Saturday, July 27, 2013

အမြင်


ရုံးခန်းထဲမှာ အမျိုးသမီးနှစ်ဦး စကားပြောနေကြတယ်။
၁။   ။မနေ့ က ကျုပ်ရဲ့ညနေခင်းလေးက အရမ်းသာယာလှပပြီး ကြည်နူးဖို့ အရမ်းကောင်းတာပဲ။ဘယ်လို လဲ ညည်းရော။
၂။  ။စိတ်ပျက်စရာကြီးပါဟယ်…ငါ့ယောက်ျားလေ…..အိမ်ပြန်ရောက်ရောက်ချင်းပဲ ….ညစားတန်းစားတယ်…ပြီး ခဏနေတော့ အိပ်ပျော်သွားတယ်….ညည်းကရော ဘယ်လိုဖြစ်လို့ သာယာလှပနေတာလဲ ပြောစမ်းပါဦး အေ့။
၁။  ။အို့ …ညည်းကလဲ အတော်ကြီးကို ထူးဆန်းတာအေ့…ငါ့ရဲ့လင်တော်မောင်က အိမ်ပြန်လာပြီးတော့ တကယ်ကိုခန်းနားပြီး စိတ်ကူးယဉ်ဆန်တဲ့ ဆိုင်တစ်ဆိုင်ကိုခေါ်သွားပြီး ညနေစာအတူသွားစားကြတယ်လေ… ပြီးတော့….ဒို့ တွေ တစ်နာရီလောက်ကြာကြာ အတူလမ်းလျှောက်ပြီးတော့ အိမ်ကိုပြန်ခဲ့ကြတယ်။ အိမ်ကိုရောက် တော့ တစ်အိမ်လုံးကို ဖရောင်းတိုင်မီးတွေ လိုက်ထွန်းတယ်…တကယ့်ပုံပြင်ဆန်ဆန် ဖြစ်ရပ်လေးပဲ..ဟ။
တစ်ချိန်တည်းမှာပဲ သူတို့ ရဲ့ အမျိုးသားတွေကလည်း လုပ်ငန်းက ရုံးခန်းထဲမှာ စကားပြောနေကြတယ်။

၁။   ။ဘယ်လိုလဲငါ့ကောင် မနေ့ က မင်းအိမ်အပြန်မှာ အိုကေခဲ့ရဲ့လား…။
၂။   ။လွှတ်မိုက်တာပဲကွ….ငါအိမ်ပြန်ရောက်တော့ ညစာက အဆင်သင့်ပဲ….အဲ့ဒါကို စားသောက်ပြီး အိပ်ချ လိုက်တယ်….မင်းရော ဘယ်လိုလဲ …အိုကေခဲ့တယ်မဟုတ်လား..။
၁။   ။ငါ့အခြေနေကတော့ မမိုက်ပါဘူးကွာ…အိမ်ပြန်ရောက်တော့ ညနေစာ ဘာမှစားစရာမရှိဘူး..ပြီးတော့ လျှပ်စစ်မီးအတွက် ဘေကလဲ ဆောင်ဖို့ မေ့နေတော့ မီးတွေအကုန်အဖျက်ခံထားရတယ်…။ အဲ့ဒိတော့ မိန်းမ ကို ဈေးကြီးကြီးထမင်းဆိုင်တစ်ဆိုင်ကို ခေါ်သွားပြီတော့ ညနေစာလိုက်ကြွေးလိုက်ရတယ်…အပြန်မှာ တက္ကစီခ မတက်နိုင်တာနဲ့  အိမ်ကိုတစ်နာရီလောက် လမ်းလျှောက်ပြန်ခဲ့ရတယ်…။အိမ်ပြန်ရောက်တော့လဲ တအိမ်လုံး မှောင်နေတာနဲ့  ဖရောင်းတိုင်တွေ အနှံ့ လိုက်ထွန်းလိုက်ရတယ်ကွာ…။
တီအာဝိုင်
6/23/2013

No comments:

Post a Comment