Saturday, July 27, 2013

အမြတ်တနိုး



ဒီနေ့ က ကျွန်မနဲ့ စေ့စပ်ထားတဲ့ ကောင်လေးက ကျွန်မအတွက် ကျွန်မအကြိုက်ဆုံး ဂစ်တာလေးကို ဝယ်ပေးခဲ့တဲ့ ဆယ်နှစ်မြောက်နေ့ ပေါ့။ အဲ့ဒိဂစ်တာလေးကို ကျွန်မသူ့ ကိုလမ်းခွဲလိုက်တဲ့ နေ့ မှာပဲ ဝယ်ပေးခါတာလေ။ ကျွန်မရဲ့ပိုင်ပစ္စည်းတွေကို သွားပြန်ယူတဲ့အချိန်မှာသူက အဲ့ဒိဂစ်တာလေးကို အပေါင်ဆိုင် မှာ ရောင်းပြစ်လိုက်ပြီ။ကံကောင်းချင်တော့ အဲ့ဒိဂစ်တာလေးကို အပေါင်ဆိုင် ကနေ  ပြန်ဝယ်ထား တဲ့သူနဲ့ ပြန်တွေ့ တယ်။ပြီးတော့သူဟာ အမတန်သဘောကောင်းပြီး အကြင်နာ တရားပြည့်ဝတဲ့ ကောင်လေးပါလားလို့ လဲ သိလိုက်ရတယ်။ဂစ်တာလေးကို သူတို့ အိမ်ရှေ့ တံစက်မြိတ်မှာ ကျွန်မနဲ့ အတူ တစ်နာရီကြာကြာ တည်းခတ်ကြပြီးတဲ့နောက်မှာ အဲ့ဒိဂစ်တာလေးကို ကျွန်မအတွက်လက်ဆောင်အဖြစ်ပြန်ပေးတယ်။ပြီးတော့ဂစ်တာတလက် ထပ်ယူလိုက်ပြီး သူ့ အိမ်ရှေ့  တံစက်မြိတ် မှာပဲ ပျော်ပျော်ပါးနဲ့ စကားတွေ အများကြီးပြောဖြစ်တယ်။တစ်ယောက်နဲ့ တစ်ယောက်အပြန်အလှန် အပြုံးမျက်ဝန်းတွေ နဲ့ ကြည့်ဖြစ်ခဲ့တယ်။သီးချင်းတွေလဲ အများကြီးတီးခတ်သီဆိုဖြစ်ခဲ့တယ်။အခုတော့ သူဟာ ကျွန်မချစ်လှစွာသော ခင်ပွန်းတစ်ယောက်ြ ဖစ် လာခဲ့တာ ကိုးနှစ်တောင်ရှိပေါ့။

တီအာဝိုင်
6/16/2013

No comments:

Post a Comment