Saturday, July 27, 2013

မိန်းမ နဲ့  ယောင်္ကျား ဘယ်သူအရင်ဖြစ်သလဲ


တစ်နေ့ သောအခါတွင် ဧဒင်ဥယျာဉ်ကြီးထဲမှာ တစ်ယောက်တည်း ပြင်းရိငြီးငွေ့ ခြင်းကိုခံစားနေရတဲ့ ဧဝ က ဘုရားသခင်ကိုတိုင်တည်ပြီးတော့ “အို အဖဘုရားသခင် သမီးမှာ အဆင်မပြေမှုတွေရှိနေပါတယ်၊ သနားသော အားဖြင့် ကူညီဆောင်မတော်မူပါ” လို့ တိုင်တည်ပြောဆိုလိုက်တယ်။ ဘုရားသခင်က ချစ်သမီး ဧဝ သင့်အတွက် ဘာတွေများ အဆင်မပြေဖြစ်နေရတာလဲ၊ငါဘုရားကို ရှင်းရှင်းလင်းလင်း တင်လျှောက်စမ်းကွယ် ”ထာဝရဘုရား သခင်က ပြန်လည်မိန်ကြားလိုက်တယ်။
“မှန်လှပါဘုရားသခင် အရှင်ဟာ သမီးတော်ကို ဖန်ဆင်းတော်မူတယ်၊ပြီးတော့ ဒီလိုလှပြီး ဂုဏ်ကျက်သရေအ ပေါင်းနဲ့ ပြည့်စုံတဲ့ ဥယျာဉ်ကြီးကိုလဲ လက်ဆောင်အဖြစ်ပေးသနားတော်မူခဲ့တယ်၊ချစ်ခင်စရာအံ့သြစရာအတိပြီး တဲ့သတွါတွေကိုလဲ ပေးသနားတော်မူပြန်တယ်၊အတူတကွချစ်ခင်ပျော်မြူးဖွယ်ရာ မွေသတွာတွေကိုလဲ ဖန်ဆင်း ပေးခဲ့ပါတယ်၊ဒါပေမဲ့ သမီးတော်အနေနဲ့ ပျော်ရွှင်မှုကိုလုံးဝမရရှိနိုင်ဘူးဖြစ်နေပါတယ် အဖဘုရားသခင်” လျှောက်ထားလိုက်တယ်။
“ ဘယ်လို့ ကြောင့် ပျင်းရိငြီးငွေ့ ရတာလဲ သမီးတော် ဧဝရဲ့ ” လို့ အထက်ကောင်းကင်ယံမှ အသံနဲ့ အတူပြန် လည်မေးမြန်းတော်မူတယ်။
“အိုအဖဘုရား သမီးတော်အတွက် တစ်ယောက်တည်းနေရတာမို့ အရမ်းနဲ့ ကို အထီးကျန်ဆန်သလို ခံစား နေရပါတယ်..ပြီးတော့ စားမရပြုမရတဲ့ ပန်းသီးတွေကိုလဲ မကြည့်ချင်လောက်အောင်ကို မုန်းတီး ငြီးငွေ့ နေပါပြီ အဖဘုရား သခင်”
“ ကောင်းပြီချစ်သမီး ….အဲ့ဒီအတွက် ဖြေရှင်းပေးဖို့ နည်းလမ်း ငါဘုရားမှာ ရှိတယ်..အဲ့ဒိတော့ သမီးတော် အတွက် ယောက်ျားဆိုတဲ့ လူသားတစ်ဦးကို ဖန်ဆင်းပေးတော်မူမယ်”
“ယောက်ျားဆိုတာ ဘယ်လိုသတွာမျိုးလဲ အဖဘုရားသခင်”
“ယောက်ျားဆိုတာ အားနည်းချက်တွေအများကြီးရှိတဲ့သတွါတစ်မျိုးပေါ့ သမီးရယ်…အလွန်ဆိုးရွားတဲ့ ကျန်အင် လက္ခဏာတွေနဲ့ ပြည့်စုံတယ်၊ သူဟာ လိမ်လည်မှုတွေကို ကျူးလွန်လိမ့်မယ်၊ လှည့်စားမှုတွေကို ပြုလုပ်လိမ့် မယ်၊သူ့ ကိုသူမာန်တက်ထောင်လွှားပြီးတော့ လေတစ်လုံးမိုးတစ်လုံး ပြောဆိုလိမ့်မယ်
၊ခြုံပြီးပြောရမယ်ဆိုရင် သူဟာ သမီးကိုအမြဲတန်း စိတ်ညစ်အောင်လုပ်လိမ့်မယ်၊ဒါပေမဲ့ သူဟာ သမီးထက်သန်မာထွားကြိုင်းမယ် ၊မြန် မြန်ဆန်ဆန် သွားလာလှုပ်ရှားနိုင်လိမ့်မယ်၊သူဟာ တောကောင်တွေကို ဖန်းဆီး သက်ဖြတ်ရတဲ့ အလုပ်ကို ခုံမင် လိမ့်မယ်၊သူသက်ဝင်လှုပ်ရှားချိန်ကစပြီး ဂျစ်ကန်ကန်ပေကပ်ကပ် ပုံပေါက်နေလိမ့်မယ်၊ ဒါပေမဲ့ သမီးတော်က တောင်းဆိုနေတယ်ဆိုမှတော့ …ငါဘုရားအနေနဲ့ ဖန်ဆင်းပေးတော်မူပါ့မယ်...မည်သို့ ပင်ဆိုစေ သူဟာ သမီး တော်ရဲ့ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို ကျေနပ်နှစ်သိမ့်ပေးနိုင်မဲ့ သတွါတစ်ဦးလဲ ဖြစ်တယ်၊သူဟာ သမီး ထက်အသိဥာဏ်ပညာ နိမ့်ပါးသူဖြစ်လိမ့်မယ်၊ ကလေးဆန်ဆန်ပျော်ပါးမြူးတူးပြီးတော့ တိုက်ခိုက်ရတာမျိုးကို ကြိုက်နှစ်သက်လိမ့်မယ်၊ကစားတာတောင် ကန်ကြောက်ပြေးလွှားကစားရတဲ့ ဘောလုံးပွဲလို အားကစားမျိုးကို ပိုမိုကြိုက်နှစ်သက်လိမ့်မယ်၊သူဟာ စမာက်ကျကျ သူတစ်ယောက်မဟုတ်တဲ့ အတွက် များသောအားဖြင့် သမီး ဆီက အကြံကောင်းဥာဏ်ကောင်းတွေကို ရယူဖို့ လိုလိမ့်မယ် ချစ်သမီး”
ဘုရားသခင်ရဲ့ စကားအဆုံးမှာ ဧဝက အရမ်းပျော်သွားပြီး “ဟာ ..အဲ့သလိုဆိုကောင်းတာပေါ့ အဖဘုရားသခင်သူကို ဘယ်ကနေ ဘယ်လိုရနိုင်မလဲ” လို့ လျှောက်ထားလိုက်တယ်။
“ အဲ့ဒိအတွက် မပူပါနဲ့ ငါဘုရားဖန်ဆင်းပေးပါ့မယ်…ဒါပေမဲ့ သမီးအနေနဲ့ သတိထားရမဲ့ အချက်တစ်ချက်တော့ ရှိတယ် ”
“ဘာများလဲ အဖဘုရားသခင်၊အဖဘုရားရဲ့ အလိုတော်ကျ သမီးတော် လိုက်နာဆောင်ရွက်ပါ့မယ်”
“ သမီးတော်ကို အဖဘုရားမိန့် ခဲ့ပြီးတဲ့ အတိုင်းပါပဲ..သူဟာ သူ့ ကိုသူ အရမ်းအထင်ကြီးနေလိမ့်မယ်၊ မာန်တက် ပြီးစိတ်ကြီးဝင်နေလိမ့်မယ်၊သူ့ ကိုသူ အရမ်းအလေးအမြတ်ပြုပြီး နထင်သွေးရောက်နေလိမ့်မယ်၊အဲ့ဒိအတွက်ကြောင့် သမီးတော်နဲ့ သူနှစ်ယောက်မှာ ..သူ့ ကို အရင်ဖန်ဆင်းထားတယ်လို့ အထင်ရောက်နေပါစေ၊ဒါပေမဲ့အဲ့ဒါဟာအဖေနဲ့ 
သမီးနှစ်ယောက်တည်းသိတဲ့ထိပ်တန်းလျှို့ ဝှက်ချက်ဆိုတာကိုဘယ်တော့မှမမေ့ပါနဲ့ ၊မိန်းမအချင်းချင်းပဲ လက်ဆင်းကန်း အသိပေးရမယ်နော်..” လို့ မိန့် ကြားခဲ့ပါတယ်။
တီအာဝိုင်
7/9/1913


