အဲ့ဒိညက ကျွန်တော်အိမ်ပြန်ရောက်တဲ့အချိန်မှာ သူကညစာအတွက် အဆင်သင့်ပြင်ထားပြီးပြီ။ ကျွန်တော် သူ့  လက်ကိုဆွဲပြီး ငါမင်းကို ပြောစရာရှိတယ်လို့ ပြောလိုက်တယ်။ သူကတော့ ဘာမှပြန်မပြောဘဲ ထမင်း စား စားပွဲ မှာထိုင်လိုက်ပြီးစားစရာရှိတာစားနေလိုက်တယ်။ပြီးတော့ သူ့ မျက်လုံးမှာအညိုကွက်ကြီးဖြစ်နေ တာ ကို သတိ ထားမိလိုက်တယ်။ ချက်ချင်းတော့ ကျွန်တော် ဘယ်လိုစပြောရမယ် မှန်း မသိဘူး။ ဒါပေမဲ့ မပြောမဖြစ်တဲ့ ကိစ္စ မို့  ပြောဖြစ်အောင်ကို ပြောရမယ်။ ကျွန်တော်သူနဲ့ ဆက်မပေါင်းချင်တော့ဘူး။ ကွာရှင်း ချင်တယ်။ကျွန်တော်ပြောချင်တာကို ဖြည်းဖြည်းချင်းအချိန်ယူပြီးစပြောတယ်။သူကတော့ကျွန်တော့်စကားေ တွကိုကြားပြီးသိပဝမ်းမနည်းသလိုလို။ပြီးတော့မှ တည်ငြိမ်အေးဆေးတဲ့လေသံနဲ့ တိုးတိုးလေးပြောတယ်။
ဘာဖြစ်လို့ လဲတဲ့။
သူ့ မေးခွန်းကို
ကျွန်တော်က မသိကျေးကျွန်ပြုနေလိုက်တော့ သူအတော်စိတ်ဆိုးသွားတယ်။ သူ့ လက်ထဲ က ခေါက်ဆွဲ စားတဲ့တူကို
တနေရာဆီ ခပ်ကြမ်းကြမ်းပြစ်ပေါက်လိုက်ပြီး နင်ဟာ..တော်တော်ကို လူမဆန် တဲ့ အကောင် လို
့အော်ပြောတယ်။ အဲ့ဒိညက ကျွန်တော်တို့ နှစ်ယောက် ဘာစကားမှ ဆက်မပြော ဖစ်ကြေ တာ့ ဘူး။ သူကတော့
မသိမသာလေးငိုကြွေးနေတယ်။ ကျွန်တော်တို့ အိမ်တော်ရေးခရီး ဘယ်လိုတွေဖြစ် ကုန်တာ လဲဆိုတာ
သူစဉ်းစားနေပုံရတယ်။ ဘာဖြစ်လို့ လဲဆိုတဲ့ သူ့ ရဲ့မေးခွန်း ကို ဖြေဖို့ အ တွက် ကျွန်တော့်မှာ
အတော် လေးအခတ်ခဲရှိနေတယ်။ ဟုတ်တယ်။ ကျွန်တော်က ဂျိန်းဆိုတဲ့ ကောင်မလေးကို ချစ်မိနေပြီလေ။
ပြီးတော့် ကျွန်တော်သူ့ ကိုဆက်ပြီးမချစ်နိုင်တော့ဘူး။ ကျွန်တော့်အနေနဲ့ သူ့ ကို သနားတာပဲရှိတယ်။
ကွာရှင်းစာချုပ်မှာ
ကျွန်တော်တို့ အိမ်ရယ်၊ကားရယ်၊ကုမ္ပဏီရဲ့ သုံးဆယ်ရာခိုင်နှုန်းရယ်ကို သူပိုင်ဆိုင်သင့်တယ်
လို့ အကြမ်းမျဉ်း ချရေးလိုက်ပြီးမှ တစ်စစီဆွဲဖြဲလိုက်တယ်။ ကျွန်တော်နဲ့ ဆယ်နှစ် တိတိ
လက်တွဲလာတဲ့ မိန်းမက အခုတော့်လဲ သူစိမ်းတွေလိုဖြစ်လာခဲ့ပြီ။ သူကျွန်တော့်အတွက် အချိန်တွေ၊အားအင်တွေ
ကုန်ဆုံးခဲ့တဲ့အတွက် စိတ်မကောင်းဖြစ်မိပါတယ်။ ဒါပေမဲ့ ကျွန်တော် ဂျိန်းကိုအရမ်းချစ်မိသွားပြီဆိုတော့
သူနဲ့ ဆက်ပေါင်းဖို့ ရာ ဘယ်လိုမှကို မဖြစ်နိုင်တော့ ဘူး။ နောက်ဆုံးမှာတော့ ကျွန်တော်မျှော်လင့်ထားသလိုပါပဲ
အသံအကျယ်ကြီး ထုတ်ပြီး ငိုချလိုက်တယ်။ တကယ်တော့ သူ အဲ့သလိုငိုချလိုက်တာက ကျွန်တော့်အတွက်ထွက်ပေါက်
တစ်ခုပဲ လေ။ ကျွန်တော် သူနဲ့ ကွာရှင်းဖို့ အစီစဉ်ဆွဲထားတာ အတော်လေးကြာခဲ့ပြီဆိုတော့
အခုချိန်မှာ ခိုင်ခိုင်မာမာ ပြတ်ပြတ် သားသားပြောဆိုသင့်ပြီ လို့ လဲထင်တယ်။
နောက်တစ်နေ
့မှာ ကျွန်တော်အိမ်ပြန်တာ နောက်ကျသွားတယ်။ ထမင်းစားစားပွဲပေါ်မှာ သူရေးထားတဲ့ စာတစ်
စောင်ကိုတွေ့ တယ်။ ဂျိန်းနဲ့ သွားချိန်းတွေ့ ပြီး ပင်ပန်းလာလို့ ညနေစာမစားတော့ပဲ အိပ်ယာထဲ တန်းဝင်ပြီး
အိပ်စက်အနားယူလိုက်တယ်။ ကျွန်တော်တစ်ရေးနိုးလာတဲ့အချိန်မှာ သူရေးထားတဲ့စာက စားပွဲပေါ်မှာ
နေရာ မရွေ့ ရှိနေသေးတယ်။ ဘာစာလဲဆိုတာတောင်
ဖွင့်မဖတ်တော့ဘဲ အိပ်ယာထဲတစ်ခါပြန်ဝင်ပြီး အိပ်လိုက်တယ်။
မနက်မိုးလင်းတော့
အိမ်ထောင်ရေးကွာရှင်းမှုနဲ့ ပတ်သက်ပြီး သူ့ အနေနဲ့ ဘာမှမလိုချင်ဘူး၊ဒါပေမဲ့ သားလေး စာမေးပွဲ ကာလနီးကပ်နေလို
့ အဲ့ဒိအကြောင်းတွေလုံးဝမပြောပဲ မကွာရှင်းခင် ကာလ စပ်ကြားလေး မှာ ပုံမှန် မိသားစုလေးအတိုင်းနေပေးဖို
့ တောင်းပန်တယ်။ ကျွန်တော်တို့ ရဲ့ အိမ်ထောင်ရေးအခြေနေကြောင့် စာမေးပွဲ ဖြေတော့မဲ့သားလေးအတွက်
စိတ်အနှောက်ယှက် မဖြစ်စေချင်လို့ ပါ တဲ့။
ဒါကဖြစ်သင့်တာပေါ့။ကျွန်တော်သဘောတူတယ်။
ဒါပေမဲ့သူက ထပ်ပြီးတောင်းဆိုသေး တယ်။ မင်္ဂလာဆောင် တဲ့နေ့ တုန်းက မင်္ဂလာဦးအိပ်ခန်းထဲကို
ပွေ့ ချီသွားသလို အခုလဲ အဲ့သလိုပွေ့ ချီပေးပါ တဲ့။ နောက်နေ့ တွေမှာ လဲ ဒီအတိုင်းပဲ မိုးလင်းတာနဲ
့သူ့ ကို အိပ်ယာထဲကနေပွေ့ ချီပြီး အိမ်ရှေ့ ဧည့်ခန်းကို ပို့ ပေးရတယ်။ ကျွန်တော့်အထင်တော့
သူရူးသွားပြီးနဲ့ တူတယ်။ဒါပေမဲ့ မကွာရှင်းခင် ကာလလေးပဲ ဆိုတော့လဲ သူ့ စိတ်တိုင်းကျပဲ စိတ်ရှည်ရှည်နဲ
့လုပ်ပေးခဲ့ပါတယ်။
အဲ့ဒါတွေကို
