Friday, December 26, 2014

ခင်သာဇာတိ မောင်သာဂိ(၁၅)


အခန်း(၁၅)
စာသင်သား ကိုရင်သာဂိ
ကိုရင်သာဂိသည် အသက်အားဖြင့် ဆယ်ခြောက်နှစ် ပြည့်ခဲ့ပြီးဖြစ်၍ ပျိုမြစ်နုနယ် သွေးကြွလွယ်ပြီး
ဘယ်အရာကိုမျှမမှု ပြုသင့်သည်မှန်လျှင် ရဲရဲပြု၍ အမှားအမှန်ခွဲခြမ်းဝေဖန်မှု ပြုတတ်
စအရွယ် ဟုပင် ခေါ်ရပေမည်ဖြစ်သည်။ကိုရင်သာဂိကို လူတယောက်အနေဖြင့်ကြည့်လျှင် လူပျိုပေါက်
အရွယ် ဟုသော်လည်းကောင်း၊တက်သစ်စ လူငယ်အရွယ်ဟုသော်လည်းကောင်း၊သူ၏မိ
ဘများသည် ရှင်ဘုရင်များ မိဖုရားများဖြစ်ခဲ့ပါလျှင် ကိုရင်သာဂိသည်လည်း မင်းပျိုမင်းလွင် တပါးသော်လည်းကောင်းဖြစ်နေပေပြီ။လူငယ်သဘာဝလူငယ်အရွယ်တွင်ဖြစ်တတ်သောအမှန်တရား
ကိုချစ်မြတ်နိုးခြင်း၊ အမှန်တရားကိုဖုံးကွယ်သူများအား ရွံမုန်းခြင်းနှင့်အမှန်မကြိုက်အမှားလိုက်၍အမိုက်
ထွဋ်ခေါင် လူ့ခေါင်းဆောင်ဆိုသူများကိုလည်း ပညာပြချင် ဆုံးမချင်သည့် အရွယ်လည်းဖြစ်သည်။ကိုရင်
သာဂိသာ လေးတန်း၌ ကျောင်းမထွက်ခဲ့ဘဲ ဆက်တက်ခဲ့မည်ဆိုပါက ဆယ်တန်းကျောင်းသား ကြီးဖြစ်
နေပေပြီ။

သို့သော် ကိုရင်သာဂိသည် မင်းပျိုမင်းလွင်တပါးလည်းမဟုတ်၊လူငယ်တယောက်လည်းမဟုတ်၊
ဆယ်တန်းကျောင်းသားတယောက်လည်းမဟုတ်ခဲ့ပေ။၎င်းတို့ထက် အကျင့်သိက္ခာအရသော်လည်း
ကောင်း၊အသိဥာဏ်ပညာအားဖြင့်သော်လည်းကောင်း သာလွန်မြင့်မြတ်သော ဘုရားသားတော်ရှင်
သာမဏေတပါး ဖြစ်သည်။
ရှင်ဘုရင်သည် ရှင်ဘုရင်အလုပ်ကိုလုပ်ရမည်။ကျောင်းသားသည် ကျောင်းသားအလုပ်ကိုလုပ်ရမည်။
ထို့အတူ သာသနာ့ဘောင်တွင် ခိုဝင်ခဲ့သော မိမိသည်လည်း သာသနာတော်ကိုထိမ်းသိမ်းခြင်းစောင့်
လျှောက်ခြင်းအလုပ်ကို လုပ်ရမည် ဟု နားလည်ထားသည်။လူသားအားလုံးသည် မိမိကျရောက်ရာ အရပ်ဒေသ၊ရာထူး၊ထမ်းဆောင်ရာတာဝန်ကို ပီပီပြင်ပြင် ကျေပွန်အောင်ထမ်းဆောင်နိုင်ခဲ့ပါလျှင် လူ
သားတို့နေထိုင်ရာ လူ့လောကကြီးသည် အမြဲတန်းလှပနေလိမ့်မည်ဟု လည်း ယုံကြည်သည်။ထို့
ကြောင့် တာဝန်ကျေခြင်းသည် လောကကိုအလှဆင်ခြင်းဖြစ်သည် ဟုနားလည်သည်။

Wednesday, October 8, 2014

ခင်သာဇာတိ မောင်သာဂိ(၁၄)



