Saturday, July 27, 2013

ပြဿနာ


မီးပုံးပျံစီးနေတဲ့ အမျိုးသမီးတစ်ဦးက သူမျက်စိလည်နေပြီဆိုတာသိလိုက်ပြီး အရှိန်လျှော့ဆင်းသက် ဖို့ အတွက် အောက် ကသွားနေတဲ့ လူတစ်ယောက်ကို လှမ်းအော်ပြောလိုက်တယ်။
အမျိုးသမီး။  ။ဒီမှာရှင့်…ဒီမှာ….ကျွန်မကိုကူညီပါဦး…ပြီးခဲ့တစ်နာရီလောက်က မိတ်ဆွေ တစ်ယောက် နဲ့ တွေ့  မယ် လို့ ကတိပေးထားပြီး အခုဘယ်ရောက်နေမှန်းမသိတော့ လို့ ပါ။
အမျိုးသား။  ။ခင်ဗျား..အခုရောက်နေတဲ့အမြင့်အားဖြင့်ပေ၃၀နဲ့ မြောက်လက္တီတွတ်၄၁ဒီဂရီ၊အနောက်လတ္တီ တွတ်၅၉ ဒီဂရီ လောက်ရှိတဲ့ မီးပုံးပျံပေါ်မှာလေ။
အမျိုးသမီး။ ။ရှင်ဟာ အင်ဂျင်နီယာတစ်ဦးပဲဖြစ်ရမယ်။
အမျိုးသား။   ။ဘယ်လိုလုပ်သိလဲဗျ။
အမျိုးသမီး။  ။ရှင်ပြောသမျှတွေအားလုံးက နည်းပညာအားဖြင့်မှန်ချင်ရင် မှန်မယ်၊ဒါပေမဲ့ ကျွန်မအတွက် အခုထိ လမ်းမှန်ကို ရှာမတွေ့ သေးလို့ ။
အင်ဂျင်နီယာ။   ။ဒါဆိုရင် ခင်ဗျာက ထိပ်တန်း မေနေဂျာ တစ်ဦးဖြစ်ရမယ်။
အမျိုးသမီး။   ။ရှင် ဘယ်လိုလုပ်သိလဲ။
အင်ဂျင်နီယာ။   ။ခင်ဗျားက ကိုယ့်ကိုယ်ကို ဘယ်ရောက်နေလဲ ဘယ်သွားနေလဲဆိုတာကိုမသိဘူး။ ဘယ်လိုလုပ်ပေးရမယ်မှန်း မသိဘဲ ကတိတစ်ခုကို ပေးခဲ့တယ်။ပြီးတော့ ကိုယ့်အောက်က လူတွေကို အဲ့ဒိပြဿနာကို ဖြေရှင်းခိုင်းဖို့ ကြံစီနေတယ်လေ။
တီအာဝိုင်
6/16/2013

No comments:

Post a Comment