Wednesday, July 31, 2013
ကဲ စာမရေးနိုင်လို့ ပါးစပ်နဲ့ ပဲ ပုံပြင်ပြောပြလိုက်ပြီဗျာ
Chirbit - Talking Story - Tryistry - share audio easily
ကဲ စာမရေးနိုင်လို့ ပါးစပ်နဲ့ ပဲ ပုံပြင်ပြောပြလိုက်ပြီဗျာ။ သုံးမိနစ်လောက်ပါပဲ။ စိတ်ဝင်စားရင် 
နားထောင်ကြည့်ကြပေါ့။ လိုအပ်ရင်လဲ ဝေဖန်ပေးကြဦး။ ကြိုက်ရင်လဲပြော။ လူကြိုက်များရင်
နောက်ထပ်ဒါမျိုးလေးတွေအများကြီးလုပ်ပေးဦးမယ်။ ဟီး။
တီအာဝိုင်
Tuesday, July 30, 2013
ဘဝအတွက်အရေးကြီးတဲ့ အရာများ
ဒဿနိကဗေဒ ဘာသာရပ်ဆိုင်ရာ ပါမောက္ခဆရာကြီးတစ်ဦးဟာ အတန်းမစတင်ခင် သူ့ ရှေ့ က စားပွဲပေါ်မှာရှိတဲ့ အရာဝတ္ထုတစ်ခုနဲ့  အတူ ရပ်နေတယ်။ အတန်းစတင်တဲ့အချိန်မှာတော့ အတော်အတန်ကြီးမားတဲ့ ပုလင်းလွတ်တစ်လုံးကို ကောက်ကိုင် လိုက်တယ်။ ပြီးတော့ နှစ်လက်မလောက် အရွယ်ရှိတဲ့ေ ကျာက်တုံးတွေကို အဲ့ဒိပုလင်းအလွတ်               ပြည့်သွားတဲ့အထိ ဖြည့်ထည့်လိုက်တယ်။
ပြီးတော့ “ဒီ ပုလင်း ပြည့်သွားပြီလား တပည့်တို့ ’’လို့  ကျောင်းသားတွေကိုမေးတယ်။ကျောင်းသားတွေ ကလည်း ပြည့်ပြီဖြစ်ကြောင်းပြန်ဖြေကြတယ်။
အဲ့ဒိနောက် မှာတော့ ပါမောက္ခကြီးက ခပ်ငယ်ငယ်ကျောက်စလစ်ခဲလေးတွေကို အဲ့ဒိ ပုလင်းထဲထက်ထည့်ပြီးအနည်းငယ်လှုပ်ရမ်းလိုက်တယ်။ ဒါကြောင့် ကျောက်စလစ် ခဲငယ်လေးတွေဟာ နှစ်လက်မခန့် ရှိတဲ့ ကျောက်ခဲတုန်းတွေကြား ကို ရောက်သွားကြပါတယ်။ ပြီးတော့ ကျောင်းသားတွေကို “ဒီပုလင်း ပြည့်သွားပြီလား တပည့်တို့ ’’လို့  နောက်တစ်ခါ ထက်မေးလိုက် တယ်။ ကျောင်း သားတွေ ကလဲ ပြည့်သွားပြီဖြစ်ကြောင်းသာ ပြန်ဖြေကြတယ်။
ပါမောက္ခကြီးကေ နာက်ထပ်တစ်ခါအဲ့ဒိပုလင်းထဲကိုပဲသဲတွေကိုထပ်လောင်းထည့်လိုက် လှုပ်ခါလိုက်နဲ့  လုပ်ပြီးပြည့်သွားတဲ့ အခါမှာ ကျောင်းသားတွေကို ပြည့်သွားပြီလား လို့ ထက်မေးပြန်ပါတယ်။ ဒီတစ်ခါမှာတော့ ကျောင်းသားတွေက တညီတညွှတ်တည်း ပြည့်ပါပြီ ဆရာကြီးလို့  အားပါးတရ ဖြေကြားလိုက်တယ်။
ဆရာကြီးက ဆက်ပြောတယ်.....
ငါ့တပည့်တို့ ဒီပုလင်းခွန်ဟာ မင်းတို့ ရဲ့ ဘဝကို ကိုယ်စားပြုတယ်။ ဒီထဲက အကြီးမားဆုံး ကျောက်တုံးတွေကတော့ မင်းတို့ အတွက်အရေးကြီးဆုံးအရာတွေဖြစ်တယ်။သူတို့ ဟာ မင်းတို့ ရဲ့ မိသားစုတွေ၊ မိတ်ဆွေ အပေါင်းသင်းတွေ၊ ကျမ္မာရေးနဲ့  ၊ညီငယ်ညီမငယ်တွေ၊သားသမီးတွေ…ပြီးတော့ မင်းတို့ အတွက် အရာအားလုံးဆုံးရှုံးသွားပြီဆိုရင်တောင် ကျန်ရှိနေမဲ့ အရာတွေ   မင်းတို့ ရဲ့ ဘဝကို ဆက်လက်ပျော်ရွှင် စေနိုင်မဲ့ အရာတွေ အဖြစ်ကိုယ်စားပြုတယ်။
ကျောက်စလစ်ခဲလေးတွေကတော့ မင်းတို့ ရဲ့ အလုပ်၊ အိမ်၊  ကား            စတာတွေကို ကိုယ်စားပြုတယ်။
သဲတွေ ကတော့ မင်းတို့ အတွက် ဘာမှ     သိပ်အရေးမကြီးတဲ့အကြောင်းအရာ နဲ့ အသုံးအဆောင် အဖြစ် ကိုယ်စားပြုတယ်။မင်းတို့ ဟာ ဒီပုလင်းအလွတ်ထဲကိုသဲတွေကိုအရင်ဆုံးထည့်လိုက်မယ်ဆိုရင် ကျောင်တုံး  နဲ့ ကျောက်စလစ်ခဲတွေအတွက် နေရာရှိမှာမဟုတ်တော့ဘူး။    မင်းတို့ ရဲ့  ဘဝတွေ ဟာ ဒီလိုပဲ တပည့်တို့  မင်းတို့ ရဲ့ အားအင်တွေ          အချိန်တွေကို အရေးမကြီးတဲ့ နေရာတွေမှာ အသုံးချနေမယ်ဆိုရင် တကယ် အရေးကြီး တဲ့ အရာတွေအတွက်     အားအင်တွေ အချိန်တွေ မရှိတော့ ပဲဖြစ်နေလိမ့်မယ်။ မင်းတို့ ဘဝမှာ ထာဝရပျော်ရွှင်မှုတွေကို         ပိုင်ဆိုင်နိုင်ဖို့ အတွက် ဘယ်အရာတွေကို       ဦးစားပေး သင့် သလဲဆိုတာ ကို သေသေချာချာ     သတိကြီးကြီးထားပြီး    ဝေဖန်သုံးသပ်ကြဖို့ လိုပါတယ်။ မင်းတို့ ရဲ့ ညီငယ် ညီမငယ် ကလေး ငယ်တွေနဲ့ အတူကစားပါ။  မင်းတို့ ရဲ့ မိတ်ဆွေအပေါင်းသင်းတွေကို တိုင်ပင်ဆွေးနွေး အားပေးနှစ် သိမ့်ဖို့ အချိန်တွေပေးပါ။ အလုပ်ချိန်ဆိုတာကို ထားပါ။ အိမ်အတွက် သန့် ရှင်းရေး လုပ်ဖို့ အချိန် ဆိုတာကို ထားပါ။ အရေးမကြီးတဲ့ ကိစ္စရပ်တွေကို ဖယ်ရှားပြီး မိသားစုတွေ မိတ်ဆွေတွေနဲ့ မကြာခဏ လက်စုံစားဖို့ အချိန်ပေးစီစဉ်ဆောင်ရွက်ပါ။ကျောက်တုံးလေးတွေ ကိုပထမအဆင့် အနေနဲ့ဦးစားပေး ပါ။ပြီး မှကျောက်စ လစ်ခဲတွေပေါ့။အားလုံးပြီးပြည့်စုံပြီဆိုရင်တော့သဲမှုန်လေးတွေကိုနေရာပေးနိုင်ပါပြီ။
