Thursday, July 4, 2013

ရူးသွပ်ခြင်း..............

တကယ်တော့လည်း တကယ်ဆိုတဲ့အရာတွေကတကယ်မဟုတ်တော့တဲ့အချိန်မှာ
တကယ့်ကိုခံစားရလိမ့်မယ်လို့ တကယ်ကိုမထင်ခဲ့တာပါ။


 ဒီဓါတ်ပုံကိုတင်ချင်နေတာ ဧပရယ်လ အစပိုင်းကတည်းပါ။ဧပရာယ်ဖူးလ် နဲ့ တိုက်ဆိုက်သွားမှာ ဆိုးလို့ အခုမှ တင်ဖြစ်တာ။ကျနော် ကိုယ်တိုင် ကိုးကွယ်နေတဲ့ ဘာသာတရားကိုတောင် သိပ်ယုံကြည်သေးတာ မဟုတ်ဘူး။နည်းနည်း ဒိဋ္ဌိဆန်တယ်။ ကျနော်အခန်းထဲမှာ လူနဲ့ တူတာဆိုလို့ ကျနော်ပဲ ရှိတာ။ကျနော်တောင် တခါတလေ လူနဲ့ တူချင်မှတူတာ။အနီးကပ်ဓါတ်ပုံကို တောင်းထားတဲ့ ဆွေမျိုးတစ်ယောက်ရှိလို့ အိပ်ချင်မူးတူးနဲ့ ထရိုက်ထားတာဗျာ။အနောက်မှာ မိန်းခလေးတစ်ယောက်လို့ ထင်ရတဲ့ အရိပ်လား တကယ်လား ...ပါနေတယ်။ကျနော့်ရွာမှာ မိန်းခလေးမပြောနဲ့ ယောက်ျားရင့်မာကြီးတွေတောင် ကျနော့် ကိုစကားပြောရမှာ ကြောက်လို့ ခပ်ရှောင်ရှာင် နေကြတာ။ဘယ်လိုကြောင့် အဲ့သလိုတွေဖြစ်နိုင်တာလဲ။ဘာသာပေါင်းစုံက ဘော်ဘော်တွေ ကိုယ့်အမြင်နဲ့ ကိုယ် ဝိုင်းဖြေပေးကြည့်ပါလားဗျာ။
အဲ့ဒိလိုဖြစ်ပြီး နှစ်ရက်ကြာမှ သိရတာက ကျနော်မကြာခင်ကမှ ပြောင်းနေလိုက်တဲ့ ယခုအခန်းမှာ နေတဲ့ ဆယ့်ငါးနှစ်မပြည့်တပြည့်ကလေးမလေးတစ်ယောက် ဇွဲကြိုးချပြီး သေးဘူးတယ်တဲ့။(အိမ်ရှင်မသိပါ၊အိမ်နီးချင်း အဖွားအို နိဂရိုးမကြီးပြောပြလို့ သိရသည်)။ပြီးတော့ အဲ့ဒိအခန်းမပြောင်းခင်သုံးရက်လောက်အလိုကတည်းက အိပ်မက်တစ်ခု မကြာမကြာမက်တယ်။ကိုကြီးကို ရှာနေတာ အခုမှတွေ့တယ်..ဘယ်တွေသွားနေတာလဲ ညီမလေးနဲ့ လာနေ စသည်ပေါ့ဗျာ.....လာလာပြောခဏခဏပဲ ဒါပေမဲ့ အိပ်မက်တိုင်းမှာ အဲ့ဒိကောင်မလေးပဲဖြစ်ဖြစ်နေတယ်။တစ်ခါတစ်ခါ ကျနော့် ပခုံးပေါ်လာမှီပြီးငိုတယ်...အမေ့ကိုလွမ်းတယ်တဲ့..။ကျနော့်ကိုလဲ မလွမ်းရကောင်းလားဆိုပြီး ရိုက်လွန်းလို့ အိပ်မက်က လန့်လန့်နိုးတာ အခါပေါင်းမနည်းတော့ဘူး။.ကျနော်သူ့ ကို အကူညီပေးရမှာလား။ဘာလုပ်ပေးရမယ်လို့ ထင်လဲ။ကျနော်က မယုံတာတော့ မဟုတ်ဘူး။။ဒါပေမဲ့
အသိမှတ်မပြုသလိုကြီးဖြစ်နေတာပေါ့ဗျာ။ထူးခြားဖြစ်စဉ်တွေတော့ ရှိတယ်။ဘာပဲဖြစ်ဖြစ်ဗျာ သူ့ ကိုကူညီချင်တယ်။
သူ့ ကိုကူညီဖို့ ကျနော့်ကိုကူညီကြပါလို့ ။


နန်း ရှင် 
၀၄-၁၉-၂၀၁၃

No comments:

Post a Comment