Friday, July 18, 2014

ခင်သာဇာတိ မောင်သာဂိ(၉)



အခန်း(၉)ကိုရင်သာဂိ

 

      ပြာလဲ့တောက်ပပြီး မိုးတိမ်ကင်းရှင်းနေသော ကောင်းကင်ပြာကြီး၏အောက်တွင် တယောက်တည်း မတ်မတ် ရပ်ရင်း တစုံတရာကိုစူးစိုက်ကြည်ရှုနေမိ၏။လေသည် တခါတရံတွင် ခပ်ကြမ်းကြမ်း တိုက်ခတ် လာပြီး တခါတရံလေနုအေးလေးတိုက်ခတ်၏။သာဂိ၏စိတ်သည်လည်း ၄င်းတိုက်ခတ်နေသော လေ၏ သာန် နှင့်တူစွာ ငြိမ်သက်လိုက်လှုပ်ရှားလိုက်နှင့် ဖြစ်နေ၏။ကောင်းကင်ပြာကိုနောက်ခံထားလျှက်ရှိသော
 ရွှေရီ၏အပြုံးလေးများပေါ်လာလျှင် သာဂိ၏နူုးညံ့သောစိတ်အစဉ်သည် လှုပ်ခတ်ရွေလျှားလာပြီး မင်းပေးခဲ့တဲ့ ကတိတွေဟာ အပျော်တမ်းမဟုတ်ဘူး သာဂိ          ဟူသောအသံနဲ့  အတူပေါ်လာသော   အဘချို၏ မျက်နှာ ကိုမြင်လျှင် ငြိမ်သက် အေးဆေးသွားတတ်၏။ သာဂိ၏ ခန္ဓာကိုယ် တည်းဟူသော နိုင်ငံတော်တခုတည်းတွင်နှလုံးသားသည်တခါတရံမင်းမူအုပ်စိုး၍တခါတရံတွင်အသိဥာဏ်တည်းဟူသော
ဦးနှောက်ကမင်းမူအုပ်စိုး၏။အသိဥာဏ်နှင့်နှလုံးသားထိုးစစ်ထိုးနေခြင်းဟုလည်းဆိုနိုင်၏။အသိဥဏ်က
အနိုင်ရသောအခါတွင်အဘချိုသည်ဦးစားပေးအဆင့်သို့ရောက်လာ၏။နှလုံးသားကအနိုင်ရသောအခါတွ
င်ရွှေရီသည် ဦးစားပေးအဆင့်သို့ရောက်လာ၏။၎င်း ရွှေရီနှင့် အဘချိုတို့၏မျက်နှာများကိုမြင်ယောင်လာမှုသည်တဖြည်းဖြည်းမြန်လာ၏။ထို့ကြောင့်သာဂိ၏ စိတ်ဖြစ်စဉ်ပြောင်းလဲမှုသည်လည်း လှုပ်ရှားလိုက် ငြိမ်သက်သွားလိုက်နှင့်ဖြစ်လာ၏။ကိုယ့်ခံစားမှုဝေဒနာကို ကိုယ်တိုင်ပြန်သုံးသပ်မိ၏။ ၄င်းဝေဒနာကိုမကြိုက်။ လုံးဝမခံစားလို။ သို့သော် ၄င်းမျက်နှာနှစ်ခုသည် တပြိုင်နက်ပေါ်လာသည်ဟု ထင်ရလောက် အောင် မြန်ဆန် လာခဲ့သည်။မခံစားနိုင်တဲ့အဆုံး သွားကြ သွားကြ ငါ့အနားကိုဘယ်သူမှမလာနဲ့သွားကြ     ဟု ထ အော်ပြစ်လိုက်သည်။
          ဆရာတော်က ရေလာတိုက်သည်။ သာဂိ စိတ်ကိုငြိမ်ငြိမ်ထား။ ဖြစ်ပျက်ခဲ့သမျှတွေ အားလုံးကို ခဏလောက် ကြိုးစားပြီး မေ့ထားလိုက် ဟုပြော၍ ပုတီးတကုံး ပေးပြီး ပြန်ကြွသွားသည်။ အိမ်မက်မက်၍ ထအော်မိကြောင်းကိုသိ၍ အနည်းငယ်လန့်မိသလို ရှက်လည်းရှက်မိသည်။ နဖူးပြင်ပေါ်မှ စီးကျနေသော ဇောချွေးများကို  လက်နဲ့  ပွတ်သပ်လိုက်ရင်း           ဆရာတော်  လာချပေးသွားသည့်      သောက်ရေကို
သောက်ပြီး  အိပ်မက်ဆိုတာ  မိမိကိုယ်တိုင်ပြုလုပ်ခဲ့တဲ့အရာတွေ၊  ၄င်းအရာတွေနဲ့   ဆက်စပ်ကိရိယာတွေ၊နေရာဒေသတွေ၊ ပြီးတော့နောက် အနာဂတ်မှာဖြစ်လာမဲ့အရာတွေ၊ အဲ့ဒိသုံးခု ထဲကတခုခုက မိမိရဲ့မသိစိတ်မှာ လာရောက်ကပ်ငြိဖြစ်ပေါ်လာခြင်းပဲဖြစ်တယ် လို့ဆရာတော် မိန့်ကြားခဲ့တဲ့စကား ဟာသိပ်မှန်တာပါလားဟု တွေးရင်း သက်ပြင်းရှည်ကြီး တခုကိုချလိုက်သည်။    
