Saturday, July 27, 2013

မာန


ဆင်းရဲသားကောင်လေးတစ်ယောက်က သူဌေးသမီးလေးတစ်ယောက်ကို ချစ်မိ
ပြီးတော့ ရည်းဆားစကားသွားပြောတယ်။ကောင်မလေးက “ဒီမှာ..ငါပြောတာကို သေသေချာချာနားထောင်..နင်တစ်လလုံးလုပ်တဲ့ လုပ်အားခက ငါ့ရဲ့တစ်နေ့ တာ အပြင်း ပြေ ဈေးဝယ်ထွက်ရင်း သုံးသလောက်တောင်မရှိဘူး..အဲ့ဒိတော့ ငါ့အနေနဲ့ နင့်ကို အိမ်ထောင်ဘက်အဖြစ်ရွေးချယ်သင့်တယ်လို့ ထင်သလား…..ငါနင့်ကို ဘယ်တော့မှချစ်လာမှာမဟုတ်ဘူး..ငါ့ကိုမေ့လိုက်ပါ..နင်နဲ့ ဂုဏ်ရည်အဆင့်အတန်းတူတဲ့ တခြားမိန်း ခလေးတစ်ယောက်ယောက်ကိုပဲ လက်ထက်ဖို့ စဉ်းစားပါ” လို့ 
မောက်မောက် မာမာပြောပြီး လှည့်ထွက်သွားတယ်။ ဒါပေမဲ့ ကောင်လေးကတော့ ကောင်မလေးကို ဘယ်လို့ မှ မေ့ပြစ်လို့ မရဘူးဖြစ်နေတယ်။
နောက်ဆယ်နှစ်လောက်ကြာတော့ ဈေးဝယ်ထွက်ရင်း သူတို့ နှစ်ဦး ဆုံဖြစ်ကြတယ်။

“ ဘယ်လိုလဲ အဆင်ပြေရဲ့လား…အခုငါ အိမ်ထောင်ကြသွားပြီ..ငါ့အမျိုးသားရဲ့ လခ ဘယ်လောက်ရတယ်ဆိုတာ နင်သိချင်မှာပေါ့ ..ငါပြောပြမယ်…သူ့ ရဲ့ဝင်ငွေက တစ်လကိုသိန်းတရာ ရှိတယ်...ပြီးတော့ သူက အရမ်းစမာတ်ကျတဲ့ လူရေသန့် တစ် ယောက်ပဲ ဟ…” လို့ ကောင်မလေးက စပြောတယ်။
ကောင်မလေးရဲ့စကားတွေကိုကြားရတော့ ကောင်လေးခမျာ မျက်ရည်ပါလည်သွားရှာ တယ်။
ခဏနေတော့ ကောင်မလေးရဲ့အမျိုးသား ရောက်လာတယ်။ကောင်မလေးက တစ်ခုခု ဆက်ပြောဖို့ လုပ်နေချိန်မှာပဲ သူ့ ရဲ့အမျိုးသားက ကြားဖြတ်ပြီးတော့ “ ဟာ ..ဆရာ ဒီရောက်နေတာပဲ..”လို့ ပြောပြီး သူ့ အမျိုးသမီးဘက်ကို လှည့်ကြည့်လိုက်တယ်။ပြီး တော့ ကိုယ်က ဒီဆရာရဲ့ လုပ်ငန်းခွင်တစ်ခုမှာ လက်ထောက်လုပ်မှာလေ…ဆရာက တော့ တစ်လကို သိန်းတစ်ထောင်လောက် ဝင်တယ်…ပြီးတော့ မင်းသိမလားတော့ မသိဘူး…ဆရာက ကောင်မလေးတစ်ယောက်ကို သိပ်ချစ်ခဲ့ဘူးတယ်….ဒါပေမဲ့ လက်ထက်ခွင့်မရခဲ့ဘူး…ဒါကြောင့်ဆရာက အခုထိ လူပျိုကြီး အဖြစ်နဲ့ ဆက်နေ နေတာ..အဲ့ဒိမိန်းခလေးကတော့ ဒီလိုသစ္စာလည်းရှိ ငွေရှာလဲ အရမ်းတော်တဲ့ သူရဲ့အချစ်ကို ရလိုက်တာ အရမ်းကံကောင်းတာပဲနော်…ဒီလိုခေတ်အခါကာလကြီးမှာ သူ့ လိုဘယ်သူက ချစ်နိုင်ဦးမှာလဲ..”လို့ ဆက်ပြောလိုက်တယ်။
မှတ်ဖွယ်။   ။အလွန်တိုတောင်းလှ တဲ့လူ့ ဘဝတခဏတာလေးမှာ ကိုယ့်ကိုယ်ကို မာန်တွေတက်ပြီး သူတစ်ပါးကို နှိမ်ချမဆက်ဆံပါနဲ့ ။ အခြေနေဆိုတာ အချိန်နဲ့ အမျှ ပြောင်းလဲနေတယ်။ကိုယ့်ဘက်က ပြန်မချစ်နိုင်ရင်တောင်  သူတစ်ပါးရဲ့ချစ်ခြင်းကို လေးစားတန်ဖိုးထားသင့်တယ်။
++++မျှဝေခြင်းဆိုတာ ကူညီဆောင့်ရှောက်ခြင်းတစ်မျိုးပါပဲ။ဒါကြောင့် ဒီပုံပြင်လေးကို ကြိုက်ရင် Like လုပ်ပြီး ကိုယ့်မိတ်ဆွေတွေအတွက် ရှယ်ပေးကြပါလို့ တောင်းဆို ပါရစေ။

တီအာဝိုင်
6/18/2013

No comments:

Post a Comment