တီအာဝိုင်
 ၁၊၂၆၊၁၃။
Monday, July 29, 2013
တီအာဝိုင်၏တေးသွားများ၆
ဒီနေ့ မှာပေါ့။ ကျွန်တော့်ရဲ့ ပိုက်ဆံအိတ်ကျပျောက်ပြီး တစ်နာရီခန့် အကြာမှာ အသက် ၂၅နှစ်ေ လာက် ရှိတဲ့ အမျိုးသမီး တစ်ယောက် ကျွန်တော့် အိမ်ကိုရောက်လာ တယ်။ ကျွန်တော် ပျောက်သွားတဲ့ ပိုက်ဆံအိတ် ကလေးကိုကိုင်လို့ ပေါ့။ ငွေသားဒေါ်လာနှစ်ရာနဲ့ အတူ ကျန်သည့်အရာ အားလုံး ခြေရာလက်ရာမ ပျက်။ ကျွန်တော်ကသူ့ ကို ကျေးဇူးတင်ကြောင်းပြောပြီးတဲ့အချိန်မှာ ဖြစ်နိုင်ရင်သူ့ ကို အဆင်ပြေ သလောက် ငွေနည်းနည်းပြန်ပေးစေချင်တယ်လို့ ပြောလာတယ်။ ပြီးတော့ အံ့သြစရာကောင်းတာက သူလဲ ဒီနေ့ ပဲပိုက်ဆံအိတ်ကျပျောက်သွားတယ်ဆိုတာရယ်..သူ့ အိတ်ထဲမှာလဲ ဒေါ်လာနှစ်ရာနဲ့ မှတ်ပုံတင်စ သည်တွေ ပါသွားတာပါပဲ လို့ ဆက်ပြောတယ်။ ကျွန်တော်လဲဘာမှ ရှည်ရှည်ဝေးဝေး စဉ်းစားမနေတော့ပဲ သူပြန်ပေးတဲ့ အိတ်ထဲကပဲ ပိုက်ဆံတစ်ရာကိုထုတ်ပြီး အတင်းထိုးပေးလိုက်တယ်။ ပြီတော့ ရယ်ရယ်မောမောနဲ့ ပဲ ကျွန်တော်ကဆက် ပြောလိုက်တယ်။တကယ်လို့ ခင်ဗျားပိုက်ဆံအိတ်ပြန်တွေ့ ခဲ့ရင် တစ်ဝက်ဆီပြန်ခွဲယူ မယ်နော်လို့  ။သူလဲကျွန်တော်ထုတ်ပေးလိုက်တဲ့ ငွေကို ယူရင်း ကျေးဇူးတင် စကားပြောပြီး ထွက်ခွါသွားတယ်။ ညနေစောင်းလောက်ရောက်တော့ ကျွန်တော်အိမ်တံခါးကို ဘဲလ်လာတီးလို့ ထွက်ကြည့် လိုက်တော့ သူဖြစ်နေ တယ်။ တွေ့ တွေ့ ချင်းပဲ ရော့ ဒါ ရှင့်ရဲ့ ပိုက်ဆံ တစ်ရာ လို့ ပြောပြီး လှမ်းပေးတယ်။ ပြီးတော့ ဦးလေးကြီးတစ် ယောက်က ကျွန်မရဲ့ပိုက်ဆံအိတ် ကို ကောက်ရထားပြီး လာပြန်ပို့ တာလေ…လွန်ခဲ့တဲ့ တစ်နာရီလောက်ကမှ ပြန်ရတာ…အခုရရချင်းပဲ ရှင့်ဆီကို ပြေးလာတာ တဲ့
တီအာဝိုင် www.tryistry.com
တီအာဝိုင်၏တေးသွားများ၅
Sunday, July 28, 2013
ဘဝရဲ့ အဓိပ္ပါယ်
ကျောင်းဆရာတစ်ဦးကပန်းချီပြိုင်ပွဲတစ်ခုကိုစီစဉ်လိုက်သည်။‘’လှပသောဘဝ’’ဟူသောခေါင်းစဉ်ဖြင့်ဆွဲကြရ
မည်ဖြစ်သည်။ မိမိကြိုက်နှစ်သက်ရာပုံ  ကိုရေးဆွဲခွင့်ရှိသည်။ ခေါင်းစဉ်နှင့်   အကိုက်ညီဆုံးဖြစ်အောင် သရုပ်ဖော်ရေး သားနိုင်သူအား ဆုချီးမြှင့်မည်ဟု ကြေငြာလိုက်သည်။ ကျောင်းသား အတော်များများ ဝင်ရောက်ယှဉ်ပြိုင်ကြသည်။ ထို့ နောက် ပန်းချီးကားသုံးခု ကို နောက်ဆုံး စံချိန်တင်ရွေးထုတ်လိုက်သည်။ပထမဆုံးပုံမှာတည်ငြိမ်အေးချမ်းလှသောရေကန်းလေးဖြစ်သည်။ကန်ရေပြင်
သည်မှန်သားပြင်ကဲ့ သို့ တည်ငြိမ်ခံငြားလှပပြီး တောင်းတန်းများလည်း ဝိုင်းရံထားသည်။ နူးညံ့သေသပ်တဲ့တိမ်သားရယ် အပြာရောင်ကောင်းကင်ကြီးရယ်ကခန့် ခန့် ငြားငြား အုပ်မိုးကာရံထားသည်။ တောင်ထိပ်မှာတော့ ပျော်ရွှင်ဖွယ်မိသားစုလေးတစ်စု နေထိုင်ကြတဲ့ အိမ်ကလေးတစ်လုံး ရှိသည်။ကျောင်းသားများအားလုံးက ဒီပုံလေးကို ကြည့်ပြီး အလှပ အသေသပ်ဆုံးဘဝကိုသရုပ်အဖော်နိုင်ဆုံးပန်ချီကားတစ်ချက်ဖြစ်တယ်လို့ ကောက်ချက်ချကြသည်။ဘဝဆို
တာငြိမ်းချမ်းမှုမရှိရင် အနှစ်သာရမရှိဘူး ဟုယုံကြည့်လက္ခံလိုက်သည်။
ဒုတိယပုံမှာ ခန့် ငြားထည်ဝါပြီး ငြိမ်းချမ်းမှုအပြည့်ကိုပေးစွမ်းနိုင်သော တောတွင်းတစ်နေရာက ပုံဖြစ်သည်။
စိမ်းလန်းစိုပြေလှသော   သစ်ပင်များနှင့်ပြာလဲ့လဲ့ကောင်းကင်၊ပြီးတော့ ရေတံခွန်လေးတစ်ခု။ပြီးတော့ ကျေး
ငှက်သာရကာ စသည်တို့ ကလည်း   စိမ်းလဲ့ပြာရီတောတန်းလေးကို ပိုမိုလှပစေသည်။ သည်ထက် ထူးခြား သည်ကမာန်အပြည့်နှင့်ဟိန်းဟောက်နေသည့် ခြင်္သေ့ကြီးတစ်ကောင်။     သူ့ ရဲ့ ဟန်ပန်က တောတွင်းသား
တတိယပုံက   သစ်ပင်ခြုံအိုများသာအနည်းငယ်ရှိပြီး ကျန်နေရာ အားလုံးပြောင်းရှင်နေ သည့်ခြောက်ကပ် ကပ်တောင်တစ်လုံး၏ပုံဖြစ်သည်။ကောင်းကင်ယံမှာလည်းမဲမှောင်နေသည့်အပြင်မိုးများလဲအုံ့ မှိုင်းရွာသွန်းေ
နသည်။အလင်းရောင်ဆိုလို့ လျှက်ပျက်သည့်ရောင်စဉ်တန်းလေးအနည်းငယ်မျှသာရှိသည်။    အမြုပ်ပလုံစီ
ထနေသော မနှစ်မြို့ ဖွယ်ရေတံခွန်တခု  ကလည်းစီးဆင်းနေသေးသည်       ။ရေတံခွန်၏ဘေးတွင် မသက် မယက် ခြုံပုတ်ငယ်အချို့ နှင့် ရေညှိတက်နေသော ကြောက်စောင်ကပါး     များလည်းရှိနေသည်။   သစ်ပင်
