အိန္ဒိယနိုင်ငံမြောက်ပိုင်း တောင်တန်းဒေသတစ်ခုက ဟိမချယ်လို
့ခေါ်တဲ့ ရွာကလေးတစ်ရွာမှာ အသက်ခုနစ်ဆယ်ကျော် အဖိုးအဖွားလင်မယားနှစ်ဦးရှိတယ်။ သူတို
့နှစ်ဦးဟာ တစ်ယောက်ကိုတစ်ယောက် အရမ်းကိုချစ်ကြတယ်။ အဲ့ဒိရွာလေးမှာ တခြားမိသားစု ငါးစုပဲ
ရှိတယ်။ ချမ်းအေးလှတဲ့ ဆောင်းတွင်းရဲ့ တစ်ခု သောညနေခင်း
မှာ သူတို့ တဲလေးဘေးမှာ ဖိုးဖွားစုံတွဲတို့ ထိုင်နေစဉ်
အဖိုးက ပါကိုဒါ လို့ ခေါ်တဲ့
( ပဲရာကျော်လိုမျိုး
) အိန္ဒိယ အစားအစာတစ်ခုကို စားချင်ကြောင်း စပြော တယ်။ အပြင်မှာကလဲ စနိုးတွေ ကျနေတယ်။
အဖိုးစကားကို ကြားကြားချင်းပဲ အဖွား က ပဲမှုန့် ရှိ မရှိသွားကြည့်တယ်။ ပဲမှုန့် က အနည်းငယ်သာ
ကျန်တော့တဲ့ အတွက် အဖိုးကို အပြင်မှာ သွားဝယ်ဖို့ ပြောတယ်။ ဒါပေမဲ့ အဖိုးက အပြင်မှာ
အေးလွန်းလို့  မသွားချင်ကြောင်းပြောတဲ့ အတွက် ရှိတာလေးကိုပဲ ရသလောက်ကြော်ဖို့ ဆုံးဖြတ်
လိုက်တယ်။ ပြီးတော့ ပဲရာကျော် ကျော်ဖို့ အတွက် မီးမွှေးတယ်။ ကြော်တယ်။ ပဲမှုန့် က အရမ်းနည်းနေတော့
အကြော်က ငါးခုပဲ ရတယ်။ ဒါနဲ့ အဖွားက နှစ်ခုယူပြီးအဖိုးအတွက် သုံးခုပေးလိုက်တယ်။
ဒါပေမဲ့ အဖိုးက နှစ်ခုနဲ့ ဝပါတယ် ဆိုပြီး အဖွားကို တစ်ခုပြန်ပေးတယ်။
အဖွားက လည်း နှစ်ခု နဲ့ လုံလောက်ပါပြီ တော်ပဲဝအောင်စားပါ
..နက်ဖြန်မှ ပဲမှုန့် သွားထွက်ဝယ်ပြီး ပေါပေါများများစားကြတာပေါ့လို့ ပြောပြီး အဖိုးပေးတဲ့
တစ်ခုကို ပြန်ပေးလိုက်တယ်။
အဖိုးကလည်း နောက်နေ့ မှငါပိုစားတော့မယ် ဒီနေ့ မင်းက သုံးခုစားကိုစားရမယ် ဆိုပြီး ပြန်ပေးတယ်။ ဒီလိုနဲ့ သူစားကိုယ်စား အပြန်လှန် ကြင်နာလိုက်ကြတာ ညာဥ့်နက် သွား ပါတော့တယ်။ အဲ့ဒါနဲ့ နှစ်ယောက်စလုံးပြိုင်တူအိမ်ပြီး နက်ဖြန်အရင်နိုးတဲ့ သူက ပဲရာ ကျော်သုံးခုကို စာရမယ်လို့ နှစ်ဦးသဘောတူဆုံးဖြတ်ပြီး အိပ်လိုက်ကြတယ်။
နှစ်ယောက်စလုံးက စောစောနိုးကြပေမဲ့ တစ်ယောက်ကို တစ်ယောက်က
စေတနာပို ပြီးစားစေချင်ကြတဲ့အတွက် နှစ်ယောက်စလုံးအိပ်ချင်ဟန်ဆောင်ပြီး မျက်လုံးလေးတွေ
စုံမှိတ်ကာ အိပ်ယာထဲမှာပဲ ဆက်လက်လဲလျှောင်းနေကြတယ်။ နေအတော်မြင့်ပြီး ဖြစ် သော်လည်း
နှစ်ယောက်စလုံးမထကြသေးလို့ အိမ်နီးနားချင်းတွေက သူတို့ ကို စိတ်ပူလာကြတယ်။ အဖိုးနဲ
့အဖွားဘာတွေဖြစ်နေဘာလိမ့် နေမကောင်းများ ဖြစ်နေကြရော့လားစသည်စသည် တွေးပြီး
