Wednesday, July 3, 2013

နှလုံးအိမ်ကို ထိတဲ့မိုးကြိုး

၁။
ကျနော့်မှာ အကျင့်တစ်ခုရှိတယ်။စိတ်ကိုနိုင်အောင်ထိမ်းတဲ့အကျင့်။အဖေသင်ပေးထားတာ။
“သား မင်းဟာ ဒေါသကြီးတဲ့လူတစ်ယောက်ဖြစ်တဲ့အတွက် အရာရာမမှားသင့်တာ မမှားရအောင် စိတ်ကိုထိန်းနိုင်အောင်ကြိုးစားရမယ်”လို့ဆုံးမဘူးတယ်။
“သားစိတ်ကို ဘယ်လိုထိန်းနိုင်အောင်ကြိုးစားရမှာလဲ အဖေ”လို့ပြောတော့။
“မင်းဟာ တစ်ခုခုကို လုပ်ချင်လာပြီဆိုရင် မလုပ်ဖြစ်အောင်အောင့်ထား…အပေါ့ အလေးသွားတာမျိုးကိုတော့မအောင့်နဲ့ပေါ့သားရယ်….ဥပမာ..ဒီည ရုပ်ရှင်သွားကြည့်ချင်တယ်ဆိုရင် ကိုယ့်ဘာသာ မသွားဖြစ်အောင်နေကြည့်ပေါ့…မလုပ်ချင်တာမျိုးကိုလည်း မဖြစ်ဖြစ်အောင် လုပ်ကြည့်ပေါ့..ဥပမာ..စာမကျက်ချင်ဘူးဆိုရင် ကြိတ်မှိတ်ပြီးတော့မရ ရအောင် ကျက်ကြည့်ပေါ့…အဲ့ဒိလို ကိုယ့်ဆန္ဒနဲ့ ပြောင်းပြန်ပြန်ပြီး လုပ်နိုင်အောင်ကြိုးစားပြီးလေ့ကျင့်ကြည့်မယ်ဆိုရင် သားဟာ တဖြည်းဖြည်းနဲ့ ကိုယ့်စိတ်ကိုယ်နိုင်တဲ့ လူတစ်ယောက် ဖြစ်လာပါလိမ့်မယ်”လို့ပြန်ပြောပြခဲ့ဘူးတယ်။
အဖေ့သွန်သင်ချက်လေးကိုသဘောကျလွန်းလို့မကြာမကြာလုပ်ကြည့်ဖြစ်တယ်။    အတော်လေးအောင်မြင်မှုရခဲ့တယ်။အဖေကကျနော့်ကိုဆုံးမတဲ့နေ့မှာ       မိုးကြိုးတွေပြစ်မိုးတွေချိန်းနေလို့အဲ့ဒိလိုမိုးကြိုးပြစ်မိုးတွေ
ချိန်းတဲ့နေ့တွေတိုင်းမှာ အဖေနဲ့ဆုံးမစကားလေးကို ပိုပြီးတော့ လွမ်းခဲ့ရတယ်။အဖေ့ကိုလွမ်းတိုင်းလည်း အဖေ့ဆုံးမစကားတွေကိုတန်ဖိုးထား  ရွတ်ဆိုတယ်။ လိုက်နာတယ်။အဲ့ဒိလိုအချိန်တိုင်းမှာလဲ နတ်ပြည်ကနေ အဖေသာဓုခေါ်နေမှာပါ။
၂။
အဲ့ဒိနေ့က မိုးတွေ အရမ်းရွာတယ်။ ပြောမပြနိုင်လောက်အောင် သည်းသည်းထန်ထန်ကြီးကိုရွာတာ။ မိုးကပြင်းလွန်းတော့ ပုံမှန်ထက် စောပြီးတော့ အမှောင်ကျတဲ့နေ့။ကျနော့်ဘဝလဲ အဲ့ဒိညနဲ့အတူ အမှောင်ကျသွားသလားတောင် ထင်ရတယ်။ တော်တော်ကြီးကို မှောင်နေပါပြီ။ဒါပေမဲ့ အနီးကပ် အရာဝတ္ထုတွေကိုတော့ ရေးတေးတေး မြင်နိုင်သေးတဲ့အခြေအနေလေး။