တစ်ပင်ပေါ်တွင် သားသမီးငယ်   များအတွက် အသိုက်ဆောက်ပေးနေသည့် ငှက်မကြီး တစ်ကောင် လည်း ရှိသည်။သစ်ပင်လည်း     မပေါက်နိုင် အလှလဲမဆင်နိုင် သည့် ကျောက်သားထု များ၊ တရှိန်ထိုးစီး ဆင်းနေ သည့် ချောင်းငယ်တဆင်း   ၊မှောင်မဲ၍  ဝမ်းနည်းဖွယ်အတိပြီးသော ကောင်းကင်နှင့် သားသမီးများအတွက် တစိုက်မက်မက်အာရုံစိုက်လှုရှားနေသောမိခင်အိုငှက်မတို့ ကသာလျှင်နေရာယူထားသဖြင့်စိတ်ပျက်ဖွယ်
 ကောင်းလှသော ပန်းချီကားတစ်ချက်ပင်ဖြစ်သည်။      အားလုံးကဒီပုံကို ဘဝအဓိပ္ပါယ် အမဲ့ဆုံးပုံ အခံစား မိကြသည်။သို့ သော်ဆရာက တတိယပုံကိုသာလျှင် လှပတဲ့ဘဝရဲ့  အဓိပ္ပါယ်အရှိဆုံး ပန်းချီကား တစ်ချက် အဖြစ်သက်မှတ်ပြီး ပထမဆုချလိုက် သည်            ။ကျောင်းသားအားလုံး ဒီလောက်အထီးကျန် အရုပ်ဆိုး လှသောပုံ ကို ဘာဖြစ်လို့ ပထမဆုပေးရတာလဲ ဟု ဆရာအားဝိုင်းမေးကြသည်။
ယုံကြည်ချက်
လူကောင်းတစ်ယောက်ဖြစ်ဖို့ အတွက် ဘာသာ အသားရောင် မျိုးနွယ် နိုင်ငံရေးအမြင် ယဉ်ကျေးမှုနဲ့ အပြင်ပန်းသဏ္ဍာန်တွေပေါ်မှာ မူမတည်ပါဘူး။ သူတစ်ပါးကို ကိုယ်က ဘယ်လို ဆက်ဆံတယ်ဆိုတာပေါ်မှာပဲ မူတည်ပါတယ်။
ပစ္စပ္ပုန်ကို ခိုးယူစားသုံးမဲ့ အတိတ်တွေကို အမှိုက်ပုံးထဲ ထည့်ဖြစ်အောင် ထည့်လိုက်ပါ။
 မနေ့ က ဖြစ်စဉ်တွေကို အပြစ်တင်ခြင်းဟာ နက်ဖြန်အတွက် ကောင်းကျိုးတွေကို ဖျက်ဆီးနေခြင်းသာဖြစ်တယ်။
ဘဝအတွက် ကြီးမားတဲ့ အပြောင်းအလဲတစ်ခုကိုလုပ်ဖို့ ဆိုတာ အရမ်းကို ထိတ်လန့် စရာ အလုပ်တစ်ခုပါ။ဒါပေမဲ့ နောင်တရနေခြင်းကတော့ အဲ့ဒိထက်ပိုပြီး ထိတ်လန့် စရာကောင်းပါတယ်။
တစ်နေ့ နေ့ မှာ တစ်ယောက်က မင်းကို ရာခိုင်နှုန်းပြည့် ရိုးသားလာလိမ့်မယ်။ ထာဝရ ချစ်ခင် မြတ်နိုးလာလိမ့်မယ်။အဲ့ဒိလိုလူတွေကို ရှာဖွေဖို့ မမေ့ပါနဲ့ ။သူတို့ ကလဲ မင်းကို ရှာဖွေနေပါတယ်။
ဒီကနေ့ ဥယျာဉ်ပျိုးနေတယ်ဆိုတာ နက်ဖြန်အတွက် ယုံကြည်ချက်တစ်ခုပါ။
 နေ့ တိုင်းနေ့ တိုင်းဟာ နေ့ သစ်တွေဖြစ်တယ်။ ဘယ်ဟာတွေ ဖြစ်သင့်ခဲ့တယ် ဆိုတာကို တွေးမနေပဲ ဘယ်ဟာတွေဖြစ်နိုင်တယ်ဆိုတာကိုပဲ ရှုမြင်သင့်တယ်။
တီအာဝိုင်
မိန်းကလေးဆိုတာ ဘယ်လိုစိတ်ကောက်ရရင် ကောင်းမလဲ အမြဲစဉ်းစားနေတတ်တဲ့ အမျိုးလား?
ကာင်မလေး    ။       ။နင်ဆေးလိပ်သောက်လား။
ကောင်းလေး     ။        ။ သောက်တယ်။
ကောင်မလေး     ။        ။တစ်နေ့ ဘယ်နှစ်ဘူး သောက်လဲ။
ကောင်လေး       ။        ။သုံးဘူး။
ကောင်မလေး      ။       ။တစ်ဘူးဘယ်လောက်ကျလဲ။
ကောင်လေး        ။        ။ ဆယ်ဒေါ်လာ။
ကောင်မလေး       ။        ။နင်ဆေးလိပ်သောက်တာ ဘယ်လောက်ကြာပြီလဲ။
ကောင်လေး        ။       ။ ဆယ့်ငါးနှစ်။
ကောင်မလေး       ။     ။ဆယ်ဒေါ်လာတန် ဆေးလိပ်ကို တစ်နေ့ မှာ   
                              သုံးဘူးသောက်တယ်ဆိုရင်တစ်
                             လမှာ ကိုးရာ။တစ်နှစ်ဆိုရင် တစ်သောင်းနဲ့ ရှစ်ရာကုန်မယ်။ ဟုတ်လား။
ကောင်လေး         ။     ။ဟုတ်တယ်လေ။
ကောင်မလေး     ။     ။အခုနင်သောက်တာ ဆယ့်ငါးနှစ်ရှိပြီဆိုတော့ တစ်သိန်းခြောက်သောင်းနဲ့ နှစ်
                           ထောင် ကုန်သွားပြီ။အဲ့ဒါရော ဟုတ်လား။
ကောင်လေး       ။         ။ဟုတ်တယ်။
ကောင်မလေး  ။            ။နင်သာ အဲ့ဒိပိုက်ဆံတွေကို ဆေးလိပ်မသောက်ပဲ စုထားခဲ့မယ်ဆိုရင်
                                အိမ်ကောင်းကောင်း တစ်လုံးဝယ်လို့ ရနေပြီဆိုတာကို သိရဲ့ လား။
ကောင်လေး     ။         ။သိပါတယ်။
ကောင်လေး    ။         ။နင်ရော ဆေးလိပ်သောက်လား။
ကောင်မလေး   ။        ။မသောက်ဘူး။
ကောင်လေး    ။        ။ဒါဆိုရင် ဘယ်မှာလဲ နင့်အိမ်။
                            ကောင်မလေးစိတ်ကောက်သွားတယ်။
                       ပြီးခဲ့တဲ့တစ်ရက် နှစ်ရက်လောက်ကလဲ ကောင်မလေးက အဲ့ဒိလိုပဲ စိတ်ကောက် သွားတဲ့ ဖြစ်ရပ်နှစ်ခုဖြစ်ခဲ့ပြီးပြီ။
ကောင်မလေးက ဖုန်းခေါ်တဲ့ အချိန်မှာ ကောင်လေးက စားသောက်ဆိုင်မှာ တစ်ခုခု စားနေတယ်။