အချင်းချင်း တိုင်ပင်ကာ တံခါးလာခေါက်ကြတယ်။ ဒါပေမဲ့ နှစ်ယောက်စလုံးက ပေတေပြီး ဆက်အိပ်ဟန်ဆောင်နေကြတဲ့အတွက်
အိမ်နီးချင်းတွေက ပိုပြီးစိတ်ပူလာကြတယ်။ ပြီးတော့ အားလုံးရဲ့ သဘောတူညီချက်နဲ့ တံခါးသော့ကို
ရိုက်ဖွင့်လိုက်ကြတယ်။ အိမ်ထဲ ရောက်သွားတဲ့အခါမှာ အဖိုးရော အဖွားပါ ကုတင်ပေါ်ပါ မျက်စိမှိတ်ရပ်သား
ဖြစ်နေတာ တွေ့ လိုက်ကြလို့ နှစ်ယောက်စလုံး ကွယ်လွန်အနိစ္စရောက်ကြရှာလေပြီလို့ ထင်သွားကြ
တယ်။ ပြီတော့ သူတို့ ကို မီးသင်္ဂြိုဟ်ဖို့ ရန်ပြင်ဆင်ကြဖို့ ပြောဆိုနေကြတယ်။ အဲ့ဒါကို
အဖိုးက ကြားသွားပြီး ငါတို့ တော့ အရှင်လက်လက် မီးရှို့ ခံရတော့မှာပဲ ဟု တွေးကာ “ ကောင်းပြီ
ငါပဲ အကြော်သုံးခုကို စားလိုက်ပါ့မယ်လို့ လှမ်းအော်ပြောလိုက်တယ်။ အဖွားကလဲ တော့ကို
အစောကတည်းက ကျမပြောသားပဲ သုံးခုစလုံးကို စားလိုက်ဖို့ …. ရှင်သာကျမစကားနားထောင်ခဲ့ရင်
ဒီအကြော်တွေအားလုံးကို ညကတည်းက စားပြီးနေ ပြီ..အခုတော့ ကျမလည်း အရမ်းကိုဗိုက်ဆာနေပြီ..လာ..ရှင်ကသုံးခုစား
ကျွန်မက နှစ်ခု
စားမယ် သွားကြစို့ လို့ ပြောလိုက်တယ်။
အဖိုးအဖွားတွေပြောနေတာကို အိမ်နီးနားချင်းတွေကြားသွားတဲ့အခါမှာ
တို့ တော့သရဲ အခြောက်ခံရပြီဟေ့..ပြေး..ပြေး…..သရဲအဖိုးကြီးက ငါတို့ ရွာရဲ့ မိသားစု
သုံးစုကို စားပြီး သရဲမကြီးက မိသားစုနှစ်စုကို စားမယ်လို့ ပြောနေပြီဟေ့ ပြေထား..လို
့အော်ပြီး ထွက် ပြေးကြပါတော့တယ်။
အဖိုးအဖွားလင်မယားလဲ အံ့အားသင့်ပြီး သူတို့ ထင်သလိုမဟုတ်ကြောင်း
ရှင်းပြရန် အတွက် ရွာသားများနောက် ပြေးလိုက်ပါတော့တယ်။ ရွာသားတွေကလဲ သူတို့ ကို ဖမ်းစားဖို
့လိုက်လာပြီအထင်နဲ့ ကြောက်သတဲ့ကြောက်လန့် ပြီး ဆက်လက်ထွက်ပြေး ကြပါတယ်။
ရက်အနည်းငယ် ကြာပြီးတဲ့နောက်မှာ အဖွားက အိမ်နီးချင်းတွေကို
ခေါ်ပြီး ပဲရာကြော် ဖြစ်စဉ်အကြောင်းကို ရှင်းပြတယ်။ အိမ်နီးချင်းတွေလဲ ဖြစ်ရပ်မှန်ကို
သိကြတဲ့အခါမှာ အူတက်မတက် ရည်မောကြပါတော့တယ်။အဲ့ဒိနေ့ မှာပဲ အဖွားက ပဲမှုန်းတွေအများကြီး
သွားဝယ်ပြီး ပဲရာကြော်တွေကြော်ကာ အိမ်နီးချင်းတွေကို ဖိတ်ကြွေးလိုက်တယ်။ သူတို့  နှစ်ယောက်ကြောင့်
တစ်ရွာလုံး အထိတ်တလန့် ဖြစ်သွားရတဲ့အတွက် စိတ်မကောင်း ဖြစ်ရကြောင်းပြောပြီး တောင်းပန်လိုက်ကြပါတယ်။
တီအာဝိုင်
6/6/2013
No comments:
Post a Comment