလိပ်သောက်လား။
ကောင်မလေး ။ ။မသောက်ဘူး။
ကောင်လေး ။ ။ဒါဆိုရင် ဘယ်မှာလဲ နင့်အိမ်။
ကောင်မလေးစိတ်ကောက်သွားတယ်။
ပြီးခဲ့တဲ့တစ်ရက် နှစ်ရက်လောက်ကလဲ ကောင်မလေးက အဲ့ဒိလိုပဲ စိတ်ကောက် သွားတဲ့ ဖြစ်ရပ်နှစ်ခုဖြစ်ခဲ့ပြီးပြီ။
ကောင်မလေးက ဖုန်းခေါ်တဲ့ အချိန်မှာ ကောင်လေးက စားသောက်ဆိုင်မှာ တစ်ခုခု စားနေတယ်။
အဲ့ဒါ သူ့ ကိုမခေါ်ရပါ့မလားဆိုပြီး နောက်နင်ဘာပဲလုပ်လုပ် ငါ့ကိုအမှတ်ရပါ ခေါ်ပါလို့  ဒေါနဲ့ မောနဲ့ ပြောပြီး ဖုန်းချသွားတယ်။
နောက်နေ့ မှာ ကောင်းလေးက ကောင်မလေးရဲ့ စကားအတိုင်း မှတ်မှတ်ရရ တန်ဖိုးထားတဲ့အနေနဲ့ ဖုန်းဆက်ပြောတယ်။
ကောင်မလေး ငါရေချိုးနေတယ်...ငါနဲ့ အတူလာချိုးပါလား...ကောင်မလေး စိတ်ကောက်သွားပြန်တယ်။
တီ အာ ဝိုင်
No comments:
Post a Comment