ဂျိန်းကိုပြောပြတော့ ဂျိမ်းက အကျယ်ကြီးရယ်ချလိုက်ပြီးမှ အဲ့ဒါလုံးဝမဖြစ်သင့်တဲ့ အရာဘဲလို
့ပြော တယ်။ သူ ကျွန်တော့်ကို ဘယ်လိုပဲ ဖျားယောင်းသွေးဆောင်နေဆောင်နေ မကြာခင်မှာ ကွာရှင်းရတော့မယ်
ဆိုတာကိုတော့ ခပ်မဲ့မဲ့လေးနဲ့ ပြောပါတယ်။ ကျွန်တော်တို့ လင်မယားနှစ်ယောက် ကွာရှင်းတော့မယ်ဆိုတာကို
နှစ်ဦးသဘောတူ အတိအလင်းဆုံးဖြတ်ပြီးတဲ့နောက်ပိုင်းမှာ အခြား ဘယ်သူနဲ့ မှ မတွေ့ ထိ မဆက်ဆံ
ဖြစ်ခဲ့ဘူး။ ဒါကြောင့် ကျွန်တော်သူ့ ကို ပထမဆုံး ပွေ့ ချီဖြစ်တဲ့နေ့ မှာ ကျွန်တော်တို
့ပုံစံတွေက အတော်လေးကို ကို့ ယို့  ကားယားနဲ့ ကဲချင်တိုင်းကဲနေကြသလိုဖြစ်နေတယ်။ ကျွန်တော်တို
့ကို တွေ့ တော့ သားလေးက အနောက်ကနေ လက်ခုပ်တီးပြီးတော့ ..ဟေး…ဖေကြီးနဲ
့မေကြီးက အရမ်းချစ်ကြတာပဲ လို့ ပျော်ရွှင် ကြည့်နူးသံနဲ့ အော်ပြော တယ်။ သားလေးရဲ့အသံကိုကြားလိုက်ရတော့
ကျွန်တော့်ရင်ထဲကို ဘာမှန်းမသိတဲ့ ခံစားချက်တစ်ခုက အတင်း တိုးဝင်လာတယ်။ သူ့ ကိုပွေ
့ချီပြီးတော့ အိပ်ယာထဲကနေ ဧည့်ခန်း၊ဧည့်ခန်းကနေ အိမ်ရှေ့ ဝရန်တာ ပတ်ပတ် လည်လိုက်ပြီး ပွေ့ ချီနေတုန်းမှာ
ကျွန်တော့်ကို တိုးတိုးလေးကပ်ပြောတယ်။ တို့ ကွာရှင်းတော့မယ်ဆိုတာကို သားလေးကို လုံးဝအသိမပေးပါနဲ
့နော် တဲ့။
ကျွန်တော်လည်း အတော်လေးကို ဝမ်းနည်းနေသလို ခံစားရပါတယ်။ ပြီးတော့ သူပြောတာကို
လက်ခံပါတယ်ဆိုတဲ့ သဘောနဲ့ ပဲ ခေါင်းညိတ်ပြလိုက်တယ်။ အိမ်ရှေ့ တံခါးပေါက်ဝ အရောက်မှာ
ချီထားရကနေ သူ့ ကို အောက်ချပေးလိုက်တယ်။သူက အလုပ်သွားဖို့ အတွက် ကားစောင့် ကျန်ရစ်ခဲ့တယ်။
ကျွန်တော်ကတော့ ကျွန်တော့် ကုမ္ပဏီရုံးခန်းကို ကားမောင်းပြီး ထွက်လာလိုက်တယ်။
ဒုတိယနေ့ မှာတော့
ကျွန်တော်တို့ နှစ်ယောက်စလုံး ကို့ ယို့ ကားယားမနိုင်တော့ ပါဘူး။ သေသေသပ်သပ် ပွေ့ ချီတတ်သလို
သေသေသပ်သပ်လိုက်ပါတတ်နေပါပြီ။ သူ့ ကကျွန်တော့် ရင်ဘက်ထဲကို တိုးဝင်ပြီး မှိန်းနေ တယ်။
အဝတ်အစားတွေကနေတဆင့် သူ့ ရဲ့ ကိုယ်သင်းရနံ့ သင်းသင်းလေးကို ရမိသလိုခံစားရတယ်။ ဒီအနံ
့လေးကို ပြန်ရလိုက်တော့မှ ကျွန်တော်သူ့ ကို ဂရုတစိုက်အနည်းကပ် မခံစားပဲနေလာခဲ့တာ အတော်