အဲ့ဒါ သူ့ ကိုမခေါ်ရပါ့မလားဆိုပြီး နောက်နင်ဘာပဲလုပ်လုပ် ငါ့ကိုအမှတ်ရပါ ခေါ်ပါလို့  ဒေါနဲ့ မောနဲ့ ပြောပြီး ဖုန်းချသွားတယ်။
နောက်နေ့ မှာ ကောင်းလေးက ကောင်မလေးရဲ့ စကားအတိုင်း မှတ်မှတ်ရရ တန်ဖိုးထားတဲ့အနေနဲ့ ဖုန်းဆက်ပြောတယ်။
ကောင်မလေး ငါရေချိုးနေတယ်...ငါနဲ့ အတူလာချိုးပါလား...ကောင်မလေး စိတ်ကောက်သွားပြန်တယ်။
တီ အာ ဝိုင်
ငါသိသမျှ
ဥာဏ်စမ်းဟာသ
အလုပ်သမားတစ်ဦးကို သူ့ ရဲ့ တစ်နှစ်တာ လုပ်ငန်းခွင်တိုးတက်မှုအဆင့် ဆန်းစစ်ဖို့ အတွက် သူဌေးက ခေါ်ထားပါတယ်။ အလုပ်သမားရောက်လာတဲ့အချိန်မှာ သူဌေးက မေးခွန်းစမေးတယ်။
သူဌေး။ ။လေယာဉ်ပေါ်မှာ အုပ်ခဲအလုံးငါးဆယ်ရှိတယ်။တစ်လုံးပြုတ်ကျသွားရင် ဘယ်လောက်ကျန်မလဲ။
အလုပ်သမား ။ ။လွယ်ပါတယ်သူဌေး ...၄၉ လုံးကျန်ပါတယ်။
သူဌေး ။ ။ဆင်တစ်ကောင်ကို ရေခဲသေတ္တာထဲဘယ်လိုထည့်မလဲ။
အလုပ်သမှား ။ ။ရေခဲသေတ္တာကိုဖွင့်....ပြီးရင် ဆင်ကိုထည့်....ပြီးရင် ရေခဲသေတ္တာကိုပြန်ပိတ်..။
သူဌေး ။ ။သမင်တစ်ကောင်ကို ရေခဲသေတ္တာထဲ ဘယ်လိုထည့်မလဲ။
အလုပ်သမား ။ ။ရေခဲသေတ္တာကိုဖွင့်.......အရင်ကထည့်ထားတဲ့ ဆင်ကိုပြန်ထုတ်....ပြီးရင် သမင်ကိုရေခဲသေတ္တာထဲထည့်...။ပြီးရင် ရေခဲသေတ္တာကို ပြန်ပိတ်....။
သူဌေး ။ ။ဒီနေ့ ဟာ ခြင်င်္သေ့ရဲ့ မွေးနေ့ ဖြစ်တယ်။အဲ့ဒိ ခြင်္သေ့ရဲ့ မွေးနေ့ ပွဲကိုတိရိစ္ဆာန်
တစ်ကောင်မလာခဲ့ဘူး။
အဲ့ဒိမလာအကောင်က ဘယ်ကောင်ဖြစ်နိုင်လဲ။ဘာကြောင့်သူဖြစ်နိုင်တာလဲ။
အလုပ်သမား ။ ။သမင်ပါဆရာ။ဘာကြောင့်လဲဆိုတော့ အစောက ကျနော်ရေခဲသေတ္တာထဲမှာ ထည့်ထားလို့ ပါ။
သူဌေး။ ။အသက်ကြီးကြီး မိန်းမကြီးတစ်ဦးက မိကျောင်းတွေအပြည့်ဖြစ်နေတဲ့ ရွှံ့ ညွန်တောကို အရေးပေါ် ကူးဖျက်သွားရမယ်.....အဲ့ဒါသူဘယ်လိုကူးမလဲ။
အလုပ်သမား။ ။အေးအေးဆေးဆေး ပုံမှန်အတိုင်း ကူးသွားရုံပါပဲ။ဘာဖြစ်လို့ လဲဆိုတော့ မိကျောင်းတွေအကုန်လုံး ခြင်္သေ့ရဲ့ မွေးနေ့ ပွဲကို သွားနေကြလို့ ပါ။
သူဌေး။ ။ဟုတ်ပြီ...နောက်ဆုံးမေးခွန်း....အသေအချာ ဂရုစိုက်စဉ်းစားပြီးမှဖြေပါ.....အဲ့ဒိအမျိုးသမီးကြီးက ဗွက်အိုက်ကို ဖျက်ကူးနေတုန်းမှာပဲ သေဆုံးသွားတယ်ကွာ.....ဘာကြောင့်သေသွားတာ ဖြစ်နိုင်မလဲ။
အလုပ်သမား။ ။အင်း ...အဲ....ရေနစ်ပြီးသေတာဖြစ်နိုင်ပါတယ်...။
သူဌေး။ ။မှားပါတယ်...။လေယာဉ်ပေါ်က ကျလာတဲ့ အုတ်ခဲ သူ့ ခေါင်းပေါ်ကျပြီး သေတာပါ။
တီအာဝိုင်
သတိ....
ကျွန်မပေါ့…..အစီးဝေးပြီးသွားတဲ့အခါမှာ ဟော်တယ်ကပြန်ထွက်လာပြီး ကားသော့ကို
လိုက်ရှာနေမိတယ်….ကျွန်မရဲ့ အိတ်ထဲမှာလဲ မတွေ့ ဘူး….အစီးဝေးခန်းမထဲမှာ သွားပြန်
ရှာတော့လဲ မတွေ့ ဘူး…..ဘယ်တွေရောက်ကုန်ပါလိမ့်။
ချက်ချင်းဆိုသလိုပဲ ကားထဲမှာ ကျန်ခဲ့တာပဲဖြစ်မယ်ဆိုတဲ့အသိတစ်ချက် ဝင်လာတယ်။
ကျွန်မရဲ့ အမျိုးသားက ကားသော့ကို ကားထဲမှာပဲ မထားဖို့ မကြာခဏ ကြိမ်းမောင်းပြော
ဆိုဘူးတယ်လေ။ကျွန်မရဲ့ တွက်ချက်က ကားသော့ကို စက်မှာတစ်ခါတည်းချိတ်
ထားတာဟာ လုံးဝမပျောက်နိုင်တယ်နည်းဆိုပေမဲ့ အမျိုးသာကတော့ စက်မှာကားသော့
တပ်ထားရင် အခိုးခံနိုင်တယ်လို့ တွက်တယ်။သတိရရချင်း ကားရပ်ထားတဲ့ နေရာကို
အပြေးအလွှားသွားကြည့်လိုက်တယ်ဆိုရင်ပဲ…..ငယ်ထိပ်မွေပေါက်သလို ခံစားလိုက်ရ
တယ်။ကျွန်မ အမျိုးသားတွက်ချက်အတိုင်း မှန်နေပြီလေ။ ကားကရပ်ထားတဲ့ နေရာမှာ
လုံးဝမရှိတော့ဘူး။
ကားမရှိတော့တာကို သိသိချင်း ရဲကိုဖုန်းခေါ်လိုက်တယ်…ပြီးတော့ ကျွန်မဘယ်နေရာ
ရောက်နေတယ်ဆိုတာကို ပြောတယ်…..ကားနံပါတ်ရယ် ကားရဲ့ ပုံပန်းသဏ္ဍာန်ရယ်
ရပ်ထားတဲ့နေရာ စသည်စသည် လိုအပ်တဲ့ အချက်အလက်တွေအားလုံးကို ပြောပြ
လိုက်တယ်….ကျွန်မရဲ့ ကားသော့ပျောက်နေတယ်ဆိုတာရယ်….ကားကအခိုးခံ
လိုက်ရတာဖြစ်တယ်ဆိုတာကိုပါ ပြည့်ပြည့်စုံစုံ ပြောပြလိုက်တယ်…။
ပြီးတော့ ကျွန်မရဲ့ အမျိုးသားဆီ ခေါ်တယ်…အကြိမ်ပေါင်းများစွာနဲ့ ကို ခတ်ခတ်ခဲခဲ
ကြိုးစားပန်းစား ခေါ်နေမိတာ…..
ခေါ်လို့ ရတယ်ဆိုရင်ပဲ…ကျွန်မရဲ့ အသံတွေတုန်တုန်ရင်ရင်နဲ့ ယောက်ျားရေ..
