Saturday, July 27, 2013

ဟာသ

စိတ်ရောဂါကု ဆေးရုံကြီးတစ်ခုမှာ လူတစ်ယောက်က ကျောက်တုန်းနှစ်တုန်းကို နားနှစ်ဖတ်မှာ တပ်ထားတယ်။အဲ့ဒါကို ဆရာဝန်က မြင်သွားပြီး ကိုယ့်လူဘာတွေလုပ်နေတာလဲလို့ မေးလိုက်တယ်။
၎င်းကပြန်ဖြေတယ်ROCK MUSIC ကိုခံစားနေတာလေ တဲ့။




အသက်ကြီးကြီးမိန်းမကြီးတစ်ဦဟာ အပျော်စီးသင်္ဘောကြီးပေါ်က သံတိုင်ပေါ်မှာ ရပ်နေတယ်။
လက်နှစ်ဘက်ကတော့ သူဆောင်းထားတဲ့ကို လေထဲကို လွင့်ထွက်မသွားအောင် တင်းတင်း
ကြပ်ကြပ်ဆုတ်ကိုင်ထားတယ်။
သူ့ ကိုလှမ်းမြင်လိုက်တဲ့ လူတစ်ယောက်က အနားရောက်လာပြီး '' ဒီမှာဗျို့ ဒီမှာ ..ကျွန်တော့်အနေ နဲ့ ဒီအနားထိအရောက်လာဖို့ ရည်ရွယ်ချက်မရှိပါဘူး..ခင်ဗျား
ရဲ့ အောက်ပိုင်းအဝတ်တွေက လေတိုက်ပြီး အပေါ်ကိုလန်တက်နေပြီဆိုတာကို ပြောချင်လို့ ပါ'' လှမ်းအော်ပြောလိုက်တယ်။
မိန်းမကြီးကလည်း '' ကျွန်မသိပါတယ် ဒါပေမဲ့ ကျွန်မရဲ့ ဦးထုတ်က လက်နှစ်ဘက်စလုံးနဲ့ ကိုင်ထားမှ ဖြစ်မှာ မို့ လို့ ပါရှင်'' လို့ ပြန်အော်ပြောတယ်။
''ဟုတ်တော့်ဟုတ်ပါတယ်ဗျာ...ဒါပေမဲ့ ခင်ဗျားရဲ့ အဝှာတွေ အကုန်လုံးပေါ်နေပြီဆိုတာကို ခင်ဗျား သတိမထားတော့ဘူးလားလို့ '' ပြန်မေးတယ်။
အဲ့ဒိအချိန်မှာ အမျိုးသမီးကြီးက သူ့ ကိုသူ အောက်တစ်ချက်ငုံ့ ကြီးပြီး ပြန်အော်ပြောလိုက်တယ်။
''ဟုတ်ပါတယ်ရှင်...ဒါပေမဲ့ ရှင်မြင်နေရတဲ့ဟာက နှစ်ပေါင်းရှစ်ကျော်ကတည်းက ရှိခဲ့တာဆိုတော့ အရမ်းကို ဟောင်းနွမ်းနေပါပြီ၊ကျွန်မကိုင်ထားတဲ့ ဦးထုပ်က မနေ့ ကမှ ဝယ်ထားတဲ့ အသစ်စက်စက်လေးရှင့်..''



ဇနီးသည်ဖြစ်သူက သူ့ ခင်ပွန်းကို လက်ကိုင်ဒယ်အိုးနဲ့ လှမ်းပေါက်လိုက်တယ်။
ခင်ပွန်း။      ။ဟာ...မင်းဒါဘာလုပ်တာလဲ...။
ဇနီး    ။      ။ရှင့် အိတ်ကပ်ထဲမှာ ဂျင်နီဆိုတဲ့ နာမည်နဲ့ စာတစ်ဆောင်တွေ့ လို့ ။
ခင်ပွန်း။      ။ မနေ့ က ငါမြင်းပြိုင်ပွဲတစ်ခုကိုသွားခဲ့တယ်...အဲ့ဒိဂျင်နီဆိုတာ ငါဝင်ပြိုင်တဲ့ မြင်းရဲ့ 
                 နာမည် ဟ။
ဇနီး     ။     ။အို့ ...စောရီး ပါနော်။

                 နောက်တစ်နေ့ မှာ ဇနီးသည်က ဒယ်အိုးနဲ့ ထပ်ပေါက်ပြန်တယ်။
ခင်ပွန်း ။      ။ ဘာဖြစ်ရပြန်ပြီလဲ ဟ။
ဇနီး     ။       ။ရှင်မြင်းမက အခုရှင့်ကို ဖုန်းခေါ်နေပြီလေ။

တီအာဝိုင်
6/8/2013

No comments:

Post a Comment