ကြာပါပေါ့လားလို့ သိလိုက်ရတယ်။ ပြီးတော့သူဟာ အရင်လို ငယ်ရွယ်နုပျိုနေသူတစ်ယောက် မဟုတ်တော့
ပါလားလို့ လဲ သတိထားမိလာတယ်။ သူ့ ရဲ့မျက်နှာပေါ်မှာ ပါးရေတွေလဲ အနည်းငယ် တွန့် ရှုံ့ လာပြီ။
ဆံပင်တွေ ကလဲ မီးခိုရောင်သန်းပြီး ဖြူလွှလွှ အရောင်ကို ကူးသန်းနေပြီ။ ကျွန်တော်တို့ ရဲ့အိမ်ထောင်ရေးဟာ
သူ့ အတွက် နာကျည်းကြွေကွဲစရာတွေများ ဖြစ်နေရော့သလား။ ဒီအချိန်မိနစ်အပိုင်းလေးအတွင်းမှာ
ကျွန်တော် သူ့ အပေါ် ဘယ်လိုတွေ ခံစားမိနေတာပါလိမ့်။
လေးရက်မြောက်
ကျွန်တော်သူ့ ကို ပွေ့ ချီတဲ့အချိန်မှာ ဟိုး..အရင်တုန်းကလိုပဲ ပြန်ပြီးခံစားမိလာတယ်။
သူ့ က ကျွန်တော် အတွက် ဆယ်နှစ်လုံးလုံး သူ့ ဘဝတစ်ခုလုံးပုံအပ်ခဲ့ သူတစ်ယောက် ပဲလေ။ ခြောက်ရက်မြောက်
ခုနှစ် ရက်မြောက်တွေမှာ ဟိုးအရင်တုန်းက အထိအတွေ့ တွေ ကို ပြန်သတိရယုံတင်မဟုတ်တော့ဘူး
ချစ်စခင်စက ချစ်ခြင်းတရားတွေ အထိပါ ပြန် လည်ပေါက် ဖွားမှုနှုန်းက တိုးမြင့်လာတယ်။ ဒီအကြောင်းတွေကိုတော့
ဂျိန်းကို အသိမပေးဖြစ်တော့ ဘူး။ နောက်နေ့ နောက်နေ့ တွေမှာ သူ့ ကိုပွေ့ ချီရတာ ပိုပြီးလွယ်ကူ
ပိုပြီး အရသာရှိသလို လိုဖြစ်လာ တယ်။ အလုပ်သွားခါနီးမှာ အားအင်တွေ မွေးပေးလိုက်သလိုလိုတောင်
ရှိလာတယ်။
တစ်ခုသောနံနက်ခင်းမှာ
သူဘာတွေဝတ်ရင် ကောင်းမလဲဆိုတာကို ရွေးချယ်နေတယ်။ သူ့ အတွက် ဘယ် အဝတ်အစားကို ကြည့်ကောင်းသင့်တော်မလဲဆိုတာကို
အတော်ကြာကြာ ရွေးချယ်နေပေမဲ့ စိတ်တိုင်းမကျ ဘူးဖြစ်နေတယ်။ ပြီးတော့ သက်ပြင်းအရှည်ကြီးတစ်ချက်ချလိုက်တယ်။
လူကအားအင်တွေ ကုန်ခန်းစပြုပြီး ပိန်လှီလာပြီဆိုတော့ အဝတ်တွေအကုန်လုံးက ကြီးနေသလိုလိုဖြစ်နေပြီ။
ကျွန်တော်လည်း သိလိုက်ပါတယ်။ သူအဲ့သလိုပိန်လှီလာလို့ သာ ဟိုးတုန်းကထက် ပေါ့ပေါ့ပါးပါး
ပွေ့ ချီလို့ ရနေတာပေါ့။ ရုတ်တရက် သူ့ ရဲ့နှလုံး ခုန်နှုန်းက တစ်ခုခုဖြစ်သွားတယ်နဲ့ တူတယ်။
မိုက်ခနဲ နာကျင်မှုတစ်ခုကို ခံစားလိုက် ရတဲ့ပုံစံ။ အဲ့ဒါကို မြင်ပြီး ကျွန်တော်လဲ အထိတ်တလန်