၃။
“ဟိုက်….သရဲ” ဆိုပြီး ပါးစပ်ကနေ ငယ်သံပါအောင် အော်ပြစ်လိုက်တယ်။ ကြောက်လွန်းလို့သာအော်လိုက်တာပါ။ မမြင်ဖူးလို့ ကြည့်လိုက်ချင်တဲ့ စိတ်ကလည်း တားမရစီးမရ။ကြောက်စိတ်တွေကို ကမန်းကတန်းမျိုချ။ကြောက်စရာ အရာဝတ္ထုနဲ့ နီ်းနိုင်သမျှကို တဖြည်းဖြည်းကြိုးစားတိုးကပ်သွား။အသေချာစိုက်ကြည့်။
“ဟီး…….ဟီး……..ဟီး…….”ဆိုတဲ့ ဆွေးဆွေးမြေ့မြေ့ညည်းတွားသံကြီးနဲ့အတူ ဘာတွေပြောဆိုနေမှန်းမသိတဲ့စိတ်ခြောက်ခြားစရာ အသံကြီးက တရစပ်ထွက်ပေါ်။ပုံသဏ္ဍာန်က လူမှလူ။ပြီးတော့ မဲမဲကြီး။ငယ်ထိပ်နားမှာကလဲ လင်းလို့ထိမ်လို့။ထိပ်နီသရဲဆိုတာ ဒါပဲဖြစ်မယ် လို့လဲ တုန်တုန်ရီရီ ကြောက်ကြောက်လန့်လန့်နဲ့ ထင်မိထင်ရာ ထင်ကြည့်လိုက်သေးတယ်။
၎။
“ကျမကို သနားပါရှင်….. ကျမက လူကောင်းပါ….ကျမဒုက္ခရောက်နေလို့ပါ…ထမင်းလဲ မစားရသေးပါဘူး….
အိပ်စရာလဲ နေရာမရှိပါဘူး….”
ဘာပဲဖြစ်ဖြစ် လက်ထဲမှာပါလာတဲ့ ထမ်းပိုးနဲ့ အသေအခြာကို ရိုက်ထည့်လိုက်မယ်ကွာ….လို့ဆုံးဖြတ်ပြီးမှ အဲ့ဒိအသံက ထွက်လာတာ။
“မင်းဘယ်သူလဲ…သရဲလား..တစ္ဆေလား….ကဝေလား….မှန်မှန်ပြော ” လိုဆိုတာကိုပဲ “ကျမက ကဝေပါ”လို့
ပြန်ဖြေတယ်။ ဒါကြောင့် ပိုပြီးတော့ ရိုက်ချင်သွားတယ်။
၅။
“အော်…နာမည်လေးက ရဝေတဲ့လား…..လှလိုက်တာ…..နာမည်လေးနဲ့လိုက်အောင် လူလေးကလည်း လှလိုက်ပါဘိ….လှတာမှ မှုန်နေအောင်ကို လှတာ…..”ကြည့်ရင်းတွေးရင်း…တွေးပြီးရင်းပြန်ကြည့်ရင် ထွက်ကျလုဆဲ တံတွေးများကို ဂလု ခနဲအသံမြည်အောင် ပြန်မျိုချလိုက်မိတယ်။နှုတ်ခမ်းမွှေး ပါးသိုင်းမွှေး နုနုစိမ်းစိမ်းလေးတွေရယ်၊နီရဲတွတ်နေတဲ့ နှုတ်ခမ်းပါးအစုံလေးတွေရယ်၊တကိုယ်လုံးမှာ ဖြန့်ကျက်နေတဲ့ အစိမ်းရင်ရောင်သွေးကြောလေးတွေရယ်ကိုတော့ အသေချာမကြည့်ဖြစ်ပဲကို မှတ်မှတ်ရရ သတိထားမိလိုက်တယ်၊၊ပြီးတော့ ပါးပြင်ပေါ်က သွေးကြောခပ်ရဲရဲတွေကိုတော့ မြေပုံကြည့်သလိုလို အ်ီလက်ထရောနစ် ဆားကဒ်လမ်းကြောင်းလိုက်စစ်သလိုလိုကို ဂရုတစိုက် အသေး စိတ်ကြည့်မိလိုက်တယ်။မြို့လည်ကောင်က လေးထောင့်ကွက်ကြား မြေပုံမျိုးမဟုတ်ဘူးဆိုတာ သေချာသလို အိုင်စီ ပတ်လမ်းတွေလောက်လဲ ဖြောင့်ဖြောင့်ဖြူးဖြူးကြီးတွေ မဟုတ်။