အခန်း(၁၄) ဦးအာဒိစ္စ နဲ့ ကိုရင်သာဂိ
မိုးဦးသို့ဝင်ရောက်စပြုပြီဖြစ်၍ လေပြင်းများလည်းတိုက်ခတ်၏။လျှပ်စီးများလည်း လက်၏။မိုးများ လည်း ချုန်း၏။ ထစ်ချုန်းမိုးသည် ရွာမလိုဟန်ပြင်ထားသော်လည်း  လေပြင်းများကသာလျှင် တရဆက်တိုက် ခတ်နေ၏။ သစ်ကိုင်းခြောက်များကျိုးကျ၏။စိုစွတ်စွတ် သစ်ရွက်ခြောက်များသည် လေနှင့်အတူတိုက်ခတ် လွင့်မျော၏။ကိုရင်သာဂိသည် မိမိ၏စိတ်ကို ၄င်းလေပြင်းများနှင့်အတူ လွင့်မျောမသွားစေရန် သတိကပ်ထား လိုက်သည်။’’လူ့ဘဝအဓိပ္ပါယ်ဆိုတာ အကောင်းဆုံးပန်းတိုင်တခုကိုဦးတည်ထားပြီး ဆင်ခြင်တုံတရား နဲ့အညီ မရောက်ရောက်အောင်လျှောက်လှမ်းနိုင်ခြင်း’’ဆိုပါလား…။တိုက်ခတ်လာသော လေပြင်း တချက်နဲ့ အတူမိုးသားနှင့်ဖုန်မှုန့်များရောယှက်မှုကြောင့်ဖြစ်ပေါ်လာသော မြေသင်းရနံ့ကိုရှူရှိုက်မိလိုက်သည်။ငယ်စဉ်
အခါနွားကျောင်းခဲ့စဉ်ကာလက ပျောက်သွားသောနွားငယ်တစ်ကောင်ကိုရှာဖွေရင်း စိတ်ပျက်လက်ပျက်နှင့် ဟိုပြစ်ဒီပြစ် ပြစ်ဖေါ်လုပ်ပေးခဲ့သော လေးဂွလေးကို သတိရလိုက်သည်။အော် ငါ့လေးဂွလေး နဲ့ဝေးကွာခဲ့တာတောင် နွေတခုကိုကုန်လွန်ပြီး နွေအသစ်တခုကို ရောက်နေပါရော့လား…....လေးဂွ ဆိုတာ လက်နက်တစ်ခုဖြစ်တယ်....သူတပါးရဲ့အသက်ဇီဝိန်ကို ချွေချပြစ်နိုင်သလို ကိုယ့် အသက် ရဲ့အန္တရာယ် ကိုလဲကာကွယ်နိုင်တယ်…သူတပါးရဲ့အသက်ကိုလဲကယ်တင်နိုင်တယ်……အသုံးချတဲ့လူရဲ့အပေါ်မှာမူတည်
ပြီးတော့တန်ဖိုးသက်ရောက်မှုရှိတယ်........မဟုတ်ဘူး....မဟုတ်သေးဘူး…………………………..သူတပါးကို
ထိခိုက်နာကျင်စေတာမှလက်နက်မဟုတ်ဘူး….သူတပါးကိုကြင်နာယုယခြင်း…ရံခါအညံ့ခံပေးခြင်း…အညံ့ခံ
တာမဟုတ်ဘူး..အရှူံးပေးတာ….ဟာ…အရှူံးပေးတာလဲမဟုတ်သေးဘူး…ခွင့်လွှတ်နားလည်ပြီးသည်းခံပေးတာ…
အဲ့ဒါဟာလည်း လက်နက်ပဲ…မေတ္တာလက်နက်နဲ့ခန္တီလက်နက်……..ဒါပေမဲ့ မေတ္တာနဲ့ခန္တီဆိုတာ အရှူံးပေးတာမဟုတ်ဘူး…..အနိုင်ယူတာ…….မေတ္တာဆိုတာ သူတပါးအကျိုးကိုလိုလားတာ……ခန္တီဆိုတာ…. နားလည်ပြီးခွင့်လွှတ်ပေးတာ….လောကမှာ အမှားလုပ်တဲ့သူတွေရှိတယ်…အမှန်ကိုမမြင်တဲ့သူတွေရှိတယ် ..အဲ့ဒိလူတွေက သူတို့ရဲ့အမှားကို အမှားလို့မမြင်နိုင်ရှာဘူး…သနားဖို့အတော်ကောင်းတယ် …အဲ့ဒိသနားစရာလူတွေကိုပဲသနားရမှန်းမသိ…ထောက်ခံတဲ့သူတွေရှိသလို…ဆန့်ကျင်ရန်ဖြစ်နသူလဲရှိတယ် ….ပြီးတော့…သူတော့အမှန်ကိုသိပါစေ…သူ့ရဲ့နောက်လိုက်တွေလဲ…အမှန်တရားကိုနားလည်ဆည်းကပ်နိုင်
ပါစေ…သူ့ကြောင့်ဒုက္ခရောက်ကြရမဲ့သတွါတွေလဲ…အဲ့ဒိဆင်းရဲခြင်းမှလွတ်မာက်ပါစေ..ဆိုတဲ့စေတနာမေတ္တာ
နဲ့ သည်းခံနေတဲ့သူတွေ….စောင့်ကြည့်ဆုံးမနေတဲ့သူတွေ….အနစ်နာခံနေတဲ့သူတွေ စသဖြင့်လောကမှာ အများကြီးရှိတယ်….မင်းကဘယ်လူတန်းစားထဲမှာပါမှာလဲ….အမိုက်အမဲပုဂ္ဂိုလ်တွေထဲမှာလား၊အမိုက်အမဲတွေ
ကို ထောက်ခံတဲ့လူတန်းစားထဲမှာလား၊ရန်တုဖြစ်နေတဲ့လူတန်းစားထဲမှာလား……..ဒါမှမဟုတ်..အဲ့ဒိလူ
သားတွေကိုအသက်နဲ့ရင်းပြီး စောင့်ကြည့်သည်းခံဆုံးမပြီးလောကကိုကူညီဆောင်မမဲ့လူတန်းစားထဲမှာ
ပါမလား…မင်းရွေးချယ်ခွင့်ရှိတယ်…။ပြီးတော့…………ပြီးတော့…..။

Monday, September 1, 2014

ခင်သာဇာတိ မောင်သာဂိ(၁၃)



အခန်း(၁၃)
 
လူ့ဘဝအဓိပ္ပါယ်နှင့်ကိုရင်သာဂိ
                  လူအလုပ် မရှိတော့ ပွေ၏၊  စိတ်အလုပ်  မရှိတော့ လေ၏…လူကြီးသူမများ၏မှတ်သားစရာ 
လေးတခွန်းနဲ့ အတူ  လောကကြီးရှိဘဝ ဟူသော  စကားလုံး၏  အဓိပ္ပါယ်ကိုစဉ်းစားကြည့် လိုက်ချင်သည်။  ဘဝ၏ အဓိပ္ပါယ် ကိုဥာဏ်မှီသလောက် ဖွင့်ဆိုကြည့်ချင်သည်။ယနေ့အ ပြီးသတ်ဖတ်မည် ဟု စိတ်ကူး ထားသော စာအုပ်ကိုလှမ်ကြည့်လိုက်ပြီးမှစာကြောင်းများကိုမြင်၍   စိတ်ပျက်သွားဟန်ဖြင့်ပြန်ပိတ် လိုက်သည်။ခြစ်ခြစ်တောက်ပူလောင်နေသော နေ၏အပူရှိန်နှင့်အတူ တဖြူးဖြူးတိုက်ခတ်လာသော လေသည်     ကိုရင်သာဂိ    သီတင်းသုံး      နေထိုင်ရာ ကျောင်းကြီး၏ လေသာပြူတင်းပေါက်ကို ကျော်ဖြတ်၍ တချက်ဝှေးရမ်းသွားသည်။     ၄င်းဝှေ့ယမ်းသွားသောလေပြေတချက်နှင့်အတူ ကိုရင် သာဂိ၏စိတ်အစဉ်ပါမျောပါသွားလေသလားဟုထင်ရသည်။ဖတ်လက်စ စာအုပ်ကိုဘေးတွင်ခဏချထားခဲ့ပြီး ကျောင်းအောက်သို့ဆင်းလာသည်။

Friday, August 29, 2014

ခင်သာဇာတိ မောင်သာဂိ(၁၂)