Bill
I'm glad we've got that one straight.
And this is the story of how the secret got out.
Ulla
--
The truth about man One day in the Garden of Eden, Eve calls out to God.
"Lord, I have a problem!"
"What's the problem, Eve?"
"Lord, I know you created me and provided this beautiful garden and all of these wonderful animals and that hilarious comedic snake, but I'm just not happy."
"Why is that, Eve?" came the reply from above.
"Lord, I am lonely, and I'm sick to death of apples."
"Well Eve, in that case, I have a solution. I shall create a man for you."
"What's a man, Lord?"
"This man will be a flawed creature, with many bad traits. He'll lie, cheat, and be vainglorious; all in all, he'll give you a hard time. But... he'll be bigger, faster, and will like to hunt and kill things. He will look silly when he's aroused, but since you've been complaining, I'll create him in such a way that he will satisfy your physical needs. He will be witless and will revel in childish things like fighting and kicking a ball about. He won't be too smart, so he'll also need your advice to think properly."
"Sounds great." says Eve, with an ironically raised eyebrow. What's the catch, Lord?"
"Well... you can have him on one condition."
"What's that, Lord?"
"As I said, he'll be proud, arrogant, and self-admiring... So you'll have to let him believe that I made him first. But remember, it's our little secret... You know, woman to woman."

No comments:

Post a Comment