Saturday, July 27, 2013

လျှော့ဈေး


ကောင်မလေးနှစ်ယောက်စကားပြောနေကြတယ်။
ပထမမိန်းကလေး။   ။မနေ့ ကငါနဲ့ ငါ့ကောင်လေး ချိန်းတွေ့ ကြတယ်။အရမ်းပျော်ဖို့   ကောင်းတာပဲ။
ဒုတိယမိန်းကလေး။    ။ဟုတ်လား..ဆက်ပြောပါဦး။
ပ။  ။ငါ့ကိုသူအိမ်ခေါ်သွားတယ်။ပြီးတော့ ငါ့ရဲ့နှုတ်ခမ်းကို ရွရွလေးနမ်းတယ်။ပြီးတော့ ငါ့ကိုအနောက်ကနေ သိုင်းဖတ်ထားပြီး ဟိုပွတ်ဒီပွတ်လုပ်တော့တာပဲ။
ဒု။   ။အော်…ပြီးတော့ရော..
ပ။    ။ပြီးတော့ သူ့ လက်က ငါ့ရဲ့ စကတ်ထဲက လျှိုဝင်လာပြီး ဆက် ပွတ်သပ်နေပြန်ရော ။
ဒု။   ။ညည်း အရမ်းကံကောင်းတာပဲ ဘာတွေဆက်ဖြစ်လဲ ၊မြန်မြန်လေးပြောပါ ဟ။

ပ။    ။ပြီးတော့ ဟို အရင်ဝတ်ဝတ်နေတဲ့ ခေတ်ဟောင်းစတိုင်လ် ဇက ဘောင်းဘီလေးမဝယ်ခင် တစ်ရက်ကဝယ်ခဲ့တဲ့   အနီရောင် ကြယ်သီးတပ် ရင်လွှမ်းအင်္ကျီလေးရဲ့ ပထမဆုံး ကြယ်သီးကို စဖြုတ်တော့တာပဲ။
ဒု။  ။ဟော့တော်…နင်အင်္ကျီအသစ်ဝယ်လိုက်တယ်..ဟုတ်လား
ပ။    ။အေးဟုတ်တယ်ဟ လျှော့ဈေးတွေနဲ့ ချရောင်းနေတာတွေ့ လိုဝယ်လိုက်တာ။ ဂျင်းအင်္ကျီလေးတစ်ထည်တောင် ပါသေးတယ်။
ဒု။   ။အခုထိ လျှော့ဆေးနဲ့ ရောင်းနေတုန်းပဲလား။
ပ။   ။အေးဟုတ်တယ်…နင်ဝယ်ချင်ရင် သွားရအောင်လေ..ငါလိုက်ပို့ ပေးမယ်…
ပြောနေရင်ကြာပါတယ်ဟာ…လာ အခုပဲ ဈေးဝယ်ထွက်လိုက်ကြရအောင်…။
တီအာဝိုင်
6/18/2013

No comments:

Post a Comment