ဆရာတပည့်နှစ်ဦးဟာ ကိစ္စတစ်ခုနဲ့  တခြားရွာတစ်ရွာကို သွားနေစဉ်မှာ သူတို့ နောက်ကတိရိစ္ဆာန်တစ်ကောင် ရဲ့ ဟိန်းဟောက် သံကိုကြားလိုက်ရလို့ အသံလာရာကို လှည့်ကြည့်လိုက်တော့ကျားကြီးတစ်ကောင်ကသူတို့နောက်ကိုလိုက်လာနေတယ်ဆိုတာကိုသိ
လိုက်ရတယ်။ပထမတော့တပည့်လေးကထွက်ပြေးဖို့ စိတ်ကူးခဲ့ပေမဲ့“ကိုယ့်စည်းကိုယ့်ကမ်းနဲ့ နေခြင်း(ကိုယ့်လမ်းကိုယ်သွား ကိုယ့်အလုပ် ကိုယ်လုပ်)”ဆိုတဲ့ကျင့်စဉ်သင်္ခန်းစာကိုအမှတ်ရသွားပြီး မပြေးဖြစ်တော့ပဲ ဆရာဘာပြောမလဲ ဆိုတာကို ပဲစောင့် ကြည့်ပြီးတော့
“ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ ဆရာ ” လို့ မေးလိုက်တယ်။
ဆရာက တပည့်ကိုလှည့်ကြည့်ပြီး
တည်ငြိမ်အေးဆေးတဲ့အသံနဲ့  “ တို့ လုပ်နိင်တာတွေ အများကြီးရှိပါတယ် …လုံးဝမတုန်မလှုပ်ကြောက်လန်းခြင်းနဲ့အတူ သူပြုသမျှနုပြီး ငြိမ်ခံနေလို့လဲရတယ်၊ ထွက်ပြေး ရင်လဲ ရတယ်၊ ဒါပေမဲ့ ပြေးလဲလွတ်မှာ
မဟုတ်ဘူး၊သူ့ ကို ခွန်အားချင်း ယှဉ်ပြီးတိုက်ခိုက်မလား…ဒါလဲမဖြစ်နိုင်ဘူး၊သူကတို့ထက်အစပေါင်းများစွာ ခွန်အားကြီးမားတယ်၊ပြီးတော့ ဘုရားသခင်ဆီကနေကယ်တင်ခြင်းရအောင် လဲဆုတောင်းနိုင်တယ်၊တို
့ရဲ့ စိတ်တွေကို အစွမ်းကုန်စုစည်းပြီးကျားရဲစိတ်ကိုလွှမ်းမိုးထိမ်းချုပ်တဲ့ နည်းကိုလဲ
ရွေးချယ်နိုင်တယ်၊ တို့ ရဲ့ ချစ်ခြင်းမေတ္တာတရားကို
သူ့ ရဲ့ နှလုံးသားထဲကို အရောက်ပို့ ပေးပြီး သူ့ စိတ်ကို လွှမ်းမိုး ထိမ်းချုပ်နိုင်အောင်လဲ
လုပ်လို့ ရတယ်၊ တို့ ရဲ့ စိတ်တွေကို အတည်ငြိမ်ဆုံးဖြစ်အောင်
တရားထိုင်ပြီးစိတ်တည်ငြိမ်လာတဲ့အခါမှာ
ကျားရဲ့ စိတ်ဝိညာဉ်အပါအဝင်တစ်လောကလုံးကို သိမ်းကြုံးပြီး
မေတ္တာဓါတ်တွေ ကို ပို့ လွှတ်နိုင်တယ်၊ ကဲ ..အဲ့ဒိနည်းတွေထဲက ဘယ်နည်းကို အသုံးပြုချင်လဲ
” ပြန်မေးတယ်။
တပည့်က “ဆရာသာလျှင်
ကျွန်တော့်ရဲ့ ကြီးမြတ်တဲ့ဆရာသခင်ဖြစ်ပါတယ်၊ကျွန်တော့်တို
့အတွက် အချိန်မရှိ တော့်ဘူး၊ဘာလုပ်ရမလဲဆိုတာကိုပြောပါ၊ဆရာပြောတဲ့အတိုင်းပဲ လုပ်ပါ့မယ်”
လို့ တုန့် ပြန်တယ်။
အဲ့ဒိနောက်
ဆရာက ကြောက်ရွံ့ ခြင်းကင်းကင်းစွာနဲ့ ကျားရှိတဲ့ဘက်ကို
