Saturday, July 27, 2013

အသိတရား


တစ်နေ့ မှာ ပစ္စည်းဥစ္စာကြွယ်ဝတဲ့ လူတစ်ယောက်ကတခြားမိသားစုတွေ
ဘယ်လောက်ထိဆင်းရဲ ဒုက္ခရောက် တယ်ဆိုတာသူ့ သားလေးကို ပြချင်တဲ့အတွက် ခရီးတစ်ခုထွက်ခဲ့တယ်။ သားအဖနှစ်ဦးဟာ အလွန်ဆင်းရဲတဲ့ လယ်တောလေးတွေကို လျှောက်သွားပြီး အချိန်အတော်ကြာကြာ ဖြုန်းခဲ့ကြတယ်။ အိမ်အပြန်လမ်းမှာ အဖေက “ သား..လူတွေဘယ်လောက်ဆင်းရဲကြတယ်ဆိုတာကို မြင်ခဲ့တယ်မဟုတ်လား…သားဘာတွေလေ့လာခဲ့လဲ ” လို့ မေးလိုက်တယ်။
သားငယ်လေးက “ သားတို့ မှာ ခွေးတစ်ကောင်ပဲရှိတယ်၊သူတို့ မှာ လေးကောင်ရှိတယ်။
သားတို့ မှာ ရေကူးကန် ရှိတယ်၊သူတို့ မှာမြစ်ကြီးရှိတယ်။သားတို့ မှာ ညဘက်ထွန်းညှိဖို့ မီးအိမ်ရှိတယ်၊သူတို့ မှာ ကြယ်တွေရှိတယ်။ သားတို့ မှာ သားတိုကို ပတ်ပတ်လည် ကာရံထားတဲ့ အိမ်နံရံတွေရှိတယ်၊သူတို့ မှာ သူငယ်ချင်းမိတ်ဆွေတွေ ရှိတယ်။သားတို့ မှာ စွယ်စုံကြမ်းတွေရှိတယ်၊သူတို့ မှာသမ္မာကျမ်းစာအုပ်ရှိတယ်..လို့ ပြောပြီးလမ်းဆက်လျှောက်
ခဲ့ကြ တယ်။ ခဏနေတော့သားငယ်လေးက ဆက်ပြောတယ်…”သားတို့ ဘယ်လောက်တောင် ဆင်းရဲတယ်ဆို
တာကို သင်ကြားပြသပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် အဖေ ”တဲ့။
ပိုက်ဆံက လူတွေကိုတကယ်ချမ်းသာစေတာမဟုတ်ဘူး။ဘဝမှာ ဘုရားသခင်(သို့ )သဘာဝရဲ့ အလှတရားတွေကို ပိုင်ဆိုင်ခြင်းကသာလျှင် တကယ့်ချမ်းသာကိုပေးစပ်နိုင်တာဖြစ်တယ်။
တီအာဝိုင်
6/21/2013

No comments:

Post a Comment