Saturday, July 27, 2013

နန်းရှင်(ခ)တီအာဝိုင်၏လိမ်လည်မှုတမျိုး

တီအာဝိုင်ဆိုတဲ့ ကျွန်တော့်ရဲ့အသက်ကိုတော့ မပြောချင်တော့ပါဘူး။
ဒါပေမဲ့ အသက်ဆယ့်ခြောက်ဆယ့်ခွန်ချာတိတ်တွေထက်တော့ ဆယ့်ငါးနှစ်လောက် ကြီးမယ်ထင်တာပေါ့ဗျာ။ အဲ့ဒိအသက်အရွယ်မှာ ရည်းဆားတစ်ယောက်ထားမိသွားတယ်။ အွန်ုလိုင်းမှာပါ။သူနဲ့ ကျွန်တော့်နေရာကလဲ မိုင်းပေါင်း ထောင်ချီပြီးဝေးတယ်။ငါရည်းဆားထားဘူးပြီပဲလို့  တွေးပြီးတော့ စိတ်ထဲကကလိကလိနဲ့  ရယ်ချင်သလိုလို ဖြစ်မိတယ်။
ကျွန်တော်က သူ့ ကိုပြောတယ်။အသဲအသန်ကို ချစ်ပါတယ်လို့ ။ သူကလဲ ပြန်ပြောတယ်။ အသဲသန်ကြီး မချစ်ပါနဲ့ တဲ့။ပုံမှန်လေးပဲ မသေမချင်းချစ်ပေးပါတဲ့။
ကျွန်တော်ကလည်း ပထမဆုံးရည်းဆားလေးဆိုတော့ ....ဟုတ်ကဲ့ပါ ...မသေမချင်းကို ချစ်ပါ့မယ်လို့ ပြန်ပြောတယ်။အဲ့ဒိအချိန်မှာ သူကလဲ ဘာပြောလိုက်လဲ မသိဘူး။ တစ်ခုခုတော့ ပြောလိုက်တယ်။ ပြီးတော့ သူပြောတာကို နားမထောင်ပဲ စကားတွေအရမ်းပြောနေလို့ စိတ်ဆိုးသွားပြီ ဟီးဟီးတဲ့။ကျွန်တော်လဲ ဘာပြောရမှန်း မသိတော့ စိတ်ဆိုးသွားရင် ဘယ်လို ချော့ရမလဲ ပြောလေလို့ ပြောလိုက်တယ်။
သူက ချော့တတ်သလို ချော့ကြည့်ပေါ့ ဟားဟားဟား တဲ့။
သူ စိတ်ချမ်းသာအောင် ကျွန်တော်ချော့တတ်သလို ချော့လိုက်ပါတယ်။
........
..........
...........

..........

..............

တိတ်တိတ် မရယ်နဲ့ တော့် နော်.........လို့ ။
TRY
6/30/2013
03:42 AM

No comments:

Post a Comment