ယောက်ျားရေ……ကျွန်မကားထဲမှာ သော့မေ့ကျန်ခဲ့ပြီး အခုတော့ အခိုးခံရပြီ
ရှင့်…လို့ ပြောလိုက်တယ်…။
ခဏနေတော့ သူ့ ဘက်က ဘာသံမှ ပြန်မကြားရတော့ဘူး….အစကတော့ဖုန်းလိုင်း
ကျသွားတယ်ထင်နေတာ….ဒါပေမဲ့ သူ့ အသံတွေကိုဆက်ပြီးကြားလိုက်တယ်…
အသုံးမကျတဲ့ မိန်းမ..နင့်ကို ဟော်တယ်ရောက်အောင်ငါ့ပို့ ပေးခဲ့တာလေ…..
ဒီတစ်ခါတော့ ကျွန်မအသံတွေလုံးဝမထွက်နိုင်တော့ဘူး….ရှက်ရှက်နဲ့ ပဲ ဆက်ပြော
လိုက်တယ်…ဟုတ်ပါပြီ….ဒါဆိုလဲ ကျွန်မကိုလာကြိုတော့လေ…..လို့ …
ကျမအမျိုးသာစိတ်တိုတိုနဲ့ ထအော်ပါတယ်…
အး…လာခဲ့မယ်…အခုတော့ ….ငါ့ကိုရဲတွေဖမ်းထားကြလို့ နင့်ကားကို ငါမခိုးတဲ့အကြောင်းအရင် ရှင်ပြရဦးမယ်…..
ပျော်ရွှင်နိုင်ပါစေ
ဆင်ခြင်တုံတရား၂
လူတစ်ယောက်က ပျော်ရွှင်မှုရဲ့ လျှို့ ဝှက်ချက်ကို လေ့လာဖို့ အတွက် သူ့ သားကို ကမ္ဘာ့ပညာ့ရှင်တစ်ဦးဆီစေလွှတ်လိုက်တယ်။ လူငယ်လေးဟာသဲကန္တာရကြီးကိုရက်ပေါင်းလေးဆယ်ကြာကြာ ဖြတ်သန်းသွားပြီးတဲ့နောက်
ပညာရှင်ကြီးနေရာဖြစ်တဲ့အလွန်တရာလှပပြီး မြင့်မားတဲ့တောင်
ထိပ်ပေါ်က အဆောက်အဦးကြီးတစ်ခုဆီရောက်လာခဲ့တယ်။
အဆောက်ဦးရဲ့ ခန်းမကြီးထဲကိုရောက်သွားတဲ့အခါမှာ သူတော်စင်ဆန်ဆန်နေထိုင်တဲ့လူတွေ၊ဝိုင်းဖွဲစကားပြောနေတဲ့လူတွေ၊ကုန်သည်တွေ၊ခန်းမကြီးရဲ့ ထောင့်တစ်နေရာ
စုဝေးစကားပြောနေတဲ့လူတွေကိုတွေ့ လိုက်ရတယ်။ပြီး
တော့ ကမ္ဘာ့စားကောင်းသောက်ဖွယ်တွေတည်ခင်းထားတဲ့ စားပွဲကြီးတစ်ခုလည်းရှိနေတယ်။
ပညာရှင်ကြီးကတော့ လူတွေအားလုံးကိုအ
လှည့်ကျစကားပြောနေတယ်။လူငယ်ကလေးဟာ သူ့ အလှည့်ရောက်ဖို့ အ
တွက် နှစ်နာရီကြာကြာ စောင့်နေရတယ်။သူ့ အလှည့်ရောက်တဲ့အခါမှာ ပညာရှိကြီးက သူဘာကြောင့်ဒီကိုလာခဲ့ရတဲ့ဆိုတဲ့ အဓိကရည်ရွယ်ချက်ကို
ဂရုတစိုက်နားထောင်တယ်။ဒါပေမဲ့ အချိန်များစွားမရတဲ့အကြောင်း ပြောပြီး
လာရင်းရည်ရွယ်ချက်ဖြစ်တဲ့ ပျော်ရွှင်မှုရဲ့ အဓိက လျှို့ ဝှက်ချက်ကိုရှင်းပြဖို့ 
ပြင်စင်လိုက်တယ်။အဲ့ဒိနောက် လူငယ်လေးကို သူ့ ရဲ့ နန်းတော်တမျှလှပခန့် 
ငြားတဲ့ အဆောက်အဦးကြီးကို နှစ်နာရီကြာကြာလှည့်ပတ်ကြည့်ရှုပြီး ပြန်လာရန်ပြောလိုက်တယ်။အဲ့ဒိလိုသွားတဲ့အခါမှာလဲလဘက်စားဇွန်းလေးထဲကိုဆီနှစ်စက်ထည့်ယူသွားပြီး မဖိတ်အောင်ပြန်ယူခဲ့ဖို့ လဲမှာလိုက်တယ်။
လူငယ်လေးဟာ ပညာရှိကြီးမှာလိုက်တဲ့အတိုင်း လဘက်စားဇွန်းလေးထဲက
ဆီတွေကို မဖိတ်အောင် ဂရုစိုက်ရင်း အဆောက်ဦးတပတ်အထက်အောက်
စုန်ချီဆန်ချီ နှစ်နာရီကြာကြာ လှည့်လည်သွားလာပြီး ပညာရှိကြီးထံပြန်
ရောက်လာခဲ့တယ်။
အဲ့ဒိအချိန်မှာ ပညာရှိကြီးက သူ့ အဆောက်ဦးထဲက စားသောက်ခန်းမှာချိတ်
ဆွဲထားတဲ့ ရရှားနိုင်ငံထုတ် ရောက်စုံချည်ထိုးအထည်တွေရယ်၊ဆယ်နှစ်ကြာ
ကြာအချိန်ယူတည်ဆောက်ထားတဲ့ အလွန်တရာခန်းနားတဲ့ ဥယျာဉ်ကြီးရယ်၊
စာကြည့်တိုက်ထဲက လှပထည်ဝါခန့် ငြားလှတဲ့ သားရေပရဗိုက်ကြီးရယ် ကို
တွေ့ မိခဲ့လားလို့ မေးလိုက်တယ်။လူငယ်ကလေးက လဘက်စားဇွန်းကလေး
ထဲက ဆီတွေကို မဖိတ်အောင်ဂရုစိုက်ပြီးသွားနေရတဲ့အတွက် မည်သည့်အ
ရာကိုမှ မတွေ့ မြင်ခဲ့ကြောင်းကို ရှက်ရှက်နဲ့ ပဲဝန်ခံလိုက်တယ်။
ပညာရှိကြီးက ဒီအဆောက်အဦးမှာဘာတွေရှိတယ်ဆိုတာကို မသိရင် ဒီကို
ရောက်ဖူးတယ်ဆိုတာ သူ့ ဆီမှာ ပညာဆည်းပူးခဲ့ဖူးတယ်ဆိုတာ ဘယ်သူမှ
ယုံကြည်မှာ မဟုတ်တဲ့အတွက် အလွန်တရာအံ့ဖွယ်ကောင်းတဲ့ သူ့ အ
ဆောက်အဦးကြီးနောက်တစ်ကြိမ် သွားပြန်ကြည့်ဖို့ ပြောလိုက်တယ်။
လူငယ်လေးဟာစိတ်ကိုသက်တောင့်သက်သာထားပြီးသွားဖို့ ဆုံးဖြတ်လိုက်
တယ်။အဲ့ဒိနောက် ဆီဇွန်းကိုကောက်ကိုင်ပြီး နန်းတော်တမျှခန်းငြားထည်ဝါ
လှပပြီး ကျက်သရေအပြည့်ဖြစ်တဲ့ အဆောက်အဦးကြီးလေ့လာဖို့ အတွက်
ဒုတိယမ္ပိထွက်ခွါလာခဲ့တယ်။ဒီတစ်ကြိမ်မှာတော့ နံရံတွေ မျက်နှာကျက်တွေ
ပေါ်မှာ ဆွဲထားတဲ့ပန်းချီကားတွေရယ်၊ကျက်သရေအပေါင်းနဲ့ ပြည့်စုံတဲ့ဥ
ယျာဉ်ကြီးရယ်၊ပန်းပင်တွေရယ် ၊ပညာရှင်ကြီးပြောထားတဲ့ စာကြည့်တိုက်ထဲ