၆။
သူ့ခမျာ ချမ်းလွန်းတုန်လွန်းလို့ ရဝေလို့ပြောတာကို ကဝေလို့ကြားပြီး ရိုက်ဖို့ပြင်မိတဲ့ ကိုယ့်ကိုယ်တောင်
မင်းဟာ ခပ်ဆိုးဆိုးလူသားတစ်ယောက်ပါလား လို့လဲ အပြစ်ပြန်တင်လိုက်မိသေးတယ်။မှောင်မှောင်မဲမဲ ကြီးထဲမှာ မိုးကာ အမဲကြီး ဝတ်ထားတာဆိုတော့ သရဲပဲထင်တာ။
“ကျမကိုတွေ့တဲ့လူတွေကတော့ ကယ်ကောင်းပါရဲ့ဆိုပြီး ပါလာတဲ့ဓါတ်မီးကို ခလုတ်ဖွင့်….ခေါင်းမှာ…”
ဘာဆက်ပြောနေမှန်းမသိ။ဝူးဝါးဝူးဝါးနဲ့ ပြောနေသည်ကိုပဲ ကြားတော့တယ်။
၇။
အိမ်မှာက ကျနော်လူပျိုကြီး တစ်ယောက်တည်း နေတာ။လူပျိုကြီးဖြစ်နေတာကလဲ မိန်းမယူရင် အိမ်ထောင်
ရဲ့ဒုက္ခဖြစ်တဲ့ ဂရာဝါသော ဗဟုကိစ္စော(အိမ်ရာတည်ထောင်လူတို့ဘောင်သည် အလွန်အလုပ်ရှုပ်၏) လို့နှလုံးသွင်းမိပြီး မယူခဲ့တာတော့မဟုတ်ပါဘူး။ဝါကျွတ်လေတိုင်းမျက်ရည်ဝိုင်းခဲ့ရလို့ လူပျိုကြီးဖြစ်နေတာပါ။ဝါကျွတ်တိုင်း ဝါကျွတ်တိုင်းမှာအနည်းဆုံးကျနော်ရည်မှန်းထားတဲ့ မိန်းကလေး လေးငါးယောက်လောက်ကတော့ ခိုးရာလိုက်စမြဲပါ။အသက်သုံးဆယ်လောက်အထိကို အဲ့ဒိမျက်ရည်က ဝိုင်းနေရတုံး။အဲ့ဒိနှစ် တစ်နှစ်မှာတော့ ဝါကျွတ်လေတိုင်း မျက်ရည်ဝိုင်းရတဲ့ဝဋ်ကနေကျွတ်လွတ်ခဲ့တယ်။ မိန်းမမယူတော့ဘူး…လူပျိုကြီးပဲလုပ်တော့မယ်လို့ဆုံးဖြတ်လိုက်တဲ့နှစ်က။
၈။
သူကလဲ ကူညီပါဆိုတော့ကူညီချင်တယ်။လူပဲ။ဘယ်နေနိုင်ပါ့မလဲ။သူတပါး ဒုက္ခရောက်နေတာကိုး။အိမ်ကို
ရောက်တော့ သူလုံးဝကို မလှုပ်နိုင်တော့ဘူး။       ဘာတတ်နိုင်မှာလဲ ကူညီပြီဆိုမှတော့ သူမှမလှုပ်နိုင်တာ ကိုယ်လှုပ် လိုက်ရတော့တယ်။        သူ့အဝတ်အစားတွေ အားလုံးကို ချွတ်ပုံထားလိုက်ပြီး ကျနော့် အဝတ် အစားတွေ ဝတ်ပေးထားလိုက်တယ်။မနက် ကျနော် အလုပ်သွားရင် ဝတ်ရမဲ့အဝတ်လေးတွေ။ေ လာလော ဆယ်တော့              သူ့အဝတ်တွေနဲ့ ကျနော့် အဝတ်လေးတွေကို နံရံမှာ ကပ်ပြီးချိတ်ထား လိုက်တယ်။ မီးဖိုနဲ့ပြပြီး လှမ်းလို့ကမရသေးဘူး။လေကလဲတိုက်တုန်း။မိုးကလဲရွာတုန်း။ သည်းတုန်း ထန်တုန်း။ ညစဉ်လာလာပြီး ဝိုင်းနေကျ ဘော်ဘော်တွေတောင် မလာနိုင်ကြတော့ဘူး။လုံခြုံရေးကင်းတဲက  သံချောင်းခေါက်သံတော့ ကြားလိုက်တယ်။             သဲ့သဲ့လေးပါပဲ။ ဘယ်နှစ်ချက် မှန်းတောင် ရေတွက် မထားမိလိုက်။ဒီအချိန်မှဆိုရင်တော့ ဘော်ဒါတွေ မလာနိုင်တော့ဘူးဆိုတာ သေချာသွားပြီမို့ ကိုယ့်လုပ်ငန်းကိုယ်စဖို့ပဲရှိတော့တယ်။ လစ်ပိုပုလင်းအဟောင်းလေးတစ်လုံးစာ သိမ်းထားတဲ့တော အရက်ဆီပုလင်းကို ထုတ်ရင်းရေကို အနေတော် တိုင်းထွာပြီး ရောစပ် လိုက်တယ်။ ငရုပ်သီး၊ဆား၊ကြက်သွန်ဖြူနီထည့်တဲ့ ခြင်းတောင်းလေးထဲမှာ မစားတာ အတော်လေး ကြာလို့ကျန်နေသေးတဲ့ မရမ်းသီးခပ်နွမ်းနွမ်းလေးကို အသေအချာရေဆေးပြီး ခဲတံချွန်တဲ့ဓါး အဟောင်းလေးနဲ့ ကျကျနနစိပ်လိုက်တယ်။ ပြီးတော့ ပန်းကန်ခပ်သေးသေးလေး ထဲမှာထည့်ပြီး ဘေးနားမှာဆားပုံလိုက်တယ်။ဘေးနားက မဖုရားလေးရဲ့အလှတရားကို တစိမ့်စိမ့်ခံစားရင်း သောက်လိုက် မြည်းလိုက်နဲ့။မိုးကလေးလဲအေး အမြည်းလေးကလဲကောင်း ဆိပ်ငြိမ်မှုကလဲ အပြည့်မြင်ကွင်းလေးကလဲ ရင်လှိုက်မောစရာ။
၉။
လှတယ်။တော်တော်လေးကို လှတယ်။သူ့ရဲ့ထွက်သက်ဝင်သက်နဲ့အတူ ကျနော့်ရဲ့တက်လာတဲ့ရေချိန် တို့အပြိုင်အဆိုင်လုရက်ပြေးလွှားကြ။ညဥ့်နက်လေလေ သူ့ရဲ့အလှတရားကလဲ တာဝတိံသာက နတ်သမီးအလှမှသည်တုသီတာနတ်သမီးရဲ့အလှဆီသို့တိုး၍တိုး၍လှပ။သူ့အလှအပနဲ့အတူကျနော်ရဲ့
ရင်ခုန်သံတွေလဲ မြန်သည်ထက်မြန်။ရင်ခုန်သံကြောင့်မူးသည်ထက်မူး။မူးလွန်းအားကြီးလာတော့ သူ့ရဲ့ထွက်သက်ဝင်သက်တွေလားကျနော့်ရဲ့ထွက်သက်ဝင်သက်တွေလား ဘယ်သူ့ရဲ့အသံမှန်းကိုဝေခွဲမရ