      အတွေးစများနှင့်ပြန်လည်အိပ်စက်ရန်မဖြစ်နိုင်တော့၍ မျက်နှာထသစ်လိုက်သည်။ဘုရားစင်ရှေ့ရှိ တိုင်ကပ်နာရီကြီးကိုကြည့်လိုက်ပြီး နံက်လေးနာရီထိုးနေပြီဖြစ်၍ သံဃာတော်များအတွက် နံက်အာရုဏ်ဆွမ်းအလို့ငှာ ယာဂုပြုတ်ခြင်း၊ဘုရားရှိခိုးခြင်းများကို ပြုလုပ်လိုက်သောကြေင့် အတွေးထဲတွင် စိုးမိုးနေသောအရာများ မေ့ပျောက်ခါ လန်းဆန်းလာပြီး ငြမ်းချမ်းသောခံစားချက်တခုကို ခံစားလိုက်ရသည်။ ၄င်းငြိမ်းချမ်းမှုကြောင်အတော်လေးလဲနေသာထိုင်သာရှိသွားကြောင်း ကိုသတိပြုမိလိုက် သည်။ထို့ကြောင့် တယောက်သောသူကို       ချစ်ခင်တပ်မက်စွဲလမ်းမှုတည်း    ဟူသော တဏှာနှင့်     လူတယောက်၏အလို ဖြည်းဆည်းပေးချင်မှုတည်းဟူသော ကြီးမားသည့်ဆန္ဒ၊ နှစ်ခုစလုံးသည် နှလုံးအိမ်သို့မသိမသာဝင်ရောက်ပြီး ပူလောင်မှု ဆင်းရဲကိုဖြစ်စေပါလား ဟုကောက်ချက်ချသည်။မှိုင်တွေငေးမောနေခြင်းထက်တစုံတရာကို ပြုလုပ်နေခြင်းက လူတယောက်အတွက်တည်ငြိမ်မှုကိုပေးစွမ်းနိုင်ပါလား  ဟူသော   အသိတခု ကိုလည်းရ လိုက်သည်။   လူကြီးသူမများ မကြာခဏပြောကြားလေ့ရှိသော   လူအလုပ်မရှိက  ပွေသည်၊   စိတ်အလုပ်မ ရှိက  လေသည် ဟူသော စကားလေးတခွန်းကိုလဲ နှစ်နှစ်ကာကာ လက္ခံလိုက်သည်။ထို့ကြောင့် ကျောင်း တွင်း ရှိ မိုးတွင်းစာအတွက်လာရောက်လှူဒါန်းထားသော ထင်းချောင်းအရှည်များကို အဆင့်သင့်သုံးနိုင်ရန်  ခုတ်ဖြတ်သည်။   ကြီးမားသော ထင်းတုန်းများကို ပေါက်ဆိန်နှင့်  ပေါက်ခွဲသည်။ ကျောင်းနှင့် ကီုခေါ် သံဃာ သုံးအိမ်သာသို့သွားရာလမ်းကိုဂဝံကျောက်များထုခွဲ၍လမ်းခင်းသည်။ကျောင်းပေါက်ဝတွင် ခရီးသွား ခရီးလာများ အမောပြေဝင်သောက်နိုင်ရန်ရေအိုးစင်တည်သည်။ထိုသို့ ကျောင်းနှင်ပတ်သက်၍ လိုအပ်သည် ထင်သမျှကို မနားမနေလုပ်လိုက်သဖြင့် နှလုံးအိမ်ကိုလှုပ်ကိုင်လျှက်ရှိသော ရွှေရီသည်လည်းကောင်း၊ ဥာဏ်
ပညာအသိတရားကိုလှုပ်ကိုင်ခါရမ်းနေသောအဘချိုသည်လည်းကောင်း စကြာဝဠာတိုက်တသောင်းအနက် သာဂိနေထိုင်တည်ရှိသောစကြာဝဠာနှင့် အဝေးဆုံးတနေရာသို့လွင်စင်ပပျောက်သွားပါလေတော့သည်။ 
        ရှင်ပြုရမည့်နေ့သည်လည်း တနေ့ထက်တနေ့နီးကပ်လာသည်။တနေ့သာဂိအလုပ်လုပ်နေရာသို့ သာဂိ၏အကိုလတ်ဖြစ်သူ ပြည့်စုံဆိုသူရောက်လာ၏။သာဂိကတော့ အတော်အံ့သြနေသည်။ ၄င်း၏ အကို များသည် အဘချို ဈာပနမတိုင်ခင်ကလည်းလမ်းတွေ့လျှင်တောင်နှုတ်မဆက်ဘဲ အဝေးမှမြင်သည်နှင့် လမ်းကြောင်းပြောင်း၍ရှောင်သွားတတ်သူများဖြစ်သည်။ရှောင်စရာလမ်းမရှိ၍ မျက်နှာချင်းဆိုင်တည့် တည့် တိုးခဲ့လျှင်လည်းဘာရယ်ကြောင့်မသိမျက်နှာလွှဲသွားတတ်ကြသူများဖြစ်သည်။အဘချို၏ကိစ္စအတောအတွင်း မှာတော့တက်ညီလက်ညီဝိုင်းဝန်းလုပ်ကိုင်ပေးကြပြီး အနည်းငယ်ပြောဆိုဆက်ဆံမှုရှိခဲ့သည်။ထို့နောက်တွင်တော့ပြောဆိုရန်ကိစ္စထွေထွေထူးထူးမရှိ၍မပြောဆို
မိခဲ့။  သို့သော်ယနေ့မှတိုက်တိုက်ဆိုင်ဆိုင်ကြီးပေါက်ချ
လာပြီး သာဂိ ငါနင့်ကို ပြောစရာရှိတယ် နင်အချိန်ရလား ဟု အပြုံးအမဲ့ကင်းသော မျက်နှာထားနှင့် ပြောသည်။သာဂိကလည်း အစ်ကိုများနှင့် အေးအေးဆေးဆေး နွေးနွေးထွေးထွေးစကားပြောလိုသော ဆန္ဒရှိခဲ့သည်ဖြစ်သောကြောင့် အေး ငါအချိန်ရပါတယ် နင်ဘာပြောချင်လို့လဲ ပြောလေ ဟု ပြန်ပြောလိုက်သည်။ 
    ဘုန်းကြီးကျောင်းထဲမှာ ငါမပြောချင်ဘူးလယ်တဲကိုလိုက်ခဲ့ပါလား ဟုပြော၍ လိုက်သွား သည်။ လယ်တဲသို့ရောက်သောအခါ  ပြည့်စုံက ……..  ဟိုကောင်စိုးဦးတုန်းက မမြမြအတွက် နင်ကိုယ်တိုင် ကဗျာတပုဒ်ရေးပေးခဲ့တာ နင်မှတ်မိလား ဟုမေးလိုက်သည်။ 
      အင်း မှတ်မိပါတယ်…ဒါပေမဲ့ ငါအဲ့ဒိကဗျာကို မရတော့ဘူး ဘာဖြစ်လို့လဲ ဟုအံ့သြသောအကြည့်နှင့်ပြန်မေးလိုက်သည်။ နင့်လည်ပင်းက လက်စွပ်ကရော ဟိုကောင်မလေး ရွှေရီ ပေးထားတာမဟုတ်လား ဟု မဆီမဆိုင် မေးခွန်းတစ်ခုကို ပြည့်စုံကထပ်မေးလိုက်ပြန်သည်။မေးခွန်း၏ အဆုံးသာဂိ၏ရင်ဘတ်တစုံမှာ သိသိသာ ချိနဲ့လှုပ်ခတ်သွားရသည်ကို သာဂိမှ တပါးမည်သူ မှသိလိုက် မည်မဟုတ်။ထို့ကြောင့် အနာဟောင်းမှ အနာသစ်ပြန်ဖြစ်လာမည်ကို ကြောက်သော သာဂိ က နင်ဘာတွေ ပြောနေတာလဲ ဟိုမေးဒီမေးရှောက်မမေးနဲ့နင်ပြောချင်တာကို တိုက်ရိုက်ပြော ငါစိတ်မရှည်တော့ဘူး ဟု ဟောက်ပြော ပြောလိုက်သည်။ထိုအခါမှ ပြည့်စုံက အရှက်တဝက် အပြုံးတဝက်မျက်နှာနှင့် ငါ့မှာလဲ ချစ်ရမဲ့သူရှိနေပြီ ဟ ဒါပေမဲ့ ငါ ငါ ဘယ်လိုကနေ ဘယ်လိုစရမှန်းမသိဘူးဖြစ်နေတယ်… 
   ဘယ်ကကောင်မလေးလဲ……….ဟိုဘက်ရွာက စန္ဒာလေ ကလေး တယောက် အမေ နင်သိတယ် မဟုတ်လား သူ့ကလေးမွေးပြီး သိပ်မကြာခင်ပဲ သူ့ယောက်ျားဆုံးသွားတာလေ…အော် သိပြိ နင်က အဲ့ဒိကလေးတယောက်အမေ မုဆိုးမလေးကို ကြိုက်နေတယ်ဆိုပါတော့…ဟုတ်တယ်…အဲ့ဒါ ငါက ဘာလုပ်ပေးရမှာလဲ ယူသင့် မယူသင့်ဆုံးဖြတ်ပေးရမှာလား…ငါကတော့ အဲ့ဒိကိစ္စနဲ့ပတ်သက်လာရင် မဆုံးဖြတ်တတ်ဘူး နင်ကြိုက်ရင်ယူလိုက်ပေါ့….ဟာ မဟုတ်ဘူး ငါကကြိုက်တယ် သူကပြန် မကြိုက် သေးတာ….ပြန်မကြိုက်သေးတာဆိုတော့ နင်နည်းနည်းပါးပါးတော့ တည်းခေါက်ကြည့်ပြီးပြီ ဆိုတဲ့ သဘော လား…အေး ဟုတ်တယ် ငါကပြောပြီးပြီ ဒါပေမဲ့ သူက ငါဘာပြောပြော ငါလိုမုဆိုးမကိုယူမဲ့အစား တခြားလှတာ ငယ်တာချောတာလေးတွေအများကြီးရှိပါတယ်ဟာ တခြားလူကိုရှာပါ ငါ့ဘဝက ကံမကောင်းလို့ မုဆိုးမဖြစ်နေပြီ ပြီးတော့နင် ဘွဲ့ရအောင်ယူပါ ငါက ဆယ်တန်းတောင် အောင်တာ မဟုတ်ဘူး နင့်ကိုငါလိုမုဆိုးမနဲ့လဲမငြားစေချင်ဘူး ဘဝကို ဆင်းဆင်းရဲရဲနဲ့ ရပ်တည် လျှောက်လှမ်း နေရတဲ့ သူတယောက်နဲ့လဲ မရစေချင်ဘူး ပြီးတော့ ငါ့မှာက ကလေးတယောက်နဲ့ဆိုတော့  နင်လိုလူပျိုလူလွတ် ပညာတတ် ဥစ္စာပေါ ရုပ်ချောနဲ့မထိုက်တန်ပါဘူး ပြီးတော့ နေတစင်းလို လင်းလက် တောက်ပလာမဲ့သူတယောက်ကိုလဲ ငါ့ဘဝ လမိုက်ညမှာ လောင်းရိပ်မမိစေချင်ဘူး ဘာညာနဲ့ အဲ့သလိုစကားတွေချည်းပြောပြောလွှတ်တယ်ဟာ…ငါ့ဘယ်လိုရှေ့ဆက်ရမှန်းမသိတော့ဘူ ငါကလဲ သူမှ သူဖြစ် နေတယ်ဟာ အဲ့ဒိတော့နင်က စိတ်ကူးကောင်းတယ် ဘာလုပ်ရင်ကောင်းမလဲလို့ ငါ့ကို နည်းနည်း ဝိုင်းပြီးစဉ်းစားပေးပါလား….     သူကနင့်ကိုအဲ့သလိုပြောတာသေချာတယ်ဆိုရင်တော့ နင့်ကို သူတကယ် ချစ်လို့ပဲ ဟကဲထားပါ နင်သူ့ကို တကယ်ပဲ သားမှတ်မှတ် မယားမှတ်မှတ်နဲ့ လက်ထက်ယူမှာသေချာလား သေချာပါ တယ် ဟ   အေး ခုရှုပ်မှနောင်ရှင်း ငါနင့်ကို သေသေချာချာပြောထားမယ် ငါ့အယူအဆကတော့ ဘယ်လိုမိန်းမမျိုးကိုယူတယ်ဆိုတာ အရေးမကြီးဘူး အဲ့ဒိယူထားပြီးတဲ့ မိန်းမတစ်ယောက်ကို ဘယ်လို ပေါင်းသင်းပြုစုစောင့်ရှောက်တယ်ဆိုတာပဲအရေးကြီးတယ်….အဲ့ဒိ သဘောတရားကိုရောလက္ခံလား…. လက္ခံတာပေါ့…ဒါဆိုရင် နင့်အနေနဲ့ သူ့ကို တသက်လုံးပေါင်းမယ်ဆိုတာရောသေချာလား… သေချာ ပါတယ်ဆို…ကောင်းပြီ သူ့ကလေးကို ရော အဖေအရင်းတယောက်လို ပြုစုစောင့် ရှောက်နိုင် ပါ့မ လား… သူနဲ့ပတ်သက်လာရင် အကုန်သေချာတယ် အကုန်လုပ်နိုင်တယ် ဟာ နင်ဘာမှဆက်မမေးနဲ့တော့… အေးဒါဆိုရင် ကြိုက်သွားပြီ နင်နဲ့ငါနဲ့အခု အဲ့ဒိအိမ်ကိုသွားမယ် ….ဘာသွားလုပ်မှာလဲ…နင့်ကို ငါသူနဲ့ ပေးစားမလို့…ဟာ ဟုတ်ပါ့မလား သာဂိရယ် သေချာမှလဲလုပ်စမ်းပါဦး တော်ကြာနှစ်ယောက် စလုံး ပြေး ပေါက်မှားနေပါဦးမယ်….ကဲ တို့ကိုမတရားလုပ်တယ် ထင်လို့ လိုက်ဖမ်းမယ်ဆိုရင် ဘယ်သူတွေ လိုက်ဖမ်းနိုင်လဲ…ဟာ ရွာသားတွေလိုက်ဖမ်းမှာ ပေါ့ သူတို့ရွာသူကို တခြားရွာက ညီအစ်ကိုနှစ်ယောက်ကဝိုင်းပြီး သိက္ခာချစော်ကားနေပါတယ် ဆိုပြီးတော့လေ…ဟုတ်ပြီအဲ့ဒိတော့ အဲ့ဒိအိမ်ကိုနင်တယောက်တည်း အရင်သွားနှင့် အဲ့ဒိဒို့ကိုလိုက်ဖမ်းနိုင်တဲ့ ရပ်ကွက်လူကြီးနဲ့တရွာလုံးကို ခေါ်ပြီးငါလာခဲ့မယ်….ပြီတော့ ငါ ကဗျာလေးတပုဒ်ရေးပေးလိုက်မယ် ရောက်ရောက်ချင်းသူ့ကိုအဲ့ဒိစာ ပေးဖတ်လိုက်…နောက်နာရီဝက်လောက်ေ
နရင် ငါနဲ့ရွာသားတွေရောက်လာမယ် နင့်တို့နှစ်ယောက် ကိုပေးစားမယ်…ဟာ ဖြစ်ပါ့မလားဟာ အဲ့သလိုကြီးလုပ်လို့…နင်မယုံရင် ငါပြန်တော့မယ် ငါလုပ်ပေးနိုင်တဲ့နည်းနဲ့ငါလုပ်ပေးမှာ ..ပြီးတော့ ငါတို့ညီအကိုတွေအကြောင်းကို ပတ်ပတ်လည် ဆယ်ရွာ လောက်ကအထိအကုန်သိတယ်…အဲ့ဒါကိုမှနင်က ကြောက်နေမယ်ဆိုရင်တော့ ငါလဲဘာမှတတ်နိုင်တော့မှာ မဟုတ်ဘူး…ကဲပြန်ရမှာလားပြော………..မပြန်ပါနဲ့ဟာ နင်ပြောသလိုပဲငါလုပ်ပါ့မယ်..ဒါဆိုရင် ဘောလ်ပင်နဲ့စာရွက်တရွက်ပေး ဟုပြောပြီးမှင်မှင်ပါပါနှင့် တဲကလေးကိုမှီပြီး ကြိတ်ပြုံးနေလိုက်သည်။ ပြည့်စုံက တဲကလေး၏တံစက်မြိတ် ခေါင်မိုးတွင်ထိုးထားသော စာအုပ်နှင့် ဘောလ်ပင်ကို ထုတ်ပေးလိုက်၍ သာဂိက အောက်ပါအတိုင်းချရေးလိုက်သည်။

