ဒီနေ့ ဟာ ဆေးရုံမှာ မေ့မျောနေတဲ့ သူ့ ဆီကို ၁၂၇ရက်မြောက် တရက်မှမခြားပဲသွားခဲ့တဲ့နေ့ ဖြစ်တယ်။ ဒါပေမဲ့ ညတုန်းက သူဆုံးသွားပြီလို့ အိပ်မက်မက်ပြီးလန့် နိုးလာတယ်။ဒါကြောင့် တစ်မနက်လုံး ကျွန်တော်ငိုနေရတယ်။သေဆုံးသွားပြီဖြစ်တဲ့
သူ့ ရဲ့ အလောင်းကို ဆေးရုံမှာ သွားကြည့်ဖို့ တောင်
ကားမမောင်းနိုင်ခဲ့ဘူး။ဒီလိုနဲ့ အိပ်ယာထဲမှာပဲ မျက်နှာချက်ကိုငေးမောပြီး
လူးလှိမ့်နေလိုက်တယ်။သူမရှိဘဲ ဆက်လက်ရှင်သန်ရမဲ့
ကျွန်တော့်ဘဝရဲ့လက်ကျန်အချိန်တွေကို ဘယ်လိုဖြတ်သန်းရမလဲ ဆိုတာ ကို တွေးပြီး တော့လဲ ရင်ကွဲပက်လက်ဖြစ်နေမိတယ်။ ခဏနေတော့ဖုန်းတစ်လုံးဝင်လာတယ်။ကောက်ကိုင်လိုက်တဲ့အချိန်မှာ သူဖြစ်နေတယ်။
No comments:
Post a Comment