တော့။ဝင်ထွက်ရှူရှိုက်နေတဲ့ အသံတစ်ခုကတော့ ခပ်ပြင်းပြင်း ရုန်းလို့ကန်လို့။ဘယ်၍ဘယ်မျှ မူးသွားသည်မသိ။သိလိုက်တဲ့အချိန်မှာတော့ ကျနော်က သူ့အနားရောက်နေပြီ။အသေအချာကို စိုက်ကြည့်လိုက်တယ်။တုသီတာနတ်သမီးရဲ့ အလှထက်မကတော့ ပရနိမ္မိတ ဝဿဝတီနတ်ပြည်က နတ်သမီးရဲ့အလှမျိုးဖြစ်နေပြီ။ဘယ်လိုမှ ထိမ်းမရတော့ တဲ့အဆုံးသူ့ပါးကိုဖွဖွလေးနမ်းပြစ်လိုက်တယ်။
အိမ်ကလေးက မခိုင့်တခိုင်။လေခပ်ပြင်းပြင်းလေး တချက်တိုက်လိုက်တာနဲ့ကို ပြိုကျသွားတော့ မတတ်။အိမ်ရှေ့တံခါးကိုတော့ မင်းတုန်းဂျက်ချပြီး အသေချာပိတ်ထားပြီးပြီ။ရေနံဆီမီးအိမ်လေးကတော့ မှိတ်တုတ် မှိတ်တုတ်နဲ့သူတတ်စွမ်းသမျှအလင်းရောင် ကိုပေးဆက်နေဆဲ။ဒါပေမဲ့ မီးအိမ်လေးရဲ့အလင်းက ကျနော့်ရဲ့ ခေါင်းထဲအထိတော့ မလင်းလက်စေခဲ့တာ သေချာတယ်။
မလုပ်သင့်သော အလုပ်တစ်ခုကို တားသူကတားတယ်။ရှေ့ဆက်သူကလဲ ရဲရဲကြီးဆက်ဖို့ကြိုးစားတယ်။ တားသူက အသိစိတ်။တိုးနေသူက အသိစိတ်နဲ့ခပ်ဝေးဝေးက ခြေနဲ့လက်ဆိုတဲ့ ရုပ်တရားတွေ။ဒါပေမဲ့ ဘယ်သူလဲ ဘယ်ကလဲ ဘာလုပ်လဲ ဘယ်သူနဲ့နေလဲ ဘယ်ကိုသွားမှာလဲ ဘာကိုမှ ဟိုဟို ဒီဒီ မမေးလိုက်ရလို့ ရှေ့ဆက်တိုးဖို့က အတော်လေးခက်နေတယ်။တစုံတရာပြုပြီးမှ တစုံတယောက်ရဲ့ တယောက်သောသူဆိုရင် ဒု-သ-န-သော ဖြစ်သွားရင် မခက်ပါလား။အခုပဲ နှိုးပြီးတော့ မေးလိုက်ရင်ကောင်းမလား။အိပ်ပျော်နေတာလား မေ့မျောနေတာလား လဲ အသေအချာမသိ။ တွေတွေဝေဝေစဉ်းစားရင်းနဲ့ပဲ စိတ်ကလေးများ မသိမသာ ပြောင်းလဲလာပြီး သက်ပြင်းပူကြီးတချက်ကို ခပ်ပြင်းပြင်းချလိုက်တယ်။ကဲ..အားလုံးရှိစေတော့။မနက်မှပဲမေးတော့မယ် ဆိုပြီးပြင်းပြင်းပြပြ လိုအင်ဆန္ဒ တွေအားလုံးကို လည်ချောင်းမှ တဆင့် ခြေများထိအရောက် ဆွဲချပြီး အာကာသထဲကိုမျောထုတ် အိပ်တော့မယ် အလုပ်။ဟင်းလင်းပြင်ပွင့်ထွက်နေတဲ့ နောက်ဖေးက ဝုန်းကနဲ ထိုးဝင်လာတဲ့ လေအဟုန်ကြောင့် မခိုင့်တခိုင် ရော့တိရော့ရဲနဲ့ သူ့ကိုဝတ်ပေးထားတဲ့ ကျနော့်ပုဆိုးက လန်အတက်။ဘာပါလိမ့်ဆို ထကြည့်မိရင်း ရင်ထဲမှာ ဟိုက်ခနဲဖြစ်သွားတယ်။သူကတော့မေ့မျောနေလား အိပ်ပျော်နေလား အသေအချာမသိ။အသေအချာသိလိုက်ရတာက ကျနော်မေ့မျောမတတ်ဖြစ်သွားပြီး ဆက်အိပ်လို့ရတော့မှာ မဟုတ်ဆိုတာပါပဲ။ရိုးသားလွန်းတဲ့ကျနော့်ရင်ဘတ်ကြီးကို တစ်ယောက်ယောက် ဝင်ယောက်ပူးကပ်သလား။ဒါမှမဟုတ် တစ်ခုခုက ညှို့ယူဖမ်းစားလေသလား ဆိုတာကိုပါ ဝေခွဲရခက်သွားတယ်။
၁၀။
“မလုပ်နဲ့.……မလုပ်နဲ့”
အသိစိတ်ကတားမြစ်တယ်။မရ။အစကတော့ ညီမလေးတစ်ယောက်လိုသဘောထားနိုင်ခဲ့တယ်။ြ ဖစ် ပေါ်ခဲ့သမျှစိတ်အစဉ်ကို အသိစိတ်နဲ့ ထိန်းကြောင်းနိုင်ခဲ့တယ်။ရိုးရိုးတွေးပြီး ရိုးရိုးလေးသာ ပြုစုပေးချင်ခဲ့တာ။လူပီသချင်ခဲ့တာ။လူတစ်ယောက်ကို လူတစ်ယောက်က ကူညီသည့် ပုံစံ။သိပ်မဆန်းပေမဲ့စံထားသင့်တဲ့ စိတ်ထား။အဲ့ဒါတွေကို အလကားပါလို့ထင်မိတဲ့နောက်မှာ အရက်တစ်ခွက် ။အဲ့ဒိနောက်မှာ ညဥ့်နက်နက်။ အဲ့ဒိနောက် မှာ သေသေသပ်သပ်ပေးလာတဲ့ အခြေအနေ။အဲ့ဒိနောက်မှာ ရလိုက်တဲ့ အခွင့်အရေးကို လက်မလွှတ်ချင်တဲ့ လောဘ။အဲ့ဒိနောက်မှာ သံသရာရှေ့ရေးနောက်ရေးနားမလည်မသိတတ်မှု။အဲ့ဒိနောက်မှာ အရှက်အကြောက်ကင်းမဲ့ခြင်း။
၁၁။
ကျနော့်လက်တွေက သူ့ရဲ့ခန္ဓာကိုယ် အထက်ပိုင်းမှာ နေရာအနှံ့ပြေးလွှား။ခြေထောက်ကလဲ ဟိုရွှေ့ဒီလူး။
သူကတော့ ငြိမ်သက်မှုအပြည့်နဲ့ လောကကြီးထဲ သူရှိသေးတယ်ဆိုကို သိမှသိပါလေစ။ဒီလိုလုပ်လိုက် ရင်
တရားသလား မတရားသလား စဉ်းစားတယ်။သင့်တော်လား မသင့်တော်လား စဉ်းစားတယ်။ဘယ်လိုစဉ်းစားစဉ်းစား အဖြေကတော့ တရားတယ် သင့်တော်တယ် ဆိုတာချည်းပဲ။
“ကဲ..ဖြစ်ချင်ရာ ဖြစ်တော့..”လို့ဆုံးဖြတ်ပြီး ရှေ့ဆက်တော့မယ် ဟန်ပြင်နေခိုက်။
“ဝုန်း…ဝုန်း…ဝုန်း”
မိုးကြိုးပြစ်သံတွေ မိုးချိန်းသံတွေ ကျနော့်ရင်ဘတ်ကြီးထဲကို ဖြတ်သန်းစီးဆင်း။ခန္ဓာကိုယ်တစ်ခုလုံးရှိ ဆဲလ်များသို့ပင်မကျန် နေရာအနှံ့လှည်လည်ပြေးလွှား။
၁၂။
သေချာပါတယ်။အဖေတော့ နတ်ပြည်ကနေ သာဓုခေါ်နေလောက်ပြီ။


နန်းရှင်

No comments:

Post a Comment