             သူရိယဘွဲထူး မဆွတ်ခူးပါရစေနဲ့ချစ်စန္ဒာ
             နေ့ညဆိုတဲ့ဂျူတီ မတူညီမှုတွေကြောင့်
            အာကာမှာနေရပေမဲ့ ဗျာပါတွေပွေရမှာမို့
            ချစ်စန္ဒာအလှမွေးတဲ့
            ယုန်ကလေးကိုပဲ ထိန်းပါရစေ……။
    အထက်ပါကဗျာအားရေးချလိုက်ပြီးနောက် ရော့ နင့်လက်ရေးနဲ့နင်ပြန်ကူးသွား ဟုပြောပြီး ပြည့်စုံကို လှမ်းပေးလိုက်သည်။အချစ်ပူမိပြီးကြံရာမရဖြစ်နေသော ပြည့်စုံကလည်း ဆရာတယောက်၏ညွှန် ကြားချက်ကို လိုက်နာဆောင်ရွက်နေရသည့်တပည့်တယောက်အလား ကုတ်ကုတ်ကုတ်ကုတ်နှင့် သာဂိ၏ ခိုင်းစေချက်အတိုင်း ကဗျာလေးကို မိမိလက်ရေးဖြစ်အောင်ကူးချပါလေတော့သည်။ထို့နောက် နင်သွားနှင့် နင်ရောက်ပြီးနာရီဝက်နဲ့တနာရီအတွင်း ငါတို့ရောက်လာမယ် ငါရောက်လာရင် ငါဘာမေးမေး ဟုတ်တယ် မှန်တယ် လုပ်မယ် ကိုင်မယ် ပြော…ငါဘာမေးမေး ဘူးမညင်းနဲ့ ကဲသွားပေးတော့ ငါလဲ စီစဉ်စရာရှိတာ စီစဉ်ဖို့သွားလိုက်ဦးမယ် ဟုပြောပြီး ထွက်ခွါလာခဲ့သည်။ 
    သာဂိသည် ရိုးသားခြင်း တည်ကြည်ခြင်း ဟုတ်တိုင်းမှန်စွာပြောဆိုတတ်ခြင်း လုပ်ရမည်အလုပ် ပြောရမည့်စကားကို ရဲရဲတင်းတင်းပြောဆိုလုပ်ကိုင်တတ်သူပီပီ ၄င်းမစန္ဒာ၏ရွာမှ ရွာသူကြီးအိမ်သို့ ဦးတိုက်သွားပြီး ၄င်း၏အကိုဖြစ်သူ ပြည့်စုံသည်မစန္ဒာဆိုသူအား ချစ်ခင်နှစ်သက်မြတ်နိုး နေကြောင်း၊ မစန္ဒာမှာပြည့်စုံအား ပြန်လည်ချစ်ခင်မေတ္တာမျှသော်လည်း  ကလေးတယောက်အမေမုဆိုးမဖြစ်ခြင်းကြောင့် သိမ်ငယ်ပြီး လက်မခံပဲရှိနေကြောင်းစသည်ဖြင့်ပြောကြားပြီး ရွာလူကြီးတယောက်အနေနဲ့ လိုက်ပါ ဆောင်ရွက်ပေးစေလိုကြောင်းကိုထပ်မံတောင်းဆိုလိုက်သည်။ရွာလူကြီးကကိစ္စမျိုးသည်တဖက်
လူကြီးမိဘ
တွေကအခြားတဖက်လူကြီးမိဘတွေကို သွားပြောရန်သာရှိကြောင်း၊ရွာလူကြီးနှင့်လဲမဆိုင် သာဂိလိုညီအ ငယ်ဆုံး တယောက်နှင့်လဲ မဆိုင်ကြောင်းကိုပြောသော်လည်း သာဂိက သူ၏မိဘများသည် သား လေး ယောက်စလုံးအား    အချစ်ရေး  အိမ်ထောင်ရေး     ကိစ္စများတွင်မတောင်းဆိုကဝင်ရောက်ပတ်သက်မည်မ
ဟုတ်ကြောင်းနှင့်အကယ်၍ဖြစ်နိုင်မည်ဆိုပါက၄င်းစန္ဒာ၏မိဘများအိမ်သို့လိုက်ပါပြီးသဘောတူလက်ခံဖို့
ဝိုင်းဝန်းပြေားကြားပေးစေလိုကြောင်းကိုပြန်လည်ပြောကြားလိုက်သည်။     ထို့ကြောင့်ရွာလူကြီးနှင့်သာဂိတို့နှစ်ယောက်မစန္ဒာ၏မိဘများရှိရာသို့ရောက်လာခဲ့ကြသည်။၎င်းတို့သည်
