သူ့ နာမည်က
ဗယ်လန်။ဗယ်လန်ဆိုတာက လက်သမားတစ်ယောက်။သူနေတာက ရွာကလေးတစ်ရွာမှာ။ သူ့ အမေက ဆုံးသွားပြီး။
ကပ်ပန်လို့ ခေါ်တဲ့ အဖေရယ် မုသူလို့ ခေါ်တဲ့သားတစ်ယောက်ရယ်ရှိတယ်။ သူ့ အဖေက အသက်ကြီးပြီးဆိုတော့
မသန်မစွမ်းဖြစ်နေပြီ။ လမ်းတောင်ကောင်းကောင်းမလျှောက်နိုင်တော့ဘူး။ ပြီးတော့ ဗယ်လန်ကအစားအသောက်တွေ
ဝဝလင်လင်မကြွေးမွေးတော့ အားအင်တွေလဲ မရှိတော့ဘူးဖြစ်နေတယ်။ ဗယ်လန်က သူ့ အဖေကို မြေပန်းကန်သေးသေးလေးနဲ့
တစ်နေ့ တစ်ပန်းကန်ပဲကြွေးတယ်။ ဗယ်လန်က အရမ်းဆိုး တဲ့လူတစ်ယောက်။ပြီးတော့ အရက်ကလဲ သောက်သေးတယ်။
သူအရက်သောက်ပြီးတိုင်းမှာ သူ့ အဖေကို ရန်ရှာဆဲဆိုလေ့ရှိတယ်။
သူ့ သားမုသူကတော့ အသက်ဆယ်နှစ်ပဲရှိသေးတယ်။ မုသူက အရမ်းလိမ္မာတယ်၊ ဥာဏ်လဲကောင်းတယ်။ ပြီးတော့ သူ့ အဖိုးကပ်ပန်ကို အရမ်းရိုသေလေးစားချစ်ခင်တယ်။ သူ့ အဖေရဲ့ အဖိုးပေါ်ပြူမူဆက်ဆံပုံ စရိုက်ဆိုး တွေကို သူကလုံးဝမကြိုက်ဘူး။
တစ်နေ့ မှာ
ထမင်းစားရင်းနဲ့ ကပ်ပန်ရဲ့ မြေပန်းကန်လေး ကျကွဲသွားတယ်။ ပန်းကန်က ထမင်းစားရင်းနဲ့ ကျကွဲ
တာဆိုတော့ ထမင်းလုံးတွေ ပြန်ကျဲပြီး ကြမ်းပြင်တွေပါ ညစ်ပတ်ကုန်တယ်။ ဗယ်လန်က တခြား အခန်းတစ်ခန်းထဲမှာ လုပ်လက်စအလုပ်တွေအားလုံးပြီးသွားလို
့ပြန်လာတဲ့အချိန်မှာ ကွဲနေတဲ့ မြေပန်းကန်ပြားနဲ့ ပေပွနေတဲ့ကြမ်းပြင်ကို
တွေ့ ပြီး အရမ်းစိတ်တိုသွားတယ်။ စိတ်တိုသွားတယ်ဆိုတော ပုံမှန်အတိုင်း ဖခင်ကို ဆဲဆိုကြိမ်း
မောင်းတော့တာပါပဲ။ သားဖြစ်သူက ဆဲဆိုကြိမ်းမောင်တာကို ခံရတဲ့ ဖခင်ခဗျာ သူ ပြုမိတဲ့ အပြစ်အတွက်
အလွန် စိတ်မကောင်းဖြစ်မိသွားတယ်။ ဗယ်လန်ကလဲ ရိုင်းပေ့ဆိုတဲ့ စကားလုံးတွေကိုချည်း ရွေးပြီး
ဆက်လက် ဆဲဆိုနေခဲ့တယ်။
သားအဖနှစ်ဦးဖြစ်နေပုံကို
မုသူက မြင်သွားတယ်။သူ့ အဖေရဲ့လုပ်ရပ်တွေကိုလဲ အတော်ကလေး ရွံမုန်းလာ တယ်။ ဖခင်ကို သွားပြီးဆန်
့ကျင်ပြောဆိုရမှာကိုသူကကြောက်တယ်။ သူဟာ သူ့ အဖိုးအတွက် အတော်လေး ဝမ်းနည်းသွားမိတယ်။
