Saturday, July 27, 2013

အချစ်၁


သူတို့ နှစ်ဦးချစ်စခင်စတုန်းကတော့ ကောင်မလေးရဲ့အသိုင်းဝိုင်းဘက်ကသူတို့ နှစ်ဦးချိန်းတွေ့ ကြတာကိုပြင်း
ပြင်းထန်ထန်ကန့် ကွက်ခဲ့ကြတယ်။မိသားစုရဲ့စီးပွားရေးနဲ့ မျိုးရိုးနောက်ခံတွေကိုပါထည့်ပြီး ပြောဆိုခဲ့ကြတယ်။ တကယ်လို့ ဒီကောင်လေးနဲ့ သာလက်ထက်လိုက်ရင် ဒူးနဲ့ မျက်ရည်သုတ်ရမယ် ဆိုတာမျိုးကလဲ ပါသေးတယ်။ မိဘအသိုင်းဝိုင်းရဲ့ ဖိအားတွေကြောင့် သူတို့ စုံတွဲဟာ မကြာခဏဆိုသလို ရန်ဖြစ်စကားများရတွေလဲ ရှိခဲ့တယ်။ ကောင်မလေးက ကောင်လေးကို အရမ်းချစ်တယ်။အဲ့ဒိအတွက်ကြောင့် နင်ငါ့ကို ဘယ်လောက်ချစ်လဲ ဆိုတဲ့ မေးခွန်းကိုလဲ ကောင်လေးကို ခဏခဏမေးတယ်။ ကောင်လေးက တခြားစကားတွေ ပုံကြီးချဲ့ပြီး အကျယ်တ ဝန့် မပြောတတ်ဘူး။ ကောင်လေးက အဲ့သလိုမေးတိုင်း ဘာမှပြန်မပြောတဲ့ အတွက်ကောင်မလေးက အရမ်း စိတ်ဆိုးခဲ့တယ်။ မိဘအသိုင်းဝိုင်းရဲ့ ဖိအားတွေက တဘက် ကောင်လေးရဲ့ မထုံတတ်သေးပုံစံက တစ်မျိုးဆိုတော့ ကောင်မလေးရဲ့ ဒေါသတွေအားလုံးက ကောင်လေးပေါ်မှာ ပုံအချခံနေရတယ်။ ဒါပေမဲ့ကောင်လေးကတော့ သူ့ ချစ်သူ ဘာတွေဖြစ်နေဖြစ်နေ တိတ်ဆိတ်နေတတ်မြဲပဲ။
နောက်နှစ်နှစ်လောက်ကြာတဲ့အခါမှာ ကောင်လေးက ကျောင်းပြီးလို့ ဘွဲ့ တစ်ခုရသွားတယ်။ ပြီးတော့ နိုင်ငံ ခြား မှာ ပညာဆက်သင်ဖို့ ဆုံးဖြတ်လိုက်တယ်။ သူနိုင်ငံခြားကို မထွက်ခွါခင်မှာ “ ကောင်မလေး ငါစကားတွေ အများကြီးမပြောတတ်ဘူး…ဒါပေမဲ့ သေချာတာကတော့ ငါနင့်ကို အရမ်းချစ်တယ် …နင်ခွင့်ပြုမယ်ဆိုရင် နင့်ကို လက်ထက်ပါရစေ…နင့်ဘဝတစ်ခုလုံးကို ငါဆောင့်ရှောက်ပါရစေ…” လို့ ပြောပြီး လက်ထက်ခွင့်တောင်းခံလိုက် တယ်။ ခွင့်ပြုမယ်ဆိုရင် မိဘတွေဆီတခါတည်းလိုက်လာပြီး ခွင့်တောင်းချင်တယ်လို့ လဲ ပြောလိုက်တယ်။ ကောင်မလေးကလဲ သဘောကျသွားပြီး ကောင်လေးကို မိဘတွေဆီကို ခေါ်သွားတယ်။ နောက်ဆုံးမှာ မိဘ တွေကလဲ သဘောတူလိုက်ပြီး နိုင်ငံခြားမထွက်ခင်လေး မှာပဲ စေ့စပ်လိုက်ကြတယ်။ ကောင်မလေးကအလုပ်တစ်ခုရသွားလို့ အလုပ်ဝင်လုပ်နေတယ်။ ကောင်လေး