သာဂိနှင့်ရွာလူကြီးကိုမြင်သည်နှင့်လှိုက်လှဲစွာကြိုဆိုဧည့်ခံကြသည်။                 စန္ဒာ နင့်အတွက်ငါကဗျာလေးတပုဒ်စပ်ခဲ့တယ်ဖတ်ကြည့်ပါလား…. ဘာလဲ နင်ငါ့ကို ဘယ်လောက်ချစ်တယ် ဘယ်လိုချစ်တယ် ငါ့အချစ်ကိုလက္ခံပေးပါ ဒါပဲမဟုတ်လား မဟုတ်ပါဘူး ဒီတခါနင့်အတွက် ငါသေသေချာချာ ခံစားပြီးတော့ ရေးခဲ့တာပါ..နင်ဖတ်ကြည့်စမ်းပါ  ကဲ  ပေးပေး   ဖတ်မှစိတ်ချမ်းသာ မယ်ဆိုတော့လဲ ဖတ်ပေးရမှာပေါ့…ဟုပြောပြီး ပြည့်စုံ၏လက်ထဲရှိစာကို လှမ်းယူပြီး ဖတ်လိုက်သည်။ထို့နောက် ပြည့်စုံ၏မျက်နှာကို သေချာစွာတချက်စူးစူးစိုက်စိုက်ကြည့်လိုက်ပြီး တကယ်ပဲလား ပြည့်စုံရယ်..ငါတော့မယုံနိုင်အောင်ပါပဲ……ဟုပြော၍ ပြည့်စုံကလည်း ငါတိုတော့ ဓလေ့ရဲ့ ဓလေ့ထုံးစံမှာ တသက်စာလက်တွဲဖို့ မချစ်ခင်မမြတ်နိုးပဲချစ်ရေးဆိုတဲ့ထုံးစံရှိခဲ့လို့လား စန္ဒာ ရယ် ….ငါ ရှင်းရှင်း ပြောမယ် နင်ဒုက္ခရောက်ဆင်းရဲတာကိုမကြည်ရက်လို့နင့်ကိုအခုလိုကြိုး စားပိုးပန်း နေတာ မဟုတ်ပါဘူး..ငါကိုယ်၌ကနင့်အချစ်ကိုမရရင် ရင်ဖတ်ထဲမှာစို့တပ်ထားသလိုခံစားနေရလို့ပါ ဟု စိတ်ကို တင်း၍ ရင်ထဲတွင် ခံစားရသမျှကိုအန်ထုတ်လိုက်ပါတော့သည်။ပြည့်စုံ၏စူးစူးစိုက် စိုက်အကြည့်နဲ့ အတူ ဖွင့်ချလိုက်သည့် စကားလုံးများ၏အဆုံး၌ မစန္ဒာလဲ ဆက်လက်ဟန်ဆောင်ခြင်းငှာမစွမ်းနိုင်တော့သဖြင့်ပါးပြင်မို့မို့နှင့်သွေးကြောစိမ်းစိမ်းလေးများပေါ်သို့ 
 နှလုံးသားကိုမြစ်ဖျားခံသောမျက်ရည်မြစ်တစီးဖြတ်သန်းစီး
ဆင်းသွား၏။၎င်းအချင်းအရာကိုမြင်လိုက်သော ပြည့်စုံကလည်း ၄င်း၏သန်မာထွားကြိုင်းသည့် လက်မကြီးနှင့်လှမ်းသုတ်ပေးရင်း မစန္ဒာ၏ လုံးထွေး ဖြူရွပြီးနူးညံ့သည့် ခန္ဒာကိုယ်လေး ကိုသိုင်းဖက်လျှက် ရင်အုပ်ကျယ်ကြီးထည့်သို့စွဲထည့်ထားလိုက်သည်။ နှစ်ယောက်စလုံးဘာစကားမျှမပြောဖြစ်ကြပဲ တိတ်ဆိတ်ငြိမ်သက်လျှက်နှင့်ပင် အပြန်အလှန်တင်းကြပ်စွာ အချိန်ကြာမြင့်သည် အထိ ဖက်ထား လိုက်ကြသည်။ပတ်ဝန်းကျင်တခုလုံးငြိမ်သက်နေသော်လည်း ၄င်းတို့နှစ်ဦး၏ရင်ထဲတွင် မည်သို့ မည်ပုံ ရှိလိမ့် မည်ကို ၄င်းတို့ကိုယ်တိုင်ပင်သိပေလိမ့်မည်။ 
   သာဂိ၊ရွာလူကြီးနှင့် မစန္ဒာ၏မိဘများသည် ပြည့်စုံတို့ရှိရာသို့ဦးတည်ချီတက်လာခဲ့သည်။ထို့နောက် သာဂိက လူကြီးများအား ခြံစည်းရိုးတွင်ခေတ္တစောင့်ဆိုင်းရန်ပြောကြားပြီး ၄င်းကိုယ်တိုင်ကတော့ မစန္ဒာနေထိုင်ရာတဲလေးထဲသို့ဝင်သွားသည်။   ၄င်းတို့အစဉ်ပြေနေပုံကိုကြည့်၍အနှောက်အယှက်မပေး
လိုသော်လည်း လူကြီးများပါလာသည်ဖြစ်၍ ချောင်းဟန့်သံပေးလိုက်သည်။ထို့နောက်လူကြီးများအားခြံထဲသို့ဝင်လာရန်
အချက်ပြလိုက်သည်။မစန္ဒာက ရှက်လွန်း၍မျက်နှာများနီရဲနေသော်လည်း ပြည့်စုံက အောင်မြင်ထားသူတယောက်ဖြစ်၍အစစအရာရာ
တက်ကြွနေသည်။ထို့နောက်ရွာလူကြီးက သမီးစန္ဒာရေ အဘတို့ကတော့ သာဂိပြောပြလို့အားလုံးသိပြီးပြီ သမီးရဲ့မိဘတွေကလဲ အားလုံးသမီး ဆန္ဒအတိုင်း ပဲလို့ပြောတယ်၊သမီးသဘောကရော ဟု မေးလိုက်သည်။ထိုအခါ မစန္ဒာက ရှက်လွန်း၍ မျက်နှာကို အောက်သို့စိုက်ချထားသလို ပြည့်စုံကလည်းတစုံတခုပြောရန်ဟန်ပြင်လိုက်သော်လည်း ဘာသံမှ ထွက်မလာသဖြင့် သာဂိက မစန္ဒာလည်းသဘောတူသွားပါပြီ ကျနော်ကိုယ်တိုင် သူတို့နှစ်ယောက် ဖက်ထားကြတာကိုတွေ့လိုက်လို့ချောင်းဟန့််ပေးလိုက်ရပါတယ်ခင်ဗျာ ဟုဝင်ပြောလိုက်သည်။မစန္ဒာက သာဂိကို မသိမသာမော့ကြည့်ပြီး ပြုံးစိစိလုပ်လိုက်သလိုပြည်စုံကလည်းတော်လိုက်တဲ့ငါ့ညီ ဟု စိတ်ထဲကြိတ်၍ချီးကြူးလိုက်သည်။မစန္ဒာ၏အဖေက ငါတို့လဲဘယ်လောက်ပဲသဘောတူတူ မင်းတို့လဲ ဘယ်လောက် ပဲ ချစ်ချစ် နှစ်ဘက်မိဘသဘောတူညီမှုမရရင် ငါတို့မပေးစားနိုင်ဘူး..အဲ့ဒိတော့ ကောင်လေး တွေ အိမ်ပြန်ပါ…မင်းတို့မိဘတွေကို အသိပေးပါ…သဘောတူလက္ခံတယ်ဆိုတဲ့နေ့ လာခဲ့ကြ… မင်းတို့ မိဘတွေမပါပဲဒီရွာမှာ မင်းတို့မျက်နှာတွေကိုလုံးဝမမြင်ချင်ဘူး…ဟုပြောလိုက်၍ ညီအကို နှစ်ယောက်ပြန် လာခဲ့ကြ သည်။ဘာပဲပြောပြော သာဂိကလည်း သူတာဝန်ကျေသည်ဟု ခံစားရသလို ပြည့်စုံကလည်း သာဂိကို အထူးတလည်ကျေးဇူးတင်သည်။ကျေးဇူးတင်ကြောင်းကိုလဲ အပြန်လမ်းတလျှောက် တဖွဖွ ပြော၍ မဆုံး။၎င်းတို့၏မိဘများကလဲ ၄င်းကိစ္စအတွက် ငြင်းဆန်လိမ့်မည် မဟုတ်ကြောင်း ကြိုတင်တွက်ဆထားကြ ပြီးမဟုတ်ပါလော။ 

                      ဒီမယ် သာဂိနင်နဲ့ငါအသက်ချင်းသိပ်မကွာပေမဲ့ နင့်ကိုခိုင်းကောင်းလွန်းလို့ကိုကြီးသာဂိကိုကြီးသာဂိလို့ခေါ်လာခဲ့တာ။ခိုင်းကောင်းတယ်ဆိုတာ တခြားမဟုတ်ပါဘူး။ငါရဲ့လိုအပ်ချက်မှန်သမျှနင်က တခုမကျန်လုပ်ပေးခဲ့တယ် ။အဲ့ဒိအပေါ်ငါကျေနပ်တယ်၊သာယာတယ် လို့ဆိုလိုတာပါ။နင်လဲ ငါ့ရဲ့လိုဘ တစ်ခုကိုဖြည့်ဆီးပေးပြီးတိုင်းကျေနပ်နေတယ်၊ပျော်ရွှင်နေတယ်၊အားရနေတယ်ဆိုတာ နင်မပြောလဲ ငါသိပါတယ်။ဒါပေမဲ့ နင်ဟာသိပ်ပြီးဟန်ဆောင်ကောင်းတဲ့လူတယောက်ပဲ။နင်တသက်လုံးလဲ မှတ်မိနေမှာပါ။ ငါလဲတသက်လုံးမေ့ လို့ရမှာမဟုတ်ဘူး။ငါရေချိုးခန်းထဲမှာ လဲကျသွားတဲ့နေ့ ကလေ။ နင်ငါ့ကို အော်ခေါ် နေတာ ငါကြားသားပဲ။နင့်ကို အမြင်ကပ်လို့သက်သက်မထူးပဲနေခဲ့တာ။ဒါကို နင်ကစိတ်ပူပြီး ငါရှိတဲ့ ရေချိုးခန်းဘက်ထဲကိုရောက်လာခဲ့တယ်။ငါလဲ နင့်ခြေသံကို ကြားကြားချင်းပဲ ရေချိုးခန်းထဲမှာ ပြစ်လှဲနေလိုက်တယ်။နင်က စိတ်ပူလွန်ပြီး ငါ့ကို အိမ်ပေါ်ပွေ့တင်သွားတယ်။ပြီးတော့ငါ့ကို အဝတ်အစား တွေလဲပေးတယ်။အဲ့ဒိအချိန်မှာငါနင်ကိုနောက်နေတဲ့အကြောင်းထပြီးပြောလိုက်ချင်တယ်။