ဒါပေမဲ့ သူ့ အဖိုးဘက်က မားမားမက်မက် ရက်တည်ဖြေရှင်းဖို့ သူ့ မှာ စွမ်းအားမရှိခဲ့ဘူး။
နောက်တစ်နေ
့မှာတော့ သူ့ အဖေရဲ့ လက်သမားပစ္စည်းတွေကို ယူပြီး သစ်သားတွေကို ခုတ်ထစ်နေလိုက်
တယ်။သစ်သားပန်းကန်ပြားတစ်ခုလုပ်ဖို
့ကြိုးစားနေတာဖြစ်တယ်။အဲ့ဒါကို သူ့ အဖေက မြင်သွားပြီးတော့ “ ဟေ့ သားလေး မုသူ ဘာတွေလုပ်နေတာလဲ
” မေးတယ်။
“ သစ်သားပန်းကန်လုပ် နေတာပါ ဖေဖေ ”
“ သားက သစ်သားပန်းကန်ကို
ဘာလုပ်ဖို့ တုန်း”
“ ဖေ့ဖေ့အတွက်လေ
…ဖေဖေလဲ ဖိုးဖိုးအရွယ်ရောက်ရင် ပန်းကန်တစ်ချက်လိုဦးမှာပဲ..မြေပန်းကန်က လွယ်လွယ်နဲ
့ကျကွဲနိုင်တယ်..အဲ့ဒိအချိန်ကြရင် ဖေဖေ့ကို သားက ခဏခဏ ကြိမ်းမောင် ဆဲဆိုနေရ မှာ လေ..သစ်သားပန်းကန်နဲ
့ဆိုရင် ဖေဖေလဲပန်းကန် ကျမကွဲတော့ဘူး.. သားလဲ ဖေဖေ့ကို ဆဲဆိုနေစရာ မလိုတော့ ဘူးပေါ့” လို့ ပြန်ဖြေလိုက်တယ်။
လက်သမား ဗယ်လန်လည်း
သူ့ သားရဲ့စကားကို ကြားပြီး အတော်လေး တုန်လှုပ်မိသွားတယ်။ ပြီးတော့ သူ့ ရဲ့ အမှားတွေကို
သိမြင်သွားတယ်။ သူငယ်စဉ်အခါက သူ့ အဖေသူ့ အပေါ်မှာ ဘယ်လောက်ထိ ဂရုစိုက် ကောင်းမွန်ခဲ့တယ်ဆိုတာတွေကိုလဲ
ပြန်ပြီးအမှတ်ရသွားတယ်။ အဲ့ဒိနောက် သူ့ အဖေကို ဂရုတစိုက် ပြုစု ဖို့ ဆုံး ဖြတ်လိုက်တယ်။
အဲ့ဒိနေ့ ဟာ သူ့ အတွက် အကြီးအကျယ်ပြောင်းလဲသွားတဲ့ နေ့ တစ်နေ့ ဖြစ်ခဲ့တယ်။
အဲ့ဒိနေ့ ကစပြီး
သူ ဟာသူ့ အဖေကို အရိုအသေပေးပြီး ကောင်းကောင်းမွန်မွန်ပြုစု စောင့်ရှောက်တယ်။ ပြီးတော့
အရက်လဲဖြတ်လိုက်တယ်။ ဗယ်လင်ဟာ သူ့ သားလေးဆီက ပညာတွေအများကြီး သင်ယူလိုက် နိုင်တာ ဖြစ်တယ်။
သင်ရော သင့်မိဘတွေကို
အချိန်ပြည့် ရိုသေကိုင်းရှိုင်းပြီး ဂရုစိုက်ပြုစု သင့်တယ်လို့ မထင်ဘူးလား။ အဲ့ဒါ သင့်ရဲ့
မလုပ်မနေ လုပ်ကိုလုပ်ရမဲ့ တာဝန်တစ်ခုပဲလေ။ အဲ့ဒိတာဝန်တွေကို ကျေပွန်တယ်ဆိုရင်တော့ ကံကောင်းခြင်း
လက်ဆောင်တွေက သင့်ဆီကို တစ်ပုံတစ်ခေါင်းကြီး ရောက်လာမှာ ဧကန်မလွဲပါပဲ။
တီအာဝိုင်
6/21/2013
No comments:
Post a Comment