အခန်း(၁၂)ယဉ်ကျေးမှုနဲ့ကိုရင်သာဂိ
  
         
               ကိုရင်သာဂိသည် ကိုရင်ဝတ်ဖို့ အတွက် အချိန်ကာလ အတိုင်းအတာ တခုထိကြာမြင့်စွာစောင့်
ဆိုင်းခဲ့ရသည်။ အခု မိမိရဲ့ ဆန္ဒအတိုင်း ကိုရင် ဝတ်ခွင့်ရခဲ့ပေပြီ။  ရရှိခဲ့သော အခွင့်အရေးကို  လက်လွတ်မ
ခံသင့်    ဟု နားလည်သည်။    အခွင့်သာခိုက်မှ မလိုက်ချင်လျှင် အမိုက်နင့်ပြင် ရှိသေးလေလိမ့်လား၊ အခွင့်
သာဆဲမှ  မခဲချင်လျှင်  အလွဲနင့်ပြင်  ရှိသေးလေလိမ့်လား၊    အခွင့်သာတုန်းမှ  မရုန်းချင်လျှင်  အရှုံးနင့်ပြင်
ရှိသေးလေလိမ့်လား  စသည်  စသည်ဖြင့် ငယ်စဉ်  တောင်ကျေးကလေး  ဘဝကတည်းက ဆရာတော်ကြီး
ကိုယ်တိုင် နှုတ်တိုက် သင်ကြား ပေးထားသည့် အဆုံးအမ လင်္ကာပိုဒ်လေးများကို အထပ်ထပ်အခါခါရွတ်ဆို
သည်။   နှလုံးသား  ရေးရာများကို   ကာမတဏှာ အဖြစ်ဖြင့် လည်းကောင်း၊  သံသရာ    လည်ပတ်ခြင်း၏  အကြောင်း    အဖြစ်ဖြင့်  လည်းကောင်း   ရှုမြင်နိုင်အောင်   ကြိုးစား၍   မရခဲ့သော်လည်း မိမိဝတ်ဆင်ထား
သောအရာ (သင်္ကန်း) သည် ဘုရားပစ္စေကဗုဒ္ဓါ  စသော ပုဂ္ဂိုလ်မြတ်တို့၏ အသုံးအဆောင်ပါလား ဟူသည့်
အသိတစ်ချက်ကြောင့်  သင်္ကန်းနှင့် နှလုံးသားရေးရာ များကို  စည်းတဖက်ခြား စေနိုင်ခဲ့သည်။   ထို့ကြောင့်
ရွှေရီ ဟူသောနာမည်နှင့် ရင်ခုန်သံ ဟူသော ခံစားချက် များသည်ပင်လျှင် စကြာဝဠာ တံတိုင်းကြီး၏ အပြင်
ဘက်တွင်ရောက်ရှိနေပေပြီ။

Wednesday, August 20, 2014

ခင်သာဇာတိ မောင်သာဂိ(၁၁)

အခန်း(၁၁)မော်နီတာ သီတာဦး



 "မော်နီတာ လုပ်ချင်တဲ့သူလက်ညှိုးထောင်’’
ဆရာမ ဒေါ်ဖြူဖြူအောင်မှ စာသင်ခန်းအတွင်းရှိ တပည့်များအား ပြောလိုက်ခြင်းဖြစ်သည်။ သီတာဦးက ပထမဦးဆုံး  လက်ညှိုးထောင်လိုက်သည်။   အတန်းသူ အတန်းသားအားလုံးက     အံ့သြသော အကြည့်ဖြင့်ဝိုင်းကြည့်ကြသည်။  အချို့ကလဲ လှောင်ချင်ကြသည်။  အချို့ကလဲ ပြောင်ချင်ကြသည်။   အချို့ကလဲ      ချီးမွမ်းလိုဟန်ရှိကြသည်။   အဘယ်ကြောင့်ဆိုသော်  ၄င်းတို့မှာ  သီတာဦး နှင့်ရှစ်တန်း   ကိုအတူအောင်ခဲ့သူများဖြစ်ပြီး             သီတာဦးမှာအတန်းထဲတွင်အငယ်ဆုံးဖြစ်သည်ကိုအားလုံးလိုလိုက
သိထားကြသောကြောင့်ဖြစ်သည်။သီတာဦး  ကတော့ ထောင်ထားသည့်    လက်ညှိုး ကိုပြန်မချသေးဘဲ  ဆရာမကိုသာ  မျက်နှာမူထားသည်။ကြည်လင်ခြင်း၊  ရဲရင့်ခြင်း၊  တည်ငြိမ်ခြင်း   တို့ကအပြည့်။   ခဏအကြာတွင် ကိုးတန်းကို တစ်နှစ်ကျပြီးသူနိုင်လင်းကထပ်ထောင်လိုက်သည်။

                           ဆရာမက "ကဲမော်နီတာ လုပ်ချင်တဲ့သူ ဒီနှစ်ယောက်ပဲလား၊ တခြား ဘယ်သူ ရှိသေး လဲ"  ဟုမေးသည်။အားလုံးက ဆိပ်ဆိပ်နေသဖြင့်ဆရာမက ဆက်လက်၍..        "သမီးက လက်ညှိုး အရင် ထောင် တယ် ဆိုတော့ ဘာဖြစ်လို့မော်နီတာလုပ်ချင်ရတာလဲ ဆိုတာကို အတန်းဖော် တွေနဲ့  ဆရာမ သိရအောင် ပြောပြလို့ရမလားသီတာဦး"…
                "ဟုတ်ကဲ့..ဆရာမ…သမီးအနေနဲ့သူများရဲ့နောက်လိုက်မလုပ်ချင်တာရယ်၊သမီးကိုယ်တိုင်စံပြ တစ်ယောက်အဖြစ်နဲ့ အတန်းဖော် ညီအစ်ကိုမောင်နှမတွေရဲ့အရှေ့မှာနေပြသွားချင်တာ ရယ် ကြောင့် မော်နီတာ လုပ်ချင်တာပါ"ဟုပြောလိုက်သည်။အားလုံးက ကောင်းချီးပေးသည့် အကြည့်များနှင့်ဝိုင်းကြည့်ကြသည်။ဆရာမ ဖြူဖြူအောင်ကလည်း နှစ်လိုအားရသည့်ဟန်အပြည့်။နိုင်လင်း
ကတော့ မသိမသာမျက်နှာတစ်ချက်မဲ့သွားသည်။

Saturday, August 2, 2014

ခင်သာဇာတိ မောင်သာဂိ(၁၀)