ကလဲ နိုင်ငံခြားမှာပဲ သူ့ ကျောင်းစားကို ဆက်ပြီးလေ့လာသင်ယူနေတယ်။ ဒါပေမဲ့ အီးမေးလ်တွေဖုန်းတွေ နဲ့ တော့ အမြဲဆက်သွယ် ပြောဆိုနေကြဆဲ။ သူတို့ နှစ်ယောက်အ တွက် ဒါဟာ ခက်ခဲတဲ့ ခရီးကြမ်း တစ်ခု ပါပဲ။ ဒါပေမဲ့ နှစ်ယောက်စလုံးဘက်က တစ်ယောက်ကိုတစ်ယောက် စွန် လွှတ်ကြဖို့ စိတ်တောင် မကူး ခဲ့ကြဘူး။တစ်နေ့ ကောင်မလေးရဲ့ အလုပ်သွားရာလမ်းမှာ အနောက်က အရှိန်မထိမ်းနိုင်တော့တဲ့ ကား တစ်စီးနဲ့ ဝင်တိုက် ခံလိုက်ရတယ်။ သူသတိရလာတော့ သူ့ အိပ်ယာဘေးမှာ မိဘတွေကိုတွေ့ လိုက် ရတယ်။ ပြီတော့ သူမှာ ပြင်းထန်တဲ့ ဒဏ်ရာတစ်ခုရလိုက်ပြီဆိုတာကိုလည်း သိလိုက်ရတယ်။ သူ့ ဘေးမှာ ငိုယိုနေတဲ့ မိခင်ကို သက်သာရာ သက်သာကြောင်းပြောချင်ပေမဲ့ စကားလုံးဝပြောလို့ မရတော့တဲ့ အတွက် သက်ပြင်းတစ်ချက် ချလိုက်ယုံကလွဲပြီး ဘာမှ မတက်နိုင်တော့ဘူး။ ဆရာဝန်ကတော့ သူ့ ရဲ့ ဦးနှောက်နဲ့ ဆက်နွယ်နေတဲ့ အကြော တစ်ခုမှာ ဒဏ်ရာဖြစ်သွားတဲ့အတွက် သူ့ အနေနဲ့ စကားလုံးဝပြောလို့ ရမှာ မဟုတ်တော့ဘူး လို့  ပြောတယ်။ ဒီလိုနဲ့ မိဘတွေရဲ့ အားပေးနှစ်သိမ့်မှုကိုပဲ တိတ်ဆိတ်ပြီး နားထောင်နေလိုက်တော့တယ်။  ပြီးတော့ သူ့ စိတ်တွေအားလုံးကို လျှော့ချလိုက်တယ်။ လူနာအခန်းလေးဟာ တိတ်ဆိတ်သွားလိုက် ငိုသံတွေ ထွက်လာ လိုက်ဖြစ်နေပေမဲ့ သူ့ ရင်ထဲမှာ တိတ်တဆိတ်ငိုကြွေးနေတာတွေကိုတော့ ဘယ်သူက သိနိုင်မှာတဲ့လဲ။
အိမ်ပြန်ရောက်လာတဲ့ အချိန်မှာ အားလုံးဟာ ပုံမှန်အတိုင်းပဲဆိုပေမဲ့  အကြမ်းပေါင်းများစွာ ခေါ်ငင်နေတဲ့ ဖုန်းသံလေးရဲ့ သူ့ နှလုံးသားကို လာရောက်ရိုက်ခပ်သံကတော့ ပြောမပြတတ်အောင်ပဲ တုန်လှုပ်ခြောက်ခြား စေခဲ့တယ်။ သူ့ ရဲ့ဖြစ်စဉ်တွေအားလုံးကို ကောင်လေးကို အသိမပေးခဲ့ဘူး။ သူ့ အတွက်နဲ့ ကောင်လေးမှာ ဝန်ထုတ်ဝန်ပိုးတစ်ခုဖြစ်သွားမှာကိုလဲ သူမလိုလားဘူး။ အဲ့ဒိအတွက် ကောင်လေးပြန်လာတဲ့ အချိန်ထိ မဆောင့် နိုင်တော့တဲ့ အကြောင်းပဲ စာပြန်လိုက်တယ်။သူ့ ရဲ့စာကိုရပြီးတဲ့ အချိန်မှာ ကောင်လေးဘက်က အခါပေါင်းမျာစွာ ဖုန်းခေါ်ခဲ့တယ်။ သူကတော့ ဘယ်တော့မှ ပြန်မဖြေခဲ့ဘူး။ဒါပေမဲ့ နေ့ တစ်ဓူဝဆိုသလို ဖုန်းဘေးမှာ ထိုင်ပြီး ရှိုက်ကြီး တငင်ငင် ငိုနေရရှာတယ်။ အဲ့ဒါကိုမကြည့်ရက်တော့တဲ့ မိဘတွေက ကောင်မလေးအတွက် စိတ်သစ်လူသစ်နဲ့  ပျော်ပျော်ရွှင်ရွှင်နိုင်မဲ့ တနေရာကို ပြောင်းသွာလိုက်ကြတယ်။ ဒီလိုနဲ့ ကောင်မလေးဟာ ပတ်ဝန်းကျင်သစ်မှာ ခြေဟန် လက်ဟန်နဲ့ စကားပြောနည်းတွေကို လေ့လာရင်း ဘဝသစ်မှာပဲ နှစ်မြှုပ်ထားလိုက်တယ်။ တစ်နေ့ နေ့ မှာ့ ကောင်လေးကို မေ့နိုင်ရမယ်ဆိုတဲ့ သန္ဒိဋ္ဌာန်ကိုလဲ ခိုင်ခိုင်မာမာကြီး ချထားလိုက်တယ်။
တစ်နေ့ မှာ သူ့ သူငယ်ချင်းတစ်ယောက် ရောက်လာပြီးတော့ ကောင်လေးပြန်ရောက်နေပြီဆိုတဲ့ အကြောင်း ကိုလာပြောတယ်။ ကောင်မလေးက ဖြစ်စဉ်တွေအားလုံး ကောင်လေးကို မပြောပြဖို့ ရယ် သူဘယ်မှာ ရှိနေ တယ်ဆိုတာကို မပြောပြဖို့ ရယ်ကို တစ်ခါတည်း နှုတ်ပိတ်တောင်း ဆိုလိုက်တယ်။ နောက်တစ်နှစ်လောက် ကြာတဲ့ အခါမှာ သူ့ သူငယ်ချင်း ပြန်ရောက် လာပြီးတော့ ကောင်လေးရဲ့ လက်ထက်မင်္ဂလာ ဖိတ်စာလာပေး တယ်။ ကောင်လေးရဲ့ မင်္ဂလာဆောင်ဖိတ်စာဆိုတော့ အတော်လေး ထိတ်လန့် သွားမိတယ်။ ဒါပေမဲ့ စာအိပ် ကို ဖွင့်ကြည့်လိုက်တဲ့ အခါမှာတော့ သူတို့ သမီးရဲ့ နာမည်ဟာ သူ့ နာမည်ဖြစ်နေတယ်။ သူ့ သူငယ်ချင်းကို မော့ကြည့်ပြီး ဘာတွေဖြစ်ကုန်တာလဲ လို့ မေးမလို့ လုပ်လိုက်တဲ့ အချိန်မှာ ကောင်လေးကသူ့ အရှေ့ တည့်တည့်ကို ရောက်နေပြီ။  ပြီးတော့ ကောင်လေးက ခြေဟန်လက်ဟန် ဘာသာစကားနဲ့  “ တို့ တွေရဲ့ ကတိစကား တွေကို ဘယ်တော့မှ မဖျက်ပြစ်ကြေး လို့ ပြောချင်လို့ ဒီဘာသာစကားကို တစ်နှစ်ကြာကြာ သင်ယူခဲ့ရတယ်”လို့ ပြောလိုက်တယ်။
ပြီးတော့…….ငါဟာ မင်းရဲ့ အသံလေးဖြစ်ပါရစေ ကောင်မလေးရယ်လို့ ပြောပြီး..I LOVE YOU ဆိုတဲ့ စာတန်း ပါတဲ့ လက်ထပ်လက်စွပ်လေးကို ကောင်မလေးရဲ့ လက်မှာ စွပ်ပေးလိုက်တယ်…။
နောက်ဆုံးမှာ ကောင်လေးအတွက် အလှဆုံးအပြုံးလေးတစ်ခုနဲ့ ကောင်မလေးက ပြုံးပြလိုက်တယ်။
တီအာဝိုင်

No comments:

Post a Comment