Saturday, July 27, 2013
အဖြေမှန်
ဆရာမတစ်ယောက်က သူ့ အတန်းထဲမှာစာသင်နေရင်းနဲ့ “ ခြံစည်းရိုးပေါ်မှာ
နားနေတဲ့ငှက်ကလေးငါး ကောင်ရှိတယ်၊တစ်ကောင်က ဂွစာမိသွားတယ်၊ဘယ်နှစ်ကောင်
ကျန်မလဲ မပု ဖြေပါဦး” လို့ မေးလိုက်တယ်။
မပုက ‘တစ်ကောင်မှမကျန်ပါဘူးဆရာမ၊ကျန်တဲ့ငှက်တွေအားလုံး လေးသံကြာပြီထွက်ပြေးသွားလို့ ပါ လို့ ပြန် ဖြေလိုက်တယ်။
ဆရာမက ဟုတ်ပါပြီ။သမီးရဲ့ စဉ်းစားနည်းကိုတော့ ကြိုက်ပါတယ်၊ဒါပေမဲ့ အဖြေမှန်က လေးကောင်ဖြစ်ပါတယ် ကွယ် လို့ ပြန်ပြောတယ်။
ဒါဆိုရင် ဆရာမကိုလည်း သမီးတစ်ခုပြန်မေးမယ်လေ။
ခုံပေါ်မှာ အဒေါ်ကြီးသုံးယောက် ရေခဲမုန့် စားနေကြတယ်။ ပထမတစ်ယောက်က ရေခဲမုန့် ကို လျှာနဲ့ လျက်နေတယ်။ဒုတိယတစ်ယောက်က ရေခဲမုန့် အောက် ကတော့ဝေဖာကို အလုံးလိုက်ကိုက်စားနေတယ်။တတိယတစ် ယောက်က ရေခဲမုန့် ရဲ့ ထိတ်ကိုကိုက်နေတယ်။ အဲ့ဒိသုံးယောက်ထဲက ဘယ်သူကအိမ်ထောင်ရှင်မ ဖြစ်မလဲ ဆရာမ။
ဆရာမက အကြီးအကျယ်စဉ်းစားပြီး ရှက်ကိုးရှက်ကန်းနဲ့ ပြန်ဖြေတယ်။
အင်း…ဆရာမအထင်တော့ ဒုတိယမြောက် ရေခဲမုန့် ကတော့ဝေဖာကို အလုံးလိုက်ကိုက်စားနေတဲ့ အဒေါ်ကြီးပဲဖြစ်မှာပေါ့လို ပြန်ဖြေတယ်။
မပုက…………………
တီအာဝိုင်
6/17/2013
No comments:
Post a Comment