အခန်း(၁၀) ပညာသည် သားအမိ



ဗေဒင်တွက်ချင်လို့ပါရှင်…                                                                                                                                                                 ပဲခူးမြို့    ရွှေမော်ဓောဘုရားအရှေ့ဘက်မုဒ်   ဦးခန္တီစောင်းတန်း  အခင်းကို ကျကျနနခင်းလျှက်တင်ပလ္လင် ဖွဲ့ထိုင်ပြီး ပုတီးစိတ်နေဟန်ရှိသော ဗေဒင်ဆရာအား သီတာဦးကပြောလိုက်ခြင်းဖြစ်သည်။  ၄င်းဗေဒင်ဆရာ သည်  အသက်လေးဆယ်ခန့် ရှိ၍   ညိုပုတ်ပုတ်တီရှပ်အကျီင်္ကိုဝတ်ထားသည်။ခါးကိုဆန့်လျှက်မျက်လုံးကို   စုံမှိတ်ပြီး ပါးစပ်  ကလည်းမည့်သည့်  အရာများကို  ရွတ်ဖတ်နေသည်မသိရွတ်ဖတ်နေသည်။    သီတာဦးမှာ အသက်ဆယ့်ငါးနှစ်ခန့်ရှိပြီး  ဟင်္သသာကုန်းမှနေ၍ ပဲခူးမြို့အမှတ်(၃)ကျောင်းတွင် (၉)တန်း တက်ရောက်နေသူဖြစ်သည်။  ဟင်္သာကုန်းနှင့်  အမှတ်(၃)ကျောင်းသည် အလွန်ဝေးပြီး ၄င်းထက်နီးသော ကျောင်းများရှိပါသော်လည်း သီတာဦးက၄င်းကျောင်းကိုသာ တက်လိုသည်  ဟုဆို၍ မိခင်ဒေါ်သီမှ ၄င်း၏ဆန္ဒကို လိုက်ရောကာ အမှတ်(၃)ကျောင်းအပ်ပေးထားခြင်းဖြစ်သည်။  သီတာဦးသည် ကျောင်းသွားတိုင်း ဦးခန္တီဆောင်းတန်းကြီးကို ခြေလျှင်လျှောက်ပြီး ရွှေမော်ဓော်ဘုရား အနောက်ဘက်မုဒ် သို့ ရောက်မှာသာလျှင်ကားစီး၍ ကျောင်းသို့ဆက်သွားလေ့ရှိပြီး  အပြန်လည်း ထိုနည်းအတိုင်းကျောင်းမှ ရွှေမော်ဓောဘုရား အနောက်ဘက်မုဒ်သို့ ကားစီးပြီး ဦးခန္တီဆောင်းတန်းမှ လမ်းလျှောက်ပြီး ပြန်လာခြင်းဖြစ် သည်။  လမ်းမလျှောက်ဘဲ ကားစီး ခရီးအစ အဆုံးကားစီး၍ရနိုင်သော်လည်း သို့လမ်းလျှောက်ခြင်းမှာ ကျမ္မာရေးလေ့ကျင့်ခန်း  အထူးလုပ်စရာမလိုသောကြောင့်လည်းကောင်း၊  နေ့စဉ်ရွှေမော်ဓောဘုရားကြီးကို ဝင်ရောက်   ဖူးမျှော်နိုင်သောကြောင့်လည်းကောင်း   အလွန်နှစ်သက်ဖွယ်ရာ  ဖြစ်သည်     ဟုသီတာဦးက ခံယူထားသည်။                           ထို့ကြောင့်ဒေါ်သီက ၄င်းအသွားအပြန်အတွက် အစစအရာရာအစဉ်ပြေအောင်စီစဉ်ပေးသော် လည်းနည်းဖြင့်သာ  ကျောင်းသွားကျောင်းပြန်ပြုခဲ့သည်။အခုလည်းကျောင်းမှ အပြန်တွင် ရွှေမော် ဓော် ဘုရားကိုဖူးမြော်ပြီး ဦးခန္တီဆောင်းတန်းတွင် တွေ့သော ဗေဒင်ဆရာအား သွားရောက်ပြောကြား နေခြင်း ဖြစ်သည်။ဗေဒင်ဆရာသည် ၄င်း၏ရှေ့တဲ့တဲ့အောင်နိမိတ်ဆောင်သောဟူသည့် စာလုံးငယ် အား အပေါ် တွင် ရေး၍ ၄င်းအောက်ဆရာအောင်ဟူသော နာမည်ကို စာလုံးကြီးကြီးဖြင့်ရေးသားထား ၏။ ဗေဒင် ဆရာသည် မကြားဟန်ပြုနေခြင်းလော တကယ်ပဲမကြားခြင်းလော။မည်သည့်အကြောင်းကြောင့်ရယ်မသိ ဘာမျှပြန်မပြောပဲ ရှိသဖြင့် နောက်တကြိမ်ထပ်ပြောလိုက်သည်။
ဗေဒင်တွက်ချင်လို့ပါ ရှင့်…..

Friday, July 18, 2014

ခင်သာဇာတိ မောင်သာဂိ(၉)



အခန်း(၉)ကိုရင်သာဂိ

 

      ပြာလဲ့တောက်ပပြီး မိုးတိမ်ကင်းရှင်းနေသော ကောင်းကင်ပြာကြီး၏အောက်တွင် တယောက်တည်း မတ်မတ် ရပ်ရင်း တစုံတရာကိုစူးစိုက်ကြည်ရှုနေမိ၏။လေသည် တခါတရံတွင် ခပ်ကြမ်းကြမ်း တိုက်ခတ် လာပြီး တခါတရံလေနုအေးလေးတိုက်ခတ်၏။သာဂိ၏စိတ်သည်လည်း ၄င်းတိုက်ခတ်နေသော လေ၏ သာန် နှင့်တူစွာ ငြိမ်သက်လိုက်လှုပ်ရှားလိုက်နှင့် ဖြစ်နေ၏။ကောင်းကင်ပြာကိုနောက်ခံထားလျှက်ရှိသော
 ရွှေရီ၏အပြုံးလေးများပေါ်လာလျှင် သာဂိ၏နူုးညံ့သောစိတ်အစဉ်သည် လှုပ်ခတ်ရွေလျှားလာပြီး မင်းပေးခဲ့တဲ့ ကတိတွေဟာ အပျော်တမ်းမဟုတ်ဘူး သာဂိ          ဟူသောအသံနဲ့  အတူပေါ်လာသော   အဘချို၏ မျက်နှာ ကိုမြင်လျှင် ငြိမ်သက် အေးဆေးသွားတတ်၏။ သာဂိ၏ ခန္ဓာကိုယ် တည်းဟူသော နိုင်ငံတော်တခုတည်းတွင်နှလုံးသားသည်တခါတရံမင်းမူအုပ်စိုး၍တခါတရံတွင်အသိဥာဏ်တည်းဟူသော
ဦးနှောက်ကမင်းမူအုပ်စိုး၏။အသိဥာဏ်နှင့်နှလုံးသားထိုးစစ်ထိုးနေခြင်းဟုလည်းဆိုနိုင်၏။အသိဥဏ်က
အနိုင်ရသောအခါတွင်အဘချိုသည်ဦးစားပေးအဆင့်သို့ရောက်လာ၏။နှလုံးသားကအနိုင်ရသောအခါတွ
င်ရွှေရီသည် ဦးစားပေးအဆင့်သို့ရောက်လာ၏။၎င်း ရွှေရီနှင့် အဘချိုတို့၏မျက်နှာများကိုမြင်ယောင်လာမှုသည်တဖြည်းဖြည်းမြန်လာ၏။ထို့ကြောင့်သာဂိ၏ စိတ်ဖြစ်စဉ်ပြောင်းလဲမှုသည်လည်း လှုပ်ရှားလိုက် ငြိမ်သက်သွားလိုက်နှင့်ဖြစ်လာ၏။ကိုယ့်ခံစားမှုဝေဒနာကို ကိုယ်တိုင်ပြန်သုံးသပ်မိ၏။ ၄င်းဝေဒနာကိုမကြိုက်။ လုံးဝမခံစားလို။ သို့သော် ၄င်းမျက်နှာနှစ်ခုသည် တပြိုင်နက်ပေါ်လာသည်ဟု ထင်ရလောက် အောင် မြန်ဆန် လာခဲ့သည်။မခံစားနိုင်တဲ့အဆုံး သွားကြ သွားကြ ငါ့အနားကိုဘယ်သူမှမလာနဲ့သွားကြ     ဟု ထ အော်ပြစ်လိုက်သည်။
          ဆရာတော်က ရေလာတိုက်သည်။ သာဂိ စိတ်ကိုငြိမ်ငြိမ်ထား။ ဖြစ်ပျက်ခဲ့သမျှတွေ အားလုံးကို ခဏလောက် ကြိုးစားပြီး မေ့ထားလိုက် ဟုပြော၍ ပုတီးတကုံး ပေးပြီး ပြန်ကြွသွားသည်။ အိမ်မက်မက်၍ ထအော်မိကြောင်းကိုသိ၍ အနည်းငယ်လန့်မိသလို ရှက်လည်းရှက်မိသည်။ နဖူးပြင်ပေါ်မှ စီးကျနေသော ဇောချွေးများကို  လက်နဲ့  ပွတ်သပ်လိုက်ရင်း           ဆရာတော်  လာချပေးသွားသည့်      သောက်ရေကို
သောက်ပြီး  အိပ်မက်ဆိုတာ  မိမိကိုယ်တိုင်ပြုလုပ်ခဲ့တဲ့အရာတွေ၊  ၄င်းအရာတွေနဲ့   ဆက်စပ်ကိရိယာတွေ၊နေရာဒေသတွေ၊ ပြီးတော့နောက် အနာဂတ်မှာဖြစ်လာမဲ့အရာတွေ၊ အဲ့ဒိသုံးခု ထဲကတခုခုက မိမိရဲ့မသိစိတ်မှာ လာရောက်ကပ်ငြိဖြစ်ပေါ်လာခြင်းပဲဖြစ်တယ် လို့ဆရာတော် မိန့်ကြားခဲ့တဲ့စကား ဟာသိပ်မှန်တာပါလားဟု တွေးရင်း သက်ပြင်းရှည်ကြီး တခုကိုချလိုက်သည်။    