ဒါပေမဲ့ နင်က ငါ့အပေါ်အရမ်းစိတ်ပူလွန်းအားကြီးပြီး ပြုစုပေးနေတာကို သိလို့နင့်ကိုနောက် တဲ့အကြောင်း ပြောမထွက် တော့ ဘဲ ရှက်ရှက်နဲ့အံကြိတ်ပြီးနေခဲ့တာပါ။ငါ့စိတ်ထဲမှာ နင့်ရဲ့ပြုစု ယုယမှုတွေအတွက် ကြည်နူး ခဲ့တာလဲ ပါတာပေါ့။ပြီးတော့ နင်ဟာတကယ့်ကိုရိုးသားဖြူစင်တဲ့ လူတယောက်ပါလားလို့သိလိုက်ရတဲ့အတွက် ပိုပြီး လေးစားမိခဲ့တယ်။အဲ့ဒိလိုအမှန်အတိုင်းဖွင့်ပြောလိုက်လို့နင်ငါ့ကို ရွံမုန်းသွားမှာလား။မတတ်နိုင်ဘူး ။နင့်ရဲ့ အကြင်နာတရားကို တစက္ကန့်လေးပဲရရငါရသလောက်ကိုခြစ်ကုတ်ပြီး ယူထားချင်တာ ငါ့ရဲ့ကြီးမားတဲ့ တောင်းတချက်တခုပဲ။ပြီးတော့ ဟိုနေ့ကငါနင့်ကိုပေးခဲ့တဲ့လက်စွပ် ကအဖေဝယ်ပေးတာ မဟုတ်ပါဘူး။ ဒီနှစ်နင့်ရဲ့မွေးနေ့မှာ နင့်ကိုလက်ဆောင်ပေးမယ် ဆိုတဲ့စိတ်ကူးနဲ့ငါ့ရဲ့ မုန့်ဖိုးတွေကို လုံးဝမသုံးပဲ စုထားခဲ့တာပါ။ငါနင့်ကိုလက်စွပ်ပေးခဲ့တဲ့နေ့ကနင့်ရဲ့မွေးနေ့လေ။နင်ကိုယ်တိုင်တောင်မေ့နေတယ်မဟုတ်
လား။ငါလဲနင့်အ ပေါ်ဘယ်လောက်ဂရုစိုက်ခဲ့တယ်ဆိုတာ နင်သိရင်ကျေနပ်ပါတယ်။ပြီးတော့ အဲ့ဒိလက်စွပ် ဟာ အလကားလက်စွပ်မဟုတ်ဘူး။လက်ထပ်လက်စွပ်။ငါ့ကံကစိုးချင်တော့ နင့်လက်နဲ့မတော်ဘူးဖြစ် သွားတယ်။အမှန်တကယ်တော့ ငါလက်စွပ်သွားမမှာခင် နင့်လက်အတိုင်းကို ယူသွားသင့်တယ်။ဒါပေမဲ့ငါ့က နင့်ရဲ့ခနာကိုယ်အစိတ်အပိုင်းအားလုံးကို အလွတ်ရထားသူတယောက်ပဲဆိုပြီး သွားလုပ်လိုက်တာ နည်းနည်းလေးသေးသွားတယ်။အဲ့ဒိအတွက်ငါအရမ်းဝမ်းနည်းခဲ့တယ်။နင်က တသက်လုံးဘုန်း ကြီးဝတ်ဖို့ ကြိုးစားမယ် လို့ပြောသံကြားလိုက်တော့ပိုပြီးဝမ်းနည်းခဲ့ရတယ်။ဒါပေမဲ့ ငါသိပါတယ်။ အဲ့ဒိနေ့က နင့်ရဲ့ စိတ်တွေ အရမ်းလှုပ်ရှားနေတယ်မဟုတ်လား။ပြီးတော့ နင့်ရဲ့လှုပ်ရှားနေတဲ့စိတ်အစဉ်ထဲမှာ ငါလုပ်သမျှ ကိုကြည်နူးနေတာတွေလဲပါတယ်ဆိုတာကိုတော့ မငြင်းနဲ့နော်။အော်..ပြောရဦးမယ်။ငါနင့်ကို လက်စွပ်လေး ပေးခဲ့ပြီးတဲ့နေ့ကစပြီးငါဟာ နင်ကလွဲပြီး တခြားသူနဲ့ လက်ထပ်ခွင့် မရှိတော့ဘူး လို့ခံယူ ထားခဲ့ပြီးပြီ။ နင်လုပ်ပါ။နင်ဖြစ်ချင်တာတွေကို နင်ကြိုး စားပါ။ငါအမြဲတန်းအားပေးနေပါ့မယ်။ နင်ချသမျှနင့်ဆုံဖြတ်ချက် တွေဟာလည်း ဘယ်တော့မှ မှားမှာမဟုတ်ဘူးလို့ ငါယုံကြည်ပါတယ်။ဘာပဲဖြစ်ဖြစ်လေ နင်ဒီနေ့ ကိုရင် ဝတ်တော့မယ်မဟုတ်လား။ငါနင့်ကိုလာပြီးကန်တော့ပါရစေ။ပြီးတော့ ဒီစာကိုရေးလိုက်လို့လဲငါ့ကို အထင် သေး  လျှော့တွက်သွားတာမျိုးမဖြစ်ပါနဲ့နော်။ဘယ်ဘဝမှာမှ ပြန်ဆုံခွင့်ရတော့မယ် မှန်းမသိတော့တဲ့ လူတယောက်ကို နောက်ဆုံးရင်ဖွင့်ခြင်းနဲ့ရင်ဖွင့်လိုက်ရတာပါ။ငါနင့်ကိုချစ်တယ်။နင်လဲ့ငါ့ကိုချစ်တယ်ဆိုရင် ဒီစာလေးကိုနမ်းရှိုက်ရင်း နင့်ကိုလည်းငါ့ချစ်ပါတယ် လို့အသံထွက်ပြီးပြောပေးပါနော်။
နင့်ရဲ့ညီမလေး ရွှေရီ………………….
       ကိုရင်ဝတ်မဲ့နေ့မှာပဲ နွားကျောင်းဘက်ဖြစ်တဲ့မိုးဒီလာပေးသောစာလေးကိုဖတ်ပြီး အဆုံးမှာတော့ ဖွဖွလေးနမ်းရှိုက်လိုက်ပြီး ငါလဲနင့်ကိုချစ်ပါတယ် ရွှေရီရယ် ဟုအသံထွက်ပြောကြားလိုက်ပါတော့သတည်း။
ဆက်လက်ရေးသားပါဦးမည်။..................ရေးသားသူ။         ။တီအာဝိုင်

No comments:

Post a Comment