ကသားရေပရဗိုက်တွေရယ် စသည်စသည် အလှအပများစွားကို တွေ့ လိုက်ရတယ်။
ပြန်ရောက်လာတဲ့အခါမှာ ပညာရှိကြီးက သူထည့်ပေးလိုက်တဲ့ ဆီတွေဘယ်
ရောက်ကုန်ပြီလဲလို့ မေးတယ်။လူငယ်လေးကလေးလဲ သတိရလို ပြန်ကြည့်
လိုက်တဲ့အခါမှာ ဆီတွေမရှိတော့ကြောင်းကိုသိလိုက်ရတယ်။
အဲ့ဒိအချိန်မှာပညာရှိကြီးက“ပျော်ရွှင်မှုရဲ့ လျှိုဝှက်ချက်ဆိုတာ အဖိတ်
အဆင်မရှိပဲလှပတဲ့ကမ္ဘာကြီးကို မြင်အောင်ကြည့်နိုင်ခြင်းပဲဖြစ်တယ်’’ ပြောလိုက်တယ်။
တီအာဝိုင်
ဆင်ခြင်တုံတရား၁
ခရီးသွားတမန်တော်နှစ်ပါးဟာ ညအိပ်တည်းခိုဖို့ အတွက် ချမ်းသားတဲ့မိသားစုတစ်စုရဲ့ အိမ်ကိုရွေးချယ်လိုက်တယ်။ အဲ့ဒိမိသားစု ဟာ တမန်တော်တွေကို ရိုင်းရိုင်းစိုင်းစိုင်းဆက်ဆံကြတဲ့အပြင် ဧည့်သည်ကောင်းတို့ အတွက်ထားသင့်တဲ့နေရာမှာ မထားပဲ အလွန်အေးပြီး ကျဉ်းမြောင်းတဲ့ မြေအောက်ခန်းလေးမှာ ပေးတည်းလိုက်တယ်။ တမန်တော့တွေ ဟာ သူတို့ အတွက်အိပ်ယာနဲ့ အမိုးတွေကို ခက်ခက်ခဲခဲပြင်ဆင်ပြီးတဲ့အခါမှာ အသက်ကြီးတဲ့ တမန်တော်က အိမ်ရဲ့ နံရံမှာရှိတဲ့ အပေါက်ကို ဖာထေးပြင်စင်ပေးလိုက်တယ်။ အဲ့ဒါကို တမန်တော်အငယ်က မြင်သွားပြီးဘာဖြစ်လို့ အဲ့သလိုပြုပြင်ပေးရတာလဲ လို့ မေးတယ်။တမန်တော်ကြီးက…အရာဝတ္ထုတွေဟာ ကိုမြင်ထားတဲ့အတိုင်းမဟုတ်ဘူး လို့ ပဲ ပြန်ဖြေလိုက်တယ်။
နာက်တစ်နေ့ ညမှာတော့ အလွန်ဆင်းရဲ တဲ့မိသားစု အိမ်မှာတည်းဖို့ ဆုံးဖြတ်လိုက်ကြတယ်။အဲ့ဒိအိမ်က  လင်မယားနှစ်ယောက်ဟာ ဆင်းရဲကြပေမဲ့ အလွန်သဘောကောင်းဧည့်ဝတ်ကျေပြွန်ကြပါတယ်။ တမန်တော်တွေကလဲ ဆင်းရဲသားလင်မယားပေးတဲ့ အစားအသောက်အနည်းငယ်ကို စားသောက်ပြီး တစ်ညစာအတွက် အိပ်စက်အနားယူလိုက်ကြ ပါတယ်။မနက်မိုးလင်းလာတဲ့အခါမှာ လယ်ကွင်းထဲမှာ သူတို့ ရဲ့ အဓိကဝင်ငွေလမ်းပေါက်ဖြစ်တဲ့ နို့ စားနွား မကြီသေနေလို့ ငိုကြွေးနေတဲ့ လင်မယားနှစ်ယောက်ကိုတွေ့ တယ်။အဲ့ဒိအချိန်မှာ တမန်တော်အငယ် က တမန်တော်ကြီးကို “ ဟိုချမ်းသာတဲ့မိသားစုကိုတော့ နံရံပေါက်နေလို့ ဆိုပြီး ကူညီပေးခဲ့တယ်..သူတို့ မှာက ပြည့်စုံပြီးသား…အခုဆင်းရဲတဲ့မိသားစု ကျတော့ သူတို့ မှာ ရှိစုမဲ့စုလေးနဲ့ ပြစုထားတဲ့ ကျေးဇူးကိုတောင်မထောက်ပဲ နိုးစားနွားမကြီးသေမဲ့ဘေးကို မကယ်တင်ဘူး”…လို့ ဒေါကြီးမာန်ကြီးနဲ့ ပြစ်တင်ပြောဆိုပါတော့တယ်။
တမန်တော်ကြီးက “အရာဝတ္တုတွေတွေက ကိုယ်မြင်နေရတဲ့အတိုင်းမဟုတ်ဘူး…ပထမအဆောက်အဦးကြီးမှာနေတုန်းက နံရံသာပွင့်ထွက်လာရင် အဲ့ဒိနံရံရဲ့ အနောက်မှာ ရွှေတိုက်ခန်းရှိတယ်..အဲ့ဒါကို အဲ့ဒိလင်မယား ရသွား ရင် လောဘဇောတွေတက်ပြီး သူ့ တို့ ရဲ့ အနာဂါတ်မှာ မဖြစ်သင့်တာတွေဖြစ်ကုန်လိမ့်မယ်..ဒါကြောင့်မို့ အဲ့ဒိနံရံကို ပိတ်ခဲ့တာ
ဖြစ်တယ်..ညကတို့ တည်းခဲ့တဲ့အိမ်မှာကတော့ နတ်ပြည်ကစုတေလာတဲ့ နတ်သားက သူ့ မယားရဲ့ ဝမ်းဗိုက်မှာ ကိန်းအောင်းလိမ့်မယ်…ဒါကြောင့် နို့ စားနွားမကြီးကို အဲ့ဒိနတ်သားအတွက် ပေးအပ် ဆက်သလိုက်တာပဲဖြစ်တယ်…အရာဝတ္ထုတွေဟာ ကိုယ်မြင်နေရတဲ့အတိုင်းမဟုတ်ဘူးလေ………”လို့ ပြန်ဖြေလိုက်တယ်။
တီအာဝိုင်
6/4/2013
မိမိကိုယ်ကိုယုံကြည်ပါ..သူတပါးပြောတိုင်းရမ်းမယုံမိပါစေနဲ
ရွာကလေးတစ်ရွာမှာ ဘာသာတရားကိုင်းရှိုင်းပြီး အယူသည်းသူ ပုဏ္ဏားတစ်ဦးရှိတယ်။     သူဟာ ဓမ္မဆရာ တစ်ဦးဖြစ်သလို သူလုပ်ရမဲ့အလုပ်တာဝန်တွေကိုလဲ ကျေပွန်အောင်ထမ်းဆောင်တတ်သူ တစ်ဦးဖြစ်တယ်။
တစ်နေ့ မှာ သူ့ ကိုလက်ဆောင်ပေးမယ်လို့ ပြောထားတဲ့ သူဌေးတစ်ဦးထံမှ လက်ဆောင်ရယူရန်   အတွက် သူ့ ရွာ အနီးက ရွာတစ်ရွာကို ထွက်ခွါလာခဲ့တယ်။အဲ့ဒိရွာက သူဌေးအိမ်မှာ လုပ်စရာရှိတဲ့    အလုပ်တွေကို လုပ်ပေးပြီးတဲ့နောက်မှာ သူဌေး  ကပေးလိုက်တဲ့ ဝဝကစ်ကစ် သန်သန်မာမာ  ဆိတ်ကလေးတစ်ကောင်ကို ထမ်းပြီးပြန်လာခဲ့တယ်။အဲ့ဒါကို စာလောင်ငတ်မွတ်နေတဲ့ လူလိမ်သုံးယောက်ကတွေ့ သွားပြီး သူတို အချင်း ချင်း  တိုးတိုးတိတ်တိတ် တိုင်ပင်ကြတယ်။ “ကျမ္မာဆူဖြိုးပြီး စားချင်စရာ ဆိတ်တစ်ကောင်တော့တွေ့ ပြီဟေ့ ဒီပုဏ္ဏာကို လိမ်ညာလှည့်စားပြီး သူထမ်းလာတဲ့ ဆိတ်ကိုအရယူကြရအောင်  ဟူ၍ ။          မကြာခင်မှာပဲ သူတို့ ရဲ့ အကြံစီကို အကောင်ထည်ဖော်ဖို့ အတွက် တစ်ယောက်တစ်နေရာဆီ လူစုခွဲလိုက်ကြတယ်။