Friday, June 20, 2014

ခင်သာဇာတိ မောင်သာဂိ(၈)



အခန်း(၈)ရင်ခုန်သံများနဲ့သာဂိ


     သာဂိသည် အရိုက်ခံထားရသော ဒါဏ်ရာများ အနည်းငယ် သက်သာစပြုလာပြီဖြစ်၍ ကျောင်းခြံထဲသို့ ဆင်း၍ တံမြတ်စီးလှည်း၏။ မြက်ပေါက်၏။ ကျောင်းတွင်းသန့်ရှင်းရေးအားလုံးကိုတတ်နိင်သလောက်လိုက်
လုပ်၏။ ထိုသို့လုပ်နေစဉ် ရွှေရီ၏ မျက်နှာလေးကို လဲတစိမ့်စိမ့်မြင်ယောင်နေမိ၏။သူ၏ အမြင်တွင် ရွှေရီသည်လှ၏။ချော၏။ချစ်စရာလည်းကောင်းလာ၏။မြင်ပြီးရင်း မြင်ချင် ကြည့်ပြီးရင်း ကြည့်ချင် လောက်အောင် ကို ဆွဲဆောင်မှုများလည်း ရှိနေ၏။ထို့ကြောင့် ရွှေရီသည် ကလေး လေးတယောက် မဟုတ်တော့ပါလား ဟူသောအသိလည်း ဝင်လာ၏။တမနက်ခင်းလုံး ဘာကိုပဲလုပ်လုပ် ရွှေရီ၏ ချွေးသီ်း ချွေးပေါက်လေးများ စို့ပြီး အသားရေစစ်နေသည့် မျက်နှာလေးကိုသာ ထပ်ခါတလဲလဲ မြင်ယောင် နေ၏။ပေါက်တူးနှင့် ပေါက်ထုတ်နေသော မြတ်ခင်းစိမ်းများကို မြင်လျှင် ရွှေရီ၏
 နှုတ်ခမ်းမွှေး ပါးသိုင်းမွှေး နုနုစိမ်းစိမ်းလေးတွေကို အစားထိုးမြင်ယောင်လာ၍ မြက်ပင်များကိုပင် ပေါက်တူးဖြင့် မပေါက်ရက် နိုင် အောင်ဖြစ်ခဲ့၏။ဆောင်းရနံ့ပင်မကုန်တတ်သေးသော တပေါင်းလ၏ ဓါတ်သက်များကြောင့် စွတ်ဆိုလျှက်ရှိ သာ သစ်ပင်ငယ်များကို ခုတ်ထုတ်ခါနီးတွင် ရွှေရီ၏ နဖူးပြင်မှ စီးကျနေသော ချွေးသီ်း ချွေးပေါက်လေး များအဖြစ် ပြောင်းလဲ ခံစား၏။ထိုစဉ် လျှက်တပျက်အတွေးတချက်လည်းဝင်လာ၏။ရွှေင်္ရ်ီတောင် ကလေး မဟုတ် တော့ ဘူးဆိုတော့ ငါလဲ လူကြီးစာရင်းဝင်နေပြီပေါ့…..ဟုတ်တယ် ငါ့အရွယ်လည်း ငယ်မှ မငယ် တော့ ဘဲ လူကြီးတယောက်နဲ့တူအောင် နေထိုင် ကျင့်ကြံ ပြောဆိုတတ်ဖို့လိုလာပြီ။ငါ့ရဲ့အတွေးတွေကို အရမ်း ကာရော လွှတ်ထားဖို့မသင့်တော့ဘူး….စသည်ဖြင့် တွေးမိ၏။ထို့ကြောင့် ရွှေရီနဲ့ ပတ်သက်သော ခံစားချက်အတွေးများကို လဲ ဆက်လက်တွေးဆ ဖို့မသင့်တော်ဘူး။ငါ့မှာ လုပ်စရာတွေ ရှိသေးတယ်….ဟု တွေးရင်း အဘချို၏ မျက်နှာကိုလည်း ပြန်လည်မြင်ယောင်လာတော့၏။ပေးထားတဲ့ ကတိ နဲ့လိုက်နာသင့် တဲ့ လမ်းညွှန်မှုပြီးတော့ …….ပြီးတော့….ပြီးတော့………အတွေးပေါင်းများစွာဖြင့် ခေါင်းကိုခါရမ်းပြစ်လိုက်၏။
          ကျောင်းပေါက်ဝတွင် လူသံအချို့ကိုကြားလိုက်ရ၏။သာဂိ ဟု မိမိနာမည်အားပြောဆိုလိုက်သော အသံလည်းပါ၏။ဘာပါလိမ့် ဟုတွေးပြီး ကျောင်းရှေ့သို့ လှမ်းကြည့်လိုက်သည်။ရွှေရီနဲ့ သူ့သူငယ်ချင်း တွေပါလား။အတွေးထဲတွင် ရွှေရီနဲ့ အဘချိုနေရာလုနေစဉ် ရွှေရီက လက်ဦးမှုယူပြီး သူ့ရှေ့မှောက် ရောက်လာလေပြီ….မသိချင်ဟန်ဆောင်၍ပင် လုပ်စရာရှိသည်များကိုပင်ဆက်လုပ်နေရင်း အင်း… ရွှေရီ.. ရွှေရီ ငါ့ဘဝကြီးထဲမှာ ဘယ်အတိုင်းအတာထိ ဆက်လက် နေရာ ယူနေဦး မှာလဲ….အတွေးစများသည် တောင်စဉ်ရေမရနှင့် ဆောက်တည်မှုများအားလုံးကို ကိုက်စားဝါးမျိုသွားသည်။