့စိုးရိမ်မှုတစ်ခုကို ခံစားလိုက်ရတယ်။ ပြီးတော့ သူ့ အနားကို ပြေးသွားလိုက်ပြီး နှဖူးလေးကို
သာသာယာယာ ပူးကပ်စမ်းသပ်ကြည့်လိုက်မိတယ်။
အဲ့ဒိအချိန်မှာ
အခန်းထဲကိုသားလေးဝင်လာပြီးတော့ ..ဖေဖေ မေမေ့ကို ပွေ့ ချီပြီးတော့ အပြင် ထွက်ဖို့ အချိန်
ရောက်ပြီ လို့  ချစ်စရာအမူရာလေးနဲ့ အလန့် တကြားလာပြေးပြောတယ်။ ကျွန်တော် တို့ ဒီလို ပွေ
့ချီနေတာဟာ သူ့ အတွက်ပျော်ရွင်စရာမိသားစုလေး လို့ သားလေးက တွက်ထားပုံရတယ်။ သူက သားလေးကို
အနားလာဖို့  အမူအရာနဲ့ ပြောပြီး ခပ်တင်းတင်းလေးဖက်ထားလိုက်တယ်။ ဒီအချိန်မှာ ကျွန်တော့်ရဲ့စိတ်တွေ
ပြောင်းလဲသွား နိုင်တာမို့ သူတို့ သားအမိကို မျက်နှာလွှဲထားလိုက်တယ်။ ပြီးတော့မှ သူ
့ကို ပွေ့ ချီပြီးတော့ အခန်းထဲကနေ ဧည့် ခန်း၊ဧည့်ခန်းကနေ အိမ်ထဲက လမ်းတွေအတိုင်း တံခါးပေါက်ရောက်တဲ့ အထိ
အရောက် ခပ်မြန်မြန်လေး သွား လိုက်တယ်။ သူကတော့ ကျွန်တော့် လည်ပင်းကို သာသာယာယာ ညက်ညက်ညောညောလေး
ဖတ်တွယ်ထား တယ်။ ဘာရယ်မသိ ကျွန်တော်လည်းသူ့ ကို ခပ်တင်းတင်းလေး ပွေ့ ဖက်ထားလိုက်မိတယ်။
တကယ့် မင်္ဂလာ ဦးနေ့ ရက်ကို ပြန်ရောက်သွားသလိုပါပဲ။
ဒါပေမဲ့ သူ
့ရဲ့အလေးချိန်က အရင်ကထက်အများကြီး လျှော့ကျသွားတော့ ကျွန်တော်စိတ် မကောင်း ဖြစ် မိတယ်။
နောက်ဆုံးနေ့ မှာ သူကျွန်တော့်ရဲ့ လက်မောင်းကို ခိုတွဲထားတော့ ကျွန်တော့်ခြေလှမ်းတွေက
မရွေ့ တရွေ့ ။ သားလေးကတော့
ကျောင်းသွားပြီ။ ကျွန်တော်သူ့ ကို ခပ်တင်းတင်းလေး ဖက်ထားပြီးတော့ ပြောလိုက်တယ်။ တို
့ရဲ့အိမ်ထောင်ရေးက ခပ်စိမ်စိမ်း ခြောက်သွေ့ သွေ့ နိုင်နေ ပါလားဆိုတာကို သတိမထားမိခဲ့ဘူး
လို့ ။ ပြီးတော့ ကျွန်တော် ကျွန်တော့်ရုံးကို ကားမောင်း ထွက်ခွါ လာခဲ့တယ်။ ရုံးကိုရောက်တော့
တံခါးကိုတောင် လော့မချမိပဲ ရုံးခန်းထဲ ခပ်သွက်သွက်ဝင်သွားမိတယ်။ ကျွန်တော့် စိတ်တွေအပြောင်းလဲဖြစ်သွားမှာကို
သိပ်ကြောက်မိတယ်။ ဒီတခါဖြစ်မှာကြောက်တဲ့ အပြောင်းအလဲ က တစ်မျိုး။ ပြီးတော့ အပေါ်ထပ်ကို
အပြေးအလွှား တက်သွားတယ်။ဂျိန်းရဲ့ရုံးခန်းတံခါးကို