ပထမဆုံးလူက ပုဏ္ဏားရဲ့ ရှေ့ မှာရပ်တန့် လိုက်ပြီးတော့       “ဘုရားရေ..တို့ တွေတလေးတစားမြတ်နိုးတန်
ဖိုး ထားရတဲ့ ပုဏ္ဏားက    ခွေးကိုထမ်းလာတယ်..မြင့်မြတ်တဲ့ပုဏ္ဏားတစ်ဦးအနေနဲ့ ခွေးတို့ ကြက်တို့ မြည်း တို့ ကိုထမ်းဖို့ မပြောနဲ့ သွားထိရင်တောင်အကုသိုလ်ဖြစ်တယ်ဆိုတာအရှင်မသိလေရော့သလားလို့ အထိတ် တလန့် နဲ့ အော်ပြောလိုက်တယ်။ပုဏ္ဏာကလည်းအဲ့ဒါကိုစိတ်တိုသွားပြီး“အတော်မိုက်ရိုင်းတဲ့အကောင်ပါလား မင်းမျက်လုံးကန်းနေလား    ဒါခွေးမဟုတ်ဘူး ဆိတ်ကွ ဆိတ်မင်းမမြင်ဘူးလား လို့ ပြန်ပြောလိုက်တယ်။
လူလိမ်ကလည်းအိုးဟိုးဟိုး..စိတ်မတိုပါနဲ့ အရှင်..အရှင်က ဒါကိုခွေးမဟုတ်ဘူး   ထင်ရင်လဲ စိတ်ချမ်းချမ်း သာသာနဲ့ သာ စိတ်တိုင်းကျ ဆက်ပြီးထမ်းသွားပါတော့..        ဒါပေမဲ့ ပုဏ္ဏာတစ်ဦးက ခွေးတစ်ကောင်ကို  ထမ်းသွား တယ်ဆိုတာကတော့ ရယ်စရာကြီးဖြစ်နေမှာပဲ လို့ ပြောပြီးထွက်ခွါသွားတယ်။
ဒီလိုနဲ့ ပုဏ္ဏားလည်း သူ့ လမ်းအတိုင်း သူဆက်လက်      ထွက်ခွါလာခဲ့တယ်။  အနည်းငယ်ဆက်သွားပြီးတဲ့
အခါမှာ နောက်ထပ်     လူလိမ်က သူ့ အရှေ့ တည့်တည့်မှာ လာရပ်ပြီး အလွန်အံ့အားသင့်တဲ့ ဟန်နဲ့ ကြည့် လိုက်တယ်။ ပြီးတော့ အရှင့်လို နာမည်ဂုဏ်သတင်းကျော်ဇောတဲ့ ပုဂ္ဂိုလ်တစ်ဦးက ဆင်အသေကောင်လေး ကိုထမ်းပြီးလျှောက်သွားနေတယ်အော် အော်..လို့ ခနဲ့ တဲ့တဲ့  ပြောဆိုလိုက်တယ်။    ပုဏ္ဏားလည်း  ဒေါပွ သွားပြီး..လာပြန်ပြီ အကန်းတစ်ကောင် …ဒါကျမ္မာသန်စွမ်းပြီးအသက်ရှင်နေတဲ့ဆိတ်ကွဆင်သေမဟုတ်ဘူး ..မင်းအတော်ကို ဗဟုသုတခေါင်းပါးတာပဲ လို့ ပြန်ပြောလိုက်တယ်။   လူလိမ်က ဒါဆိုလဲကောင်းပါပြီ ဆရာ သခင် ပုဏ္ဏား ကျွန်တော်မျိုးကိုခွင့်လွှတ်ပါ အရှင်စိတ်တိုင်းကျသာထင်ချင်သလိုထင်ပြီး ဆက်သွားပါတော့ လို့ ပြောလိုက်တယ်။      ပုဏ္ဏားလဲ စိတ်တိုတိုနဲ့ ’’လူတွေတော့ဘာတွေဖြစ်ကုန်ပြီလဲမသိဘူးအရူးတွေနဲ့   ချည်းလာတိုးနေတယ် လိုရေရွတ်ပြီး ဆက်လက်ထွက်ခွါလာခဲ့တယ်။
နောက်တစ်နေရာမှာ နောက်ဆုံးတတိယမြောက် လူလိမ်နဲ့ တွေ့ တယ်။         အဲ့ဒိလူလိမ်ကလည်း ပုဏ္ဏား
ကိုတွေ့ တွေ့ ချင်း အရှင်ဘယ်လိုဖြစ်လို့ မြည်းသတွါကြီးကို ထမ်းပိုးလာရတာလဲအဲ့သလိုတွေေ လျှာ က် လုပ်နေရင်အရှင့်ဘုန်းကန်တွေနိမ့်ကုန်လိမ့်မယ်ဆိုတာမသိဘူးလား……လို့ အော်ပြောပြန်တယ်။ဒီတခါတော့  သုံးကြိမ်မြောက်ဖြစ်လို့ ပုဏ္ဏားလဲအတော်လေး တွေဝေသွားတယ်။ဒီသတွါကိုဆိတ်မဟုတ်ပါဘူးလို့ ပြောကြ တာသုံးယောက်ရှိပြီဒီသတွါက ခွေးဖြစ်လိုက်၊          ဆင်သေကောင်ပေါက်စ ဖြစ်လိုက်၊မြည်းဖြစ်လိုက်နဲ့ 
ဧကန္တတော့ ဒီသတွါဟာ သရဲဝင်ပူး   ခံထားရတာပဲဖြစ်မယ်တော်ပြီ တော်ပြီဒီသတွါကို ဆက်ယူ သွားလို့  မဖြစ်တော့ဘူးနောက်ထက်သတွါတစ်ကောင်အဖြစ်မပြောင်းသေးခင်မြန်မြန်လွှင့်ပြစ်လိုက်တာ ပိုကောင်း လိမ့်မယ်လို့ တွေဝေထိတ်လန့် ခြင်းများစွာနဲ့ တွေးတော့ပြီးဆီတ်ကိုပြစ်ချ..ဖနောက်နဲ့ ပေါက်လွှတ်လိုက်တယ်။
အဲ့ဒိအချိန်မှာပဲပုဏ္ဏားရဲ့ မမြင်ကွယ်ရာမှာပုန်းအောင်းနေတဲ့လူလိမ်တွေထွက်လာပြီးပုဏ္ဏားကို လှောင်ပြောင်
ရယ်မောရင်း ဆိတ်ကိုဖမ်းယူသွားပါတော့တယ်။ သူတစ်ပါးစကားကို ဆင်ခြင်တုံတရားမဲ့ စွာနားထောင်ခြင်း ဟာ အလိမ်ခံရဖို့ သက်သက်ပဲဖြစ်ပါတယ်။
မှတ်ဖွယ်။     ။မိမိကိုယ်ကိုယုံကြည်ပါ..သူတပါးပြောတိုင်းရမ်းမယုံမိပါစေနဲ့ ။
တီအာဝိုင်
6/5/2013
အလုပ် အလုပ် အလုပ်
တောထဲမှာ သစ်သွားခုတ် တဲ့ လူတစ်ယောက်ဟာ      မောမောနဲ့ သစ်ပင်တစ်ပင်အောက်မှာ အနားယူ