Tuesday, May 27, 2014

ခင်သာဇာတိ မောင်သာဂိ(၇)



အခန်း(၇)ကပ္ပိယ သာဂိ


              အရှေ့ အရပ်မှ  ထွက်ပေါ်လာသော   နေမင်းကြီးသည်   တနေ့တာ    မိမိ၏         တာဝန် များကို    ထမ်းဆောင်ပြီးပြီ   ဖြစ်၍   အနားယူ   အိပ်စက်တော့မည်    ဖြစ်၏။      ခင်သာရွာလေး၏ဆည်း ဆာ ချိန်အလှ      သည်     အရှေ့ဘက်  တွင်   လယ်ကွင်းကျယ်ကြီးများ     နှင့်         အနောက်ဘက် တွင်ပုကွကွ  အပင်ငယ်များဟိုတအုပ်ဒီတအုပ်       ပေါက်ရောက်   နေကြပြီး     တောင်ဘက်တွင်တော့    အလွန်တရာ     လှပသည့်      သဲချောင်းကြီး   တခုက      ကာရံထား သည်။          မြောက်ဘက်ခပ်လှမ်းလှမ်းတွင်    ဟိုတစု           ဒီတစု           တဲငယ်လေးများရှိသည်။   ဆည်းဆာချိန်   လည်းဖြစ်နွားများကိုချည်တိုင်ပို့သည့်အချိန်လည်း     ဖြစ်ခြင်းကြောင့်    နွားကျောင်းသား    တို့၏ အော်ဟစ်သံများ       ကြိမ်းမောင်းသံများ     အပြင်နွား    တို့၏    တွန်ကြူးသံ     ကိုလည်း       ကြားနေရမည်ဖြစ်သည်။      နွားအုပ်များ၏     ပြေလွှား   ဆော့ကစားမှုနဲ့     အတူ   နွားကျောင်းသား  တို့၏   လိုက်လံထိမ်းကျောင်းမှု        များကြောင့်          ဖုံလုံးကြီး    များလည်း    တလိမ့်လိမ့်       တက်နေမည်ဖြစ်သည်။၎င်းသည်ပင်       ခင်သာရွာလေး ၏     ဆည်းဆာ   အလှတပါး         ဖြစ်ပေ သည်။      ဒိအပြင်တော့ညို့ညို့မှိုင်းမှိုင်း   ရေးတေးတေးသာ   မြင်ရသောအရှေ့တောင်ကြီးနှင့်သစ်ပင်ငယ် အချို့ကိုပင်     ထင်ထင်ရှားရှား     မြင်နေရသော      ပဲခူးရိုးမကြီး။     ၄င်းအား    ကျော်ခွလုဆဲဆဲ        ဖြစ်နေသော    ဝိုင်းစက်စက်     နီမြန်းမြန်းနှင့်     နေမင်းကြီး။မိမိအတွက်အလွန်တရာတန်ဖိုးကြီးမား လှသည့်      အဘချို     ဟူသော       နေမင်းကြီး တဆူ    ပျောက်ကွယ်သွားပြီး       ဖြစ်၍    နှမျော တသဖြစ်ခဲ့ ရသော    သာဂိ   အဖို့    နေ့စဉ်    ဝင်ထွက်   သွားလာ   နေသော     နေမင်းတဆူ  ပြန်ဝင်  သွားခြင်း                 အတွက်  ဘာမှ    မထူးဆန်းတော့။        ထူဆန်းနေသည်ကတခါမှမဖြစ်ဖူးသော   တုန်လှုပ် စိတ်။       မှန်သည်။        သာဂိတယောက်        အလွန်ပင်    တုန်လှုပ်     ခြောက်ခြားမှု တခုကို      ခံစားနေရသည်။         တကယ်တော့လည်း      ဒီကိစ္စ   အတွက်     နဲ့တော့    တုန်လှုပ်နေစရာမလို    ဟု နားလည်ခဲ့သည်။     သို့သော်   မျက်နှာပူသည်။     ဘယ်လို    လုပ်ရပါ့မလဲ။       အမျိုးမျိုးစဉ်းစားသည်။    လူတယောက်သည်              မိမိ   ကိုယ်တိုင်   အပြစ်  တခုကို    ကျူးလွန်     ထားပါက၄င်းအပြစ်      အတွက်     တုန်လှုပ်နေမည်   မှာ    ဓမ္မတာ   ပင်        မဟုတ်ပါလော။      မျက်နှာပူမည်။ပြီးတော့    ငါ့ရဲ့        အမှား  အတွက်    သက်ဆိုင်သူ    တွေက    ဘယ်လို   တုန့်ပြန်ကြမှာလဲ    စသည်ဖြင့်   တွေးတော  နေမည်လဲ    မလွဲပေ။    သာဂိလည်း    ၄င်း  သဘောတရား   ကို မလွန်ဆန်      နိုင်သဖြင့်    ခေါင်းခဲနေပြီ     မဟုတ်ပါလော။        ဘာပဲဖြစ်ဖြစ်   လာမဲ့ဘေး     ပြေးတွေ့တာပဲ       ကောင်းပါတယ်…   မှိုင်တွေနေလို့    ဘာအကျိုး    ရှိမှာလဲ       ဖြစ်ချင်ရာဖြစ်ပါစေတော့…     ဟုတွေး၍     ဦးထွေးနဲ့ ဒေါ်အေးပုံ   တို့၏အိမ်   တည့်တည့် သို့   ခေါင်း ငိုက်စိုက် ကျလျှက်   လျှောက်လာခဲ့သည်။ဦးထွေးနှင့်   ဒေါ်အေးပုံမှာ၎င်းကျောင်းနေသော  နွား များ၏   ပိုင်ရှင်များ   ဖြစ်ကြ၍    အလုပ်ရှင်  ဟုဆိုလျှင်လည်း   မမှားပေ။       သို့သော်     သာဂိ၏    ချစ်ခင်  နှစ်လိုဖွယ်     စိတ်ထားလေး   ကြောင့်လည်းကောင်း၊ ၄င်းတို့၏တဦးတည်းသောသမီးဖြစ်သူ ရွှေရီ ကလည်း အကိုအရင်းတယောက်လို  ချစ်ခင်ပြီး နွဲ့ဆိုးလေးဖြင့် ဆိုးသမျှကို သည်းခံအလိုလိုက်ပေး တတ်သောကြောင့်လည်းကောင်း သာဂိကို သားအရင်းတယောက်လိုပင်ချစ်ခင်ကြသည်။

Monday, January 20, 2014

ခင်သာဇာတိ မောင်သာဂိ(၆)