ဆွဲဖွင့်ပြီးတော့ စိတ်မကောင်းပါဘူး ဂျိန်း…ကိုယ့်အတွက် ကိုယ့်ချစ်ဇနီး နဲ့ ကွာရှင်းဖို
့ ဆိုတာ လုံးဝမဖြစ်နိုင်တော့ပါဘူး လို့ ခပ်ပြတ်ပြတ်ပဲ ပြောချလိုက်တယ်။
ဂျိန်းက ကျွန်တော်ကို
ကြည့်ပြီး အံ့အားသင့်သွားတယ်။ ပြီးတော့ ကျွန်တော့် နှဖူးကို စမ်းသပ်ပြီးတော့ ကိုယ်
နေ လို့ မှကောင်းရဲ့လား လို့ မေးတယ်။ ကျွန်တော့်နှဖူးပေါ်က သူ့ ကို ဆွဲဖယ်လိုက်ပြီး
စောရီးပါ ဂျိန်း…ကိုယ့်ဇနီးနဲ့  ကိုယ်ဘယ်တော့မှ ကွာရှင်းမှာမဟုတ်တော့ဘူး၊ ကိုယ်တို
့နှစ်ယောက်ရဲ့ အိမ်ထောင်ရေး ဘဝဟာ အစစအရာရာ မထူညီခဲ့တဲ့ အခြေနေ အမြင်သဘောထားလေးတွေ ရှိခဲ့လို
့ပျင်းစရာကောင်း သလိုလိုရှိခဲ့ပေမဲ့ တကယ်တော့ ကိုယ့်တို့ နှစ်ယောက်က အချင်းချင်း သိပ်ချစ်ကြတဲ့
လင်မယားတွေပါ၊ သူ့ ကိုနေ့ စဉ် လနဲ့ ချီပြီး အနီးကပ်ပွေ့ ချီ လိုက်ရတဲ့ အချိန်တွေမှာ
ကိုယ်ဟာ သူ့ ကိုလက်ထပ် တဲ့နေ့ ကပေးခဲ့တဲ့ ကတိတွေ ရင်ထဲကပြောခဲ့တဲ့ စကား တွေ အတိုင်း သေ တပန် သက် တဆုံး
ပေါင်းသင်းသွားသင့်တယ် ဆိုတာကို နားလည်သဘောပေါက်သွားပြီ လို့  တုန့် ပြန်လိုက် တယ်။
ဂျိန်းလဲ ရုတ်တရက် အိပ်မက်ကလန့် နိုးလာသလို ခံစားလိုက်ရပြီး ကျွန်တော့်ပါးကို အသားကုန်
လွှဲပြီး ရိုက်ချလိုက်တယ်။ ပြီးတော့ ငိုယိုရင်း အခန်းတခါးကို စောင့်ပိတ်ပြီး ပြေးထွက်သွားတယ်။
ကျွန်တော်လဲ
အောက်ပြန်ဆင်းလာပြီး ကားမောင်းထွက်ခွါလာခဲ့တယ်။ အပြန်လမ်းမှာ ပန်းဆိုင်တစ်ဆိုင်ကို
ဝင်ပြီး ကျွန်တော့်ရဲ့ဘဝအဖော်မွန် ချစ်ဇနီးအတွက် ပန်းစီးလှလှလေး တစ်စီးမှာလိုက်တယ်။
ပန်းသမလေးက ပန်းစီးပေါ်မှာ ဘာစာတန်းရေးချင်လဲ လို့ မေးတယ်။ ကျွန်တော်ပြုံစိစိဖြစ်သွားပြီး
ငါမင်းကို မနက်တိုင်း သေတပန် သက်တဆုံးထိ ပွေ့ ချီပေးဖို့ ဆုံးဖြတ်လိုက်ပြီ ဆိုတဲ့ စာတန်းလေး ကို
ရေးလိုက်တယ်။ ကျွန်တော့် အပြုံးတွေက မျက်နှာနဲ့ တောင် မဆံ့ဘူး၊ချစ်ဇနီးအတွက် အရမ်းဝမ်းသာ
အံ့သြသွားစေမဲ့ စားတန်းပါ ပန်းစီး လေးကိုကိုင်ပြီး အိမ်ကိုပြန်ရောက်လာတယ်။ ဒါပေမဲ့
အိမ်ပြန်ရောက်တော့ ကျွန်တော်မျှော်လင့်ထားသလို ဖြစ် မလာဘူး။ ကျွန်တော့် ဇနီးလေ….အိပ်ယာပေါ်မှာ
