Saturday, July 27, 2013

ကိုယ်ကျင့်တရား

 အမျိုးသီးကြီးတစ်ဦးဟာ မိသားစုဝင်များအတွက် နေ့ စဉ်ပေါင်မုန့် ဖုတ်လေ့ရှိတယ်။အဲ့သလိုဖုတ်တဲ့ အခါတိုင်းမှာ လည်းလမ်းသွားလမ်းလာစာလောင်မွတ်သိပ်သူများအတွက် တစ်ခုတစ်ခု ပိုပြီးဖုတ်တယ်။ အပိုဖုတ်ထားတဲ့ ပေါင်မုန့် ကိုလည်း လိုချင်တဲ့သူများ ယူနိုင်ရန်အတွက် ပြူတင်းတံခါးဘောင်ပေါ်မှာ တင်တင်ထားတယ်။ နေ့ စဉ်အဲ့ဒိ အမျိုးသမီးကြီးထားထားတဲ့ ပေါင်မုန့် တွေကို ခါးကုန်ကြီးတစ်ဦးကလာလာယူတယ်။ 
ခါးကုန်းကြီးက နေ့ စဉ်ပေါင်မုန့် တစ်လုံးတစ်လုံး လာယူနေပေမဲ့ ကျေးဇူးတင်စကားတစ်ခါမှ မပြောတဲ့  အပြင် ““စိတ်ယုတ်မွေးရင် အကျိုးပေးယုတ်မယ်၊စိတ်ကောင်းမွေးရင် အကျိုးပေးကောင်းမယ်” လို့ သာပြောလေ့ ရှိတယ်။ ခါးကုန်းကြီးက နေ့ ပေါင်းများစွာ လပေါင်းများစွာ အဲ့ဒိစကားတွေကိုသာ ပြောဆိုနေတဲ့အတွက် မိန်းမ ကြီးကလည်း ဒီခါးကုန်းကြီးက ကျေးဇူးမဲ့တဲ့စကားတွေပဲလာလာပြောနေတယ်လို့ တွက်ပြီး စိတ်ဆိုးလာတယ်။
ဒီခါးကုန်းကြီးဟာ နေ့ တိုင်း“စိတ်ယုတ်မွေးရင် အကျိုးပေးယုတ်မယ်၊စိတ်ကောင်းမွေးရင်   အကျိုးပေးကောင်းမယ် ”လို့  ပြောဆိုနေတယ်၊ဘာအဓိပ္ပါယ်နဲ့ ပြောတာလဲ မသိဘူးလို့ လဲ တွေးတောလာတယ်။


တစ်နေ့ မှာတော့ ဒီလောက်တောင်ငါ့ကို စိတ်အနှောက်အယှက်ဖြစ်အောင်လုပ်နေတဲ့ ခါးကုန်းကြီးကို နောက်မပြောနိုင် အောင်လုပ်မှဖြစ်တော့မယ်လို့ ဆုံးဖြတ်လိုက်ပြီး အပိုဖုတ်တဲ့ ပေါင်မုန့် ထဲမှာ အဆိပ်ထည့်ပြီးဖုတ်လိုက်တယ်။  ပြီးတော့ အဆိပ်ပါတဲ့ပေါင်မုန့် ကို တုန်ယင်နေတဲ့လက်တွေနဲ့  ပြူတင်းပေါက်ဘောင်ပေါ်မှာ သွားတင်ထားလိုက် တယ်။ ခဏနေမှ ငါဘာတွေလျှောက်လုပ်မိပါလိမ့်..ငါသူများအပေါ်မကောင်းတာတွေ လျှောက်လုပ်နေတယ်နဲ့  တူတယ် လို့ တွေးပြီး အဆိပ်ပါတဲ့ ပေါင်မုန့် ကိုအမှိုက်ပုန်းထဲ လွှင့်ပြစ်လိုက်တယ်။ပြီးတော့ အဆိပ်မပါတဲ့ ပေါင်မုန့် အကောင်းတစ်လုံးကို ပြန်ထားလိုက်တယ်။မကြာခင်မှာပဲ ခါးကုန်းကြီးရောက်လာတယ်။ပုံမှန်အတိုင်းပဲ“စိတ်ယုတ်မွေးရင် အကျိုးပေးယုတ်မယ်၊စိတ်ကောင်းမွေး
ရင်အကျိုးပေးကောင်းမယ်”လို့ ရွေရွတ်ပြီး ကြည့်နေ တဲ့အမျိုးသမီး ကြီးအနေနဲ့ စိတ်ထဲမှာ ဘာတွေဖြစ်နေလိမ့်မယ်ဆိုတာကိုတောင် လုံးဝဂရုမစိုက်တဲ့ ဟန်နဲ့ ထွက်ခွါသွားတယ်။
 သူ့ အနေဲ့ ပေါင်မုန့် အပိုဖုတ်ပြီး ပြူတင်းပေါက် ဘောင်ပေါ်မှာ ထားနေကျအတိုင်း ထားလိုက်ခြင်းဟာ နေ့ စဉ်လုပ်ငန်းဖြစ်သလို ၊ဘဝရှေးရေးအတွက် အဝေးတစ်နေရာမှာရုန်းကန်လှုပ်ရှားနေတဲ့ သားအတွက်လည်း ဓမ္မဆရာများကို ပင်ဖိတ်ပြီး ဘေးမသီရန်မခပဲ ဘဝခရီးကြမ်းကိုအောင်မြင်စွာလျှောက်လှမ်းနိုင်ဖို့ အတွက်ဆု 
တောင်းမေတ္တာတွေ ပို့ သခြင်းဟာလဲ သူ့ ရဲ့ နေ့ စဉ်လုပ်ငန်းတစ်ခုသာဖြစ်တယ်။
ဒါပေမဲ့ သူ့ သားဆီကလည်း လပေါင်းမျာစွာ စာမလာသတင်းမကြား ပဲဖြစ်နေခဲ့တယ်။ အဲ့ဒိညနေမှာပဲ အိမ်တံခါးလာခေါက်တဲ့အသံကိုကြားလိုက်ရလို့ သွားဖွင့်ပေးလိုက်တဲ့အချိန်မှာ အိမ်တံခါးဝမှာ ရပ်နေတဲ့သူ့ သားကို အံ့စွာနဲ့ တွေ့ လိုက်ရတယ်။ သူ့ သားက အရင်လို ဆူဆူဖြိုးဖြိုး သန့် သန့် ပြန့် ပြန့်  မဟုတ်တော့ပဲ အရိုးနဲ့ အရေသာကျန်လောက်တဲ့အထိပိန်လှီပြီး အဝတ်အစားတွေကလည်း စုတ်ပျက်ညစ်ပေ နေတယ်။ ပြီးတော့ အလွန်တရာ ငတ်မွတ်စာလောင်ပြီးတော့ အားကလဲနည်းနေသေးတယ်။ သားက မိခင်ကို မြင်တဲ့အခါမှာ “ မေမေ သားလေ..အတော်လေးကို ကံကောင်းလို့ ဒီကိုပြန်ရောက်လာတာ..သားလေ…. ဒီကိုမရောက်ခင်တစ်မိုင်လောက်အလိုမှာ အစာရေစာတွေငတ်ပျက်ပြီး ပြစ်ပါလဲတယ် မေမေ…