အခန်း(၆)  ဗြဟ္မစိုရ် သာဂိ

   လင်းကြက်တို့တွန်နေပြီဖြစ်၏။ အရောင်းအဝယ်ကိစ္စဖြင့် မြို့သို့တက်ကြမည့်နွားလှည်းသံများသည်လည်း ကြားနေရပြီဖြစ်သလို သစ်ခုတ်ဝါးခုတ်ရန်အတွက် တောသို့သွားကြမည့်ရွာနီးချုပ်စပ်မှ လှည်းသံများ လူသံများကိုလည်းကြားနေရချေပြီ။     ၄င်းအသံများသည်   နေ့စဉ်စောစောထလေ့ရှိသော       သာဂိအဖို့
မထူးဆန်းတော့ချေ။ နေ့တဓူဝလှုပ်ရှားသွားလာပြီး နွမ်းကာမအေးရသည့် ဝမ်းစာရေးအတွက် လမ်းတကာပြေးနေရခြင်းသည်ပင် ခင်သာရွာကလေး၏ အကြီးကျယ်ဆုံးသော ဘဝတိုက်ပွဲများ မဟုတ်ပါလော။ထို့ထက်ကြီးမားသောတိုက်ပွဲမရှိတော့။မိမိအတွက်အလွန်တရာတန်ဖိုးကြီးမားသည့်ရတနာ
အိုးကြီးသဖွယ် တန်ဖိုးထား၍ အလွန်တရာမှ ထူးခြားသော အကြောင်းအရာများကိုပြောဆိုတတ်သော အဘချိုအား သက်ဆုံးတိုင် ချဉ်းကပ်ခစားတော့မည်ဟုဆုံးဖြတ်ထားခဲ့သည်။ဆုံးဖြတ်ထားသည့်အတိုင်းလည်း မိမိ၏ဆန္ဒအတိုင်း သက်ဆုံးတိုင် ဆည်းကပ်ခွင်ရခဲ့သည်မဟုတ်ပါလော။ ဆည်းကပ်ခွင့်ရလိုက်ပါသည်။ သို့သော် ဘာရယ်ကြောင့်မသိ အဘချိုလဲကျသွားသည်။

Monday, January 6, 2014

ခင်သာဇာတိမောင်သာဂိ (၅)