ဆုံးပါးနေပြီ။ ကျွန်တော်လေ ဂျိန်းနဲ့ အကြိမ်ပေါင်းများစွာ ချိန်း တွေ့ ပြီးအချိန်တွေဖြုန်းခဲ့တာဆိုတော့
သူ့ မှာ ကင်ဆာရောဂါရှိတာကို သတိမထားမိခဲ့ဘူး။ သူမကြာခင်အချိန် အတောတွင်းလေးမှာ လောကကြီးထဲက
ထွက်ခွါသွားရတော့မယ်ဆိုတာ သူသိနေတယ်။ သူက ကျွန်တော်နဲ့  ကျွန်တော့်သားလေးကို သူ့ အတွက် ပူပန်စိုးရိမ်နေရမှာကို
မလိုလားခဲ့ဘူး။ ကျွန်တော်တို့ သားအဖ စိတ်ချမ်းချမ်း သာသာနေခွင့်ရအောင်ပဲ သူကြိုးစားရပ်တည်သွားတယ်။
တကယ်လို့ များ ကျွန်တော်တို့ ကွားရှင်းခဲ့ပြီးရင်လဲ ကျွန်တော်ဟာ သားလေးအတွက် ဖခင်ကောင်းတစ်ယောက်ပဲလို
့မြင်အောင် ဆောင်ရွက်ခဲ့တယ်။ ကျွန်တော် ဟာ သူ့ မေမေကို သိပ်ချစ်တဲ့ ဖေဖေပါလို့ မြင်အောင်
လုပ်ပေးခဲ့တယ်။ တကယ်တော့
ကျွန်တော်တို့ အိမ်ထောင်သည်တွေအတွက် တကယ်အရေးကြီးတဲ့ အချက်က ကားမဟုတ်ဘူး၊ ပိုင်ဆိုင်မှုတွေမဟုတ်ဘူး၊
ဘဏ့် အကောင့်ထဲမှာ ငွေတွေဘယ်လောက် ရှိနေတယ်ဆိုတာ မဟုတ်ဘူး ။ကျွန်တော့်ဘဝရဲ့လက်တွေဖြစ်စဉ်တစ်ခုကို
ဒီလိုဖွင့်ချဝန်ခံလိုက်တာဟာ ကျွန်တော်တို့ အတွက် မလှပခဲ့ပေမဲ့ကျွန်တော်တို့ လိုမဖြစ်ပဲ
လှပတဲ့ ဝန်းကျင်ကောင်းတစ်ခု တည်ဆောက်လိုသူများအတွက်တော့ အများကြီး အကျိုးရှိလိမ့်မယ်လို
့မျှော်လင့်ပါတယ်။ ဒါကြောင့် ကိုယ့်ဘဝရဲ့လက်တွဲဖော်အတွက် ပိုပြီးရင်းရင်းနှီးနှီး နွေးနွေး
ထွေးထွေးရှိနိုင်မဲ့ အကြောင်းရာလေးတွေကို ရအောင်ရှာပါ၊အပြန်လှန် ချစ်သည်ထက်ချစ် ရင်းနှီးသည်ထက်
ရင်းနှီး နွေးထွေးသည်ထက်နွေးထွေးအောင် ကြိုးစားကြပါ လို့ အကြံပြုတိုက်တွန်းရင်း ပျော်ရွှင်စရာအ အကောင်းဆုံး အိမ်ထောင်သည်ဘဝများကို
တည်ဆောက်နိုင်ကြပါစေ လို့ ဆုမွန်ကောင်းများ တောင်းလိုက်ပါ တယ်။
အော်..ကျန်သေးတယ်…သင့်မိတ်ဆွေအပေါင်းသင်းတွေမှာရော
ခြောက်သွေ့ သွေ့ နိုင်ပြီး ပျင်းရိငြီးငွေ့ နေ တဲ့ အိမ်ထောင်သည်တွေရှိလား….ရှိခဲ့ရင်လဲ
ဒါလေးကို ပေးဖတ်ပြီးတော့ဖြစ်စေ ပြောပြပြီးတော့ဖြစ်စေ ထပ်ဆင့်လက်ကမ်းရင်း
ကူညီလိုက်ပါဦး…….လို့ 
တီအာဝိုင်
6/25/2013
No comments:
Post a Comment