သားအဖြစ်အပျက်က သေမယ်ဆိုသေလောက်တဲ့ အခြေအနေမှာရှိတယ်၊ဒါပေမဲ့ အဲ့ဒိအချိန်မှာ အသက်ကြီးကြီးခါးကုန်းကြီးတစ်ဦး ရောက်လာပြီးသားကိုကယ်တင်ခဲ့တယ်…သူ့ ဆီမှာပဲ ပေါင်မုန့် လေးတစ် လုပ်စာလောက်ပေးသနားပါလားခင်ဗျာဆိုပြီး အသနားခံ တောင်းစားခဲ့ရတယ် မေမေရယ် …သူကလဲ အကြင်နာတရားပြည့်ဝတဲ့သူဖြစ်နေတော့ သူ့ မှာရှိတဲ့ ပေါင်မုန့် တစ်လုံးလုံးကို သားကိုကြွေးခဲ့ တယ်…ပြီးတော့ သူကပြောသေးတယ်..နေ့ တိုင်းနေ့ တိုင်း တစ်နေ့ စာအတွက် ငါ့မှာ စားစရာဆိုလို့ ဒီပေါင်မုန့် လေးတစ်လုံးပဲ ရှိတာကွ…ဒါပေမဲ့ ဒီပေါင်မုန့် ကိုငါစားတာ ထက်စာရင် မင်းစားတာက ပိုပြီးတော့ အကျိုးရှိနိုင်တဲ့အတွက် ငါမင်းကိုပေးလိုက်မယ် လို့ လဲပြောတယ်..မေမေ”  လို့  ငိုကြီးချက်မချပြီးပြောပြရှာတယ်။
သားဖြစ်သူရဲ့ စကားကို မိခင်ကကြားတဲ့အချိန်မှာ မျက်နှာတစ်ခုလုံး ဖြူဖတ်ဖြူရော်ဖြစ်သွားတယ်။ ပြီးတော့ သူ့ သားကို တွဲပြီး အိမ်ထဲခေါ်သွားတယ်။ သူမနက်က အဆိပ်ထည့် စိတ်ယုတ်မွေးရင် အကျိုးပေးယုတ်မယ်၊စိတ်ကောင်းမွေးရင် အကျိုးပေးကောင်းမယ် ဆိုပြီးဖုတ်လိုက်တဲ့ ပေါင်မုန့် ကိုလည်း အမှတ် ရနေမိတယ်၊တကယ်လို့ သာသူ့ အနေနဲ့ အဲ့ဒိအဆိပ်ခပ်ထားတဲ့ ပေါင်မုန့် ကို မလွှင့်ပြစ်မိခဲ့ရင် အဲ့ဒိပေါင်မုန့် ကို သူ့ သားကိုယ်တိုင် ပြန်စားမိမှာ ဖြစ်တယ်လို့ လဲ တွေးမိသွားတယ်။ အဲ့ဒိနောက်ပိုင်းမှာတော့ ခါးကုန်းအိုကြီး ပြောပြောနေတဲ့ “စိတ်ယုတ်မွေးရင် အကျိုးပေး ယုတ်မယ်၊ စိတ်ကောင်းမွေးရင် အကျိုးပေးကောင်းမယ် “ ဆိုတဲ့ စကားရဲ့ အဓိပ္ပါယ်ကို နက်နက်ရှိုင်းရှိုင်းသဘောပေါက် နားလည်သွားပါတော့တယ်

မှတ်ဖွယ်။    ။အရာရာကို စိတ်ကောင်းထားပြီးလုပ်ပါ၊ကိုယ့်လုပ်ရပ်အပေါ်ဘယ်သူကမှ အကောင်းမမြင် ကျေးဇူး မတင်ကြဘူးဆိုရင်တောင်မှ စိတ်ကောင်းမွေးပြီးလုပ်တဲ့ အကျင့်ကို ဘယ်တော့မှ မဖျောက်ဖျက်ပြစ်ပါနဲ့ ။

တီအာဝိုင်
6/12/2013

No comments:

Post a Comment