အခန်း(၅)အဘချိုရဲ့နောက်ဆုံးခရီး နဲ့ သာဂိ
  
          အဘချိုသည် ၄င်းသောက်ထားသော ရေနွေးများ သုံးအိုးမြောက် ကုန်သွားပြီဖြစ်၍ ထပ်မံလိုချင်ငြားသော် လည်း သာဂိအား ပြောချင်သည့်စကားများကိုကုန်အောင်မပြောလိုက်ရမည် ကိုစိုး၍ ထပ်တည်ခိုင်းခြင်းမပြုတော့ပဲ ရေနွေးကုန်နေကြောင်းကို မသိကျေးကျွန်ပြုထားလိုက်သည်။ လင်းကြက်ကတွန်လုဆဲ။ တခါတရံ ငှက်ဆိုးထိုးသံများကို ကျယ်လောင်စွာကြားရ၍ တခါတရံတွင် ရှည်လျှားစွာ ဆွဲဆွဲငင်ငင် အူလိုက်သော ခွေးတို့၏အသံများမှအပ မည်သည့်အသံကိုမျှမကြားရ။ အမှောင်ထုသည် လရောင်ကို ကိုက်စားဝါးမျိုပြီး တလောကလုံးကိုလွှမ်းခြုံထားပြီတည်း။ ၄င်း အမှောင်ထုကြီးအောက်မှာတော့ လူကြီးနဲ့လူငယ် နားလည်မှုအပြည့် ဖြင့် တောင်းသူက တောင်း၍ပေးသူ ကလည်း ပေးနေသည်၊ ပြောသူကပြော၍ မေးသူကလည်းမေးနေသည်လူကြီးကလည်း ငါလူကြီးပဲ မင်းထက်ငါသိတယ် ဆိုတဲ့သဘောနဲ့ စွတ်ပြောနေခြင်းမဟုတ်သလို လူငယ်ကလည်း လူကြီးပြောသမျှကို မှတ်သားစရာ များအဖြစ်ဖြင့် နာယူမှတ်သားနေသည်။ အမှန်တော့ ထိုစကားဝိုင်းလေးသည် တရားစကားများကိုထည်သွင်းဆွေးနွေးနေကြခြင်းကြောင့် မင်္ဂလာ ရှိနေခြင်း ကိုတော့နှစ်ဦးစလုံးက မသိပဲနေကြမည်မဟုတ်ပေ။ ထို့အတူနှစ်ဦးစလုံးကလည်း ရပ်တန့်ပြစ်လိုက်ဖို့ အလိုမရှိကြ၊ ရှေ့ဆက်လိုကြသည်။ လောကကြီး၏ အမှောင်တိုက်တစ်ခုလုံးကို ဖယောင်းတိုင်ငယ်တစ်ခုမှ ဖြိုခွင်းနေသလို သာဂိ၏မရင်ကျက်မှုနှင့် လူသား သဘာဝမွေးရာပါ မောဟအချို့ကို အဘချိုက ဥာဏ်ပညာအဖြစ်ပြောင်းလဲနေသည်။ လူသားတစ်ယောက်၏ အရေးပေါ်လိုအပ်ချက်တစ်ခုဖြစ်သော ဆည်းဆာချိန်မှာတန်းတစ်ခုကို အချိန်နှင့်ရင်း၍ ပင်ပန်းမှုနဲ့ငြီးငွေ့မှုများကို ဥပေက္ခာပြုရင်း အားဖြည့်ကူညီသူကလဲသာဂိဖြစ်နေပြန်သည် မဟုတ်ပါလော။
           လူကြီးနှင့် လူငယ် မိမိအကျိုးစီ်းပွါးအတွက်ရော လောကကြီး၏အကျိုးစီ်းပွါးအတွက်ပါ ဟန်ချက်ညီစွာဖြင့် လှုပ်ရှားသက်ဝင်နေသော စကားဝိုင်းကလေး။ ထိုစကားဝိုင်းလေးတွင် အဘချိုက မိမိပြောလိုရာများဆက်လက်ပြောဆိုရန် အရှိန်ယူပြီး “အေး သာဂိရေမင်း အဘကိုကူညီမယ်ဆိုရင် လိုက်နာရမဲ့စည်းကမ်းတွေတော့ရှိတယ်၊ ဒါပေမဲ့စည်းကမ်းတွေ ဘယ်လောက်များများပါကိုယ်ကိုယ်တိုင်က ဘဝတခုအတွက် ဘယ်လို ဘောင်တွေနဲ့ဘယ်လိုကန့်သတ်ပြီးဘယ်လိုလျှောက်လှမ်းမယ်လို့ချမှတ်ထားသူ တယောက်အတွက်တော့ ဘယ်နေရာက ဘယ်လိုစည်းကမ်းမျိုးပဲဖြစ်ဖြစ်ဘာမှအရေးမကြီးပါဘူး၊ မင်းက လူသားတွေကို ကူညီမယ်ဆိုတော့ ပထမဆုံးမင်းရဲ့စိတ်ကိုဖြူစင်နေအောင်ထားရမယ်"  ဟုပြောလိုက်သဖြင့်သာဂိက “ စိတ်ကိုဖြူစင်အောင်ထားတယ်ဆိုတာ ဘယ်လိုထားရမှအဘရဲ့” ဟု မေးလိုက်လေ၏။ ထိုအခါအဘချိုက “ စိတ်ကိုဖြူစင်အောင်ထားတယ်ဆိုတာ ကိုယ့်ကိုယ်ကိုလဲ လောဘဒေါသတွေနဲ့မဖျက်စီးဘူး သူများကိုလဲ လောဘဒေါသ တွေနဲ့ပျက်စီးအောင် လုပ်လို တဲ့စိတ် မမွေးဘူးဆိုရင် အဲ့ဒိ စိတ်ကလေးက ဖြူစင်နေတာပေါ့သာဂိရယ်”  ဟုပြောပြီးဆက်လက်၍ “ ဒုတိယ အနေနဲ့ ပညာတတ်အောင်   သင်ရမယ်”             ဟုပြောလိုက်စဉ်   သာဂိက       “ဘယ်လိုပညာတွေကို
သင်ရမှာလဲအဘရဲ့” ဟုဖြတ်မေးလိုက်ပြန်ပါသည်။ အဘချိုကလည်း “ ပညာဆိုတာ အတတ် ပညာနဲ့ အသိပညာနှစ်မျိုးရှိတယ်ကွဲ့ အဘ အဓိက ထားဆိုလိုချင်တာကတော အသိပညာကိုဆိုလိုချင် တာ ၊ ဘာဖြစ်လို့ လဲဆိုတော့ အသိပညာကသာလျှင် မိမိကိုယ်တိုင်ကိုလည်း အထက်တန်းကျကျ ဘဝကိုမြှင့်တင်ပေးနိုင်သလို သူတစ်ပါးရဲ့ ဘဝတွေကိုလဲမြင့်သည်ထက်မြင့်အောင်မြှင့်တင်ပေးနိုင်တယ်ကွဲ့၊ ပြီးတော့ အသိပညာကိုအခြေခံပြီး အတတ်ပညာဆိုတာ ဆက်ဖြစ်လာနိုင်တယ်၊ အသိပညာကိုအခြေခံပြီး တတ်လာတဲ့   ပညာကသာလျှင်    လောကကြီးအတွက်    ပိုပြီး      အသုံးတဲ့ တယ်သာဂိရဲ့”   ဟုပြောရင်း
သာဂိ “ဘာမေးစရာရှိဦးမလဲ”ဲဆိုတဲ့သဘော နဲ့ခေတ္တ ဆိတ်ငြိမ်နေလိုက်သည်။ သာဂိကဘာမှမမေးတော့မှ ဆက်လက်၍ “ အေး ပညာသင်တယ်ဆိုတဲ့နေရာမှာလဲ ဘယ်ပညာကို သင်သင် သင်ယူနည်းသုံးနည်းရှိတယ်” ဟုပြောပြီး ရပ်တန့်နေ၍ သာဂိက “ ဘယ်လိုနည်းတွေလဲ အဘချို” ဟုမေးလိုက်သည်။ “အဲ့ဒါပညာသင်နည်း သုံးနည်းဆိုတာ အမှန်တကယ်ကတော့ ဗုဒ္ဓစာပေကို လေ့လာတဲ့နည်းသုံးနည်းပါ၊ ဒါပေမဲ့ အဘက အဲ့ဒါကိုသဘောကျလို့ဘယ်လိုပညာရပ်ကိုပဲသင်သင် အဲ့ဒိနည်းသုံးနည်း အမြဲနှလုံးသွင်းပြီး သင်ယူလေ့ရှိတယ်” ဟုပြောပြီး ဆက်လက်၍ “တို့မြန်မာပြည် ဗုဒ္ဓသာသနာ့သမိုင်းမှာ ဗုဒ်စ ဗုဒ်လယ် ဗုဒ်ဆုံးဆိုတာရှိတယ် ကွဲ့ အဲ့ဒါကို မင်းကြားဘူးလား” ဟုမေးလိုက်သည်။ သာဂိက “မကြားဘူး”ကြောင်းပြော၍ အဘချိုက “ဗုဒ်စ ဆိုတာ တို့ဗုဒဂေါတမမြတ်စွာက သာသနာကိုစတင်ထူထောင်ခဲ့တယ်လို့ဆိုလိုတယ်ကွဲ့၊ ဗုဒ်လယ်ဆိုတာ ကတော့ မြတ်စွာဘုရား ပရိနိဗာန်
စံတော်မူပြီးတဲ့နောက်ပိုင်း မှာ မြတ်စွာဘုရားရဲ့တရားတော်တွေကိုဖျက်ဆီးမဲ့သူတွေများ လာတာ ကတစ်ကြောင်း၊ နှစ်ပေါင်းကြာမြင့်လာတာကတစ်ကြောင်းကြောင့် အဓိပ္ပါယ်တွေကရှုပ်ထွေးလာသလို သိဖို့လဲပိုမိုခက်ခဲလာခဲ့တယ်။ အဲ့ဒါကို အရှင်မဟာဗုဒဃောသ ဆိုတဲ့ကျမ်းတတ်အကျော်အမော် ဆရာတော်တစ်ပါးက ပါဠိကို ပါဠဘာသာနဲ့ပဲပြန်လည်ဖွင့်ဆိုရေးသားခဲ့တယ်ကွဲ ၊ အဲ့ဒါကို အဋ္ဌကထာလို့ခေါ်တယ်ကွဲ့၊ မြန်မာပြည်ကိုသာသနာ ရောက်ပြီးနောက်မှာတော့ ကျမ်းတတ်အကျော်အမော် မြန်မာဆရာတော်တစ်ပါးက နောက်လာနောင်သားတွေ ဗုဒ္ဓစာပေကို လွယ်လင့်တကူ သင်ယူ လေ့လာ နိုင်ဖို့အတွက်ပါဠိမြန်မာနှစ်ဘာသာ တွဲစပ်ပြီးအဓိပ္ပါယ်ဖွင့်ဆိုရေးသားခဲ့တယ် ၊ အဲ့ဒါကို တော့ နိဿျလို့ခေါ်တယ်၊ ဆရာတော်ရဲ့ဘွဲ့တော်ကိုတော် ဆရာတော်ဦးဗုဒ်လို့ပဲခေါ်ခဲ့ကြပါတယ်၊ အဲ့ဒိအတွက် မြန်မာ နိုင်ငံဗုဒ္ဓစာပေသမိုင်းမှာ ဗုဒ်စ ဗုဒ်လယ် ဗုဒ်ဆုံးဆိုတဲ့ စကားပေါ်ပေါက်ခဲ့တယ်၊ ဆိုလိုချင်တာက အဲ့ဒိအထဲမှာမှ ဗုဒ်လယ် ဖြစ်တဲ့အရှင်မဟာဗုဒဃောသ ရဲ့အကြောင်းလေးကိုနည်းနည်းပြောပြချင်တယ်၊