Sunday, July 28, 2013

ဥာဏ်စမ်းဟာသ


အလုပ်သမားတစ်ဦးကို သူ့ ရဲ့ တစ်နှစ်တာ လုပ်ငန်းခွင်တိုးတက်မှုအဆင့် ဆန်းစစ်ဖို့ အတွက် သူဌေးက ခေါ်ထားပါတယ်။ အလုပ်သမားရောက်လာတဲ့အချိန်မှာ သူဌေးက မေးခွန်းစမေးတယ်။
သူဌေး။ ။လေယာဉ်ပေါ်မှာ အုပ်ခဲအလုံးငါးဆယ်ရှိတယ်။တစ်လုံးပြုတ်ကျသွားရင် ဘယ်လောက်ကျန်မလဲ။
အလုပ်သမား ။ ။လွယ်ပါတယ်သူဌေး ...၄၉ လုံးကျန်ပါတယ်။
သူဌေး ။ ။ဆင်တစ်ကောင်ကို ရေခဲသေတ္တာထဲဘယ်လိုထည့်မလဲ။
အလုပ်သမှား ။ ။ရေခဲသေတ္တာကိုဖွင့်....ပြီးရင် ဆင်ကိုထည့်....ပြီးရင် ရေခဲသေတ္တာကိုပြန်ပိတ်..။
သူဌေး ။ ။သမင်တစ်ကောင်ကို ရေခဲသေတ္တာထဲ ဘယ်လိုထည့်မလဲ။
အလုပ်သမား ။ ။ရေခဲသေတ္တာကိုဖွင့်.......အရင်ကထည့်ထားတဲ့ ဆင်ကိုပြန်ထုတ်....ပြီးရင် သမင်ကိုရေခဲသေတ္တာထဲထည့်...။ပြီးရင် ရေခဲသေတ္တာကို ပြန်ပိတ်....။
သူဌေး ။ ။ဒီနေ့ ဟာ ခြင်င်္သေ့ရဲ့ မွေးနေ့ ဖြစ်တယ်။အဲ့ဒိ ခြင်္သေ့ရဲ့ မွေးနေ့ ပွဲကိုတိရိစ္ဆာန်
တစ်ကောင်မလာခဲ့ဘူး။
အဲ့ဒိမလာအကောင်က ဘယ်ကောင်ဖြစ်နိုင်လဲ။ဘာကြောင့်သူဖြစ်နိုင်တာလဲ။
အလုပ်သမား ။ ။သမင်ပါဆရာ။ဘာကြောင့်လဲဆိုတော့ အစောက ကျနော်ရေခဲသေတ္တာထဲမှာ ထည့်ထားလို့ ပါ။
သူဌေး။ ။အသက်ကြီးကြီး မိန်းမကြီးတစ်ဦးက မိကျောင်းတွေအပြည့်ဖြစ်နေတဲ့ ရွှံ့ ညွန်တောကို အရေးပေါ် ကူးဖျက်သွားရမယ်.....အဲ့ဒါသူဘယ်လိုကူးမလဲ။
အလုပ်သမား။ ။အေးအေးဆေးဆေး ပုံမှန်အတိုင်း ကူးသွားရုံပါပဲ။ဘာဖြစ်လို့ လဲဆိုတော့ မိကျောင်းတွေအကုန်လုံး ခြင်္သေ့ရဲ့ မွေးနေ့ ပွဲကို သွားနေကြလို့ ပါ။
သူဌေး။ ။ဟုတ်ပြီ...နောက်ဆုံးမေးခွန်း....အသေအချာ ဂရုစိုက်စဉ်းစားပြီးမှဖြေပါ.....အဲ့ဒိအမျိုးသမီးကြီးက ဗွက်အိုက်ကို ဖျက်ကူးနေတုန်းမှာပဲ သေဆုံးသွားတယ်ကွာ.....ဘာကြောင့်သေသွားတာ ဖြစ်နိုင်မလဲ။
အလုပ်သမား။ ။အင်း ...အဲ....ရေနစ်ပြီးသေတာဖြစ်နိုင်ပါတယ်...။
သူဌေး။ ။မှားပါတယ်...။လေယာဉ်ပေါ်က ကျလာတဲ့ အုတ်ခဲ သူ့ ခေါင်းပေါ်ကျပြီး သေတာပါ။

တီအာဝိုင်

No comments:

Post a Comment