တည့်တည့်မတ်မတ် စိုက်ကြည့်လိုက်တယ်။ပြီးတော့ စိတ်တွေကို ဖြေလျှော့ပြီးတရားမှတ်တယ်၊သမာဓိထူထောင်တယ်၊သူ့ရဲ့အသိတရားစိတ်အာရုံထဲမှာစူးစိုက်ပြီးတော့ကျားအပါအဝင် တစ်လောကလုံးကို မေတ္တာဓါတ်တွေပို
့လွှတ်တယ်၊ အားလုံးကို မိခင် ရင်အုံ့ ထဲကသားငယ်အလား ချစ်ခြင်းမေတ္တာတွေနဲ့ ပွေ့ ဖက်နမ်းရှိုက်လိုက်တယ်။အဲ့ဒိလို
လုပ်လိုက်ပြီးတဲ့ နောက်မှာ ဆရာရဲ့ စိတ်အစဉ် နဲ
့ကျားရဲ့ လက်ရှိစိတ်အနေအထားဟာ နှစ်ယောက်မကွဲ
တစ်သားတည်းကဲ့သို့  ဖြစ်သွားတယ်၊ကျားကဆရာ့အနားကို
အလွန်နီးကပ်ပြီး ခုန်အုပ်လို့ ရလောက်တဲ့အနေအထားမှာ တပည့်လေးက ဆရာကို ကြည့်ပြီး ကြောက်လွန်း လို
့လို့ ဒူးတွေပါတုန်လာတယ်။ ကြီးမားတဲ့ အန္တရာယ်နဲ့ ကြုံတွေ့ နေတာတောင် တည် တည်ငြိမ်ငြိမ်နဲ
့မကြောက်မရွ့ံရင်ဆိုင်ရဲတဲ့ ဆရာရဲ့ လုပ်ရပ်ကိုလည်း အံ့အားသင့် ရင်သပ်ရှုမောနေခဲ့တယ်။ဆရာကတော့
ကြောက်ရွံ့ တုန်လှုပ်မှု ကင်းစွာနဲ့ ပဲ ဆက်လက်တရားထိုင်နေတယ်။ခဏနေတော့ ကျားက ဆရာ ကို ညွှတ်ကျိုးဂါရဝပြုပြီး
ထွက်ခွါသွားတယ်။ပြီးတော့ တပည့်လေးက သိချင်ဇောပြင်းပြပြီးဒီလောက်အံ့သြစရာကောင်းလောက်အောင် ဖြစ်သွားတာ ဆရာဘယ်လို လုပ်လိုက်
တာလဲ လို့ မေးတယ်။ဆရာက ..“ဘာမှမလုပ်ဘူး….စိတ်ထဲကအတွေးအကြံတွေအားလုံးကိုစင်ကြယ်အောင်လုပ်ပြီးကျားစိတ်နဲ့ ကိုယ့်စိတ် ကို တစ်သားတည်းဖြစ်သွားအောင် စည်းရုံးလိုက်တာပါ၊အဲ့ဒိအချိန်မှာ
ကိုယ်နဲ့ ကျားနဲ့ ဟာ စိတ်အစဉ်အားဖြင့် အပြန်အလှန်ငြိမ်းချမ်းရေးရပြီး
တညီတညွတ်တည်းဖြစ်သွားတယ်၊သူအပါဝင်တစ်လောကလုံးကိုမေတ္တာ ဓါတ်တွေပို့ လွှတ်လိုက်တဲ့
အချိန်မှာ
သူ့ ရဲ့ဆဌမအာရုံလို့ ခေါ်တဲ့ စိတ်အစဉ်မှာ တည်ငြိမ်လာတယ်၊အေးချမ်းလာတယ်၊ကြောက်ရွံ
့ထိတ်လန့် မှုတွေ ကင်းရှင်း သွားတယ်၊ဘယ်လိုအကြောင်းကြောင့်နဲ့ မှ ဘယ်သူ့ ကိုမှအကြမ်းမဖတ်
သင့်ဘူးဆိုတဲ့ အသိဝင်လာတယ်၊အဲ့ဒိအတွက် တို့ အနားကနေ ထွက်ခွါသွားတယ်’’ လို့ ပြန်ဖြေလိုက်တယ်။
“စိတ်ဆိုတာ
တိတ်ဆိတ်ပြီးတည်ငြိမ်လာတဲ့အခါမှာ အလိုလိုငြိမ်းအေးလာပြီး ကိုယ့်အနားမှာ ရှိတဲ့ အရာဝတ္ထု
တွေ၊ သတ္တဝါတွေအားလုံးဆီကို ကူးစက်ပြန်နှံသွားတယ်။ပြီးရင် အဲ့ဒိအရာဝတ္တုတွေ သတ္တဝါတွေအားလုံးကို
လည်းလွှမ်းမိုးထိမ်းချုပ်နိုင်သွားတယ် ”လို့ လည်း ကောက်ချက်ချ ဆုံးမသွန်သင်လိုက်တယ်။
တီအာဝိုင်
No comments:
Post a Comment