နေတယ်။သူအနားယူနေတဲ့ သစ်ပင်နားမှာ    ချုံပုတ်တစ်ခုရှိတယ်။ခဏအကြာမှာ အဲ့ဒိချုံပုတ်ထဲက လေ
ချွန်သံကို ကြားလိုက်ရလို့       ထသွားပြီးကြည့်လိုက်တဲ့အချိန်မှာ ချုံပုတ်ထဲမှာ ပုလင်းတစ်လုံးကို တွေ့ 
လိုက်ရတယ်။ လေချွန်သံဟာ    အဲ့ဒိပုလင်းထဲက ထွက်လာနေတာဖြစ်တယ်။
ပုလင်းထဲမှာဘာရှိလဲလို့ ကြည့်ရန်အတွက်  ပုလင်းအဖုံးကိုဖွင့်လိုက်တယ်။ ချက်ချင်းဆိုသလိုပဲ ပုလင်း
ထဲက အနက်ရောင်မီးခိုးတွေထွက်လာပြီးတော့   ကောင်းကင်ပေါ်တက်သွားတယ်။ ပြီးတော့ မိုးခိုးတွေ
နေ သစ်ပင်တစ်ပင်လောက်ကြီးမားတဲ့ နီရဲရဲ       သရဲတစ်ကောင်ရဲ့ အသွင်အပြင်အဖြစ် ပြောင်းလဲ
သွားတယ်။ သရဲရဲ့ မျက်လုံးတွေက နီရဲပြီး နားရွက်တွေကတော့ ရွှေရောင်တွေဖြစ်တယ်။ ခဏနေတော့
 အလုပ်တစ်ခုခုပေးပါ       မပေးရင် သင့်ကိုအကျွန်ုပ်စားမယ် လို့ အော်ပြောတယ်။ သစ်ခုတ်သမား လဲ ကြောက်ကြောက်လန့် လန့် နဲ့   ဘယ်..ဘယ်..ဘယ်လိုအလုပ်မျိုးပေရမှာလဲ လို့ ပြန်မေးလိုက်တယ်။
ကြိုက်တဲ့အလုပ်ခိုင်းပါ…သင်ဟာ   အကျွန်ုပ်ကို ဒီပုလင်းထဲကနေ လွတ်မြောက်ခွင့်ပေးလိုက်တဲ့အတွက်
သင်ခိုင်းတဲ့အလုပ်မှန်သမျှကို   နေ့ ညမအားမလပ် အကျွန်ုပ်လုပ်ပါ့မယ်…တစ်ခုခုကိုသာ ခိုင်းပါ..သင်အ
ကျွနုပ်ကို အလုပ်မပေးနိုင်တဲ့အခါမှာ သင့်ကို ကျွနုပ်စားရပါလိမ့်မယ်..လို့ ပြောတယ်။
သစ်ခုတ်သမားက ဒါဆိုရင်ငါ့ကို အိမ်အရောက် ပြန်ပို့ ပေးပါ လို့ ခိုင်းလိုက်တယ်။   တစ်စက္ကန့် မခြား
ချက်ချင်းဆိုသလို သူ့ အိမ်အရောက် ပြန်ပို့ ပေးပြီးတော့    အကျွန်ုပ်ကိုအလုပ်တစ်ခုခုပေးပါ မပေးလျှင် သင့်ကိုအကျွန်ုပ်စားရပါလိမ့်မယ်လို့ ထပ်ပြောပြန်တယ်။ငါ့အတွက်နန်းတော်ကြီးတစ်ခုတည်ဆောက်ပေးပါ.
လို့ ခိုင်းစေလိုက်တယ်။   မိနစ်အနည်းငယ်အတွင်းမှာပဲ နန်းတော်ကြီးတစ်ခု တည်ဆောက်ပေးလိုက်ပြီး    အကျွန်ုပ်ကိုအလုပ်တစ်ခုခုပေးပါ မပေးလျှင် သင့်ကို အကျွန်ုပ်စားရပါလိမ့်မယ်လို့ ပြောပြန်တယ်။ 
ငါ့ကို ရွှေတွေအများကြီးယူခဲ့ပေးပါ။ဝတ်ကောင်းစားလှတွေ ယူခဲ့ပေးပါ။   ငါ့အတွက်စားကောင်းသောက်
ဖွယ်တွေယူဆောင်ခဲ့ပေးပါ  စသည်ဖြင့် အမျိုးမျိုး လုပ်ခိုင်းတယ် ။       လုပ်ခိုင်းပြီးတိုင်းလဲအကျွန်ုပ်အလုပ် တစ်ခုခုပေးပါ မပေးလျှင် သင့်ကို    အကျွန်ုပ်စားရပါလိမ့်မယ်လို့ ထက်ပြောနေပြန်တယ်။ သစ်ခုတ်သမား ခမျာ သူ့ ကိုအလုပ်ပေးနေရတဲ့အတွက်    ထမင်းစားဖို့ ၊အိပ်ဖို့ အနားယူဖို့ ပင်အချိန်မရတော့တဲ့  အတွက် အကြံတစ်ခုထုတ်ရပါတော့တယ်။ကဲ ဒီလောက်တောင် ဖြစ်လှတာ…  ငါ့အတွက် ဟိုး မိုးအထိရှည်လျှားတဲ့ တိုင်တစ်တိုင် ထောင်ပေးစမ်းကွာ လို့ ခိုင်းလိုက်တယ်။   သရဲကလည်း သစ်ခုတ်သမားပြောတဲ့အတိုင်း လုပ်ပေးပြီး အကျွန်ုကိုအလုပ်တစ်ခုခုပေးပါ မပေးလျှင်သင့်ကိုအကျွန်ုပ်စားရပါလိမ့်မယ်လို့ ပြောပြန်ပါတယ်။
အဲ့ဒိအချိန်မှာ သစ်ခုတ်သမားက   သေသေချာချာနားထောင်ပါ…အဲ့ဒိတိုင်ထိပ်ပေါ်ကို ရောက်အောင်
တက်ပါ …ပြီးရင်    တိုင်ခြေရင်းအထိရောက်အောင်ပြန်ဆင်းပါ…ငါကတော်ပါတော့လို့ မပြောမချင်း ဆင်း
လိုက်တက်လုပ်နေပါ လို့ ပြောလိုက်ပါတယ်။   သရဲလဲ သစ်ခုတ်သမားပြောတဲ့အတိုင်း ဆင်းလိုက်တက်
လိုက်လုပ်နေပါတယ်။သစ်ခုတ်သမားလဲ အဲ့ဒိအချိန်ကျမှပဲ   ကောင်းကောင်းအိပ် ကောင်းကောင်းစားပြီး စိတ်ချမ်းချမ်းသာနေရပါတော့တယ်။တစ်လလောက်ကြာလာတဲ့အခါမှာသရဲလဲအတော်လေးပင်ပန်းနွမ်းနယ် လာပြီးကျွန်တော်မျိုး ဒီအလုပ်ကို အဆုံးသပ်ပါရစေတော့လို့ အသနားခံ     လာရောက်တောင်းပန်ပါတယ်။
သစ်ခုတ်သမားက မင်းဒါဘာလုပ်တာလဲ..ငါမင်းကိုတော်ပါတော့ လို့ မပြောမချင်း အဲ့ဒိတိုင်းကို ဆင်းလိုက် တက်လိုက် လုပ်နေရမယ်လို့ ပြောထားတယ်      မဟုတ်ဘူးလား လို့ မေးလိုက်တယ်။ သစ်ခုတ်သမားရဲ့  စကားကို မလွန်ဆန်နိုင်သဖြင့် နောက်ထပ်သုံးလကြာတဲ့အထိ အဆင်းအတက်လုပ်နေလိုက်တယ်။ သုံးလကျော် လာတဲ့အခါမှာတော့  သရဲလဲ ဆက်မလုပ်နိုင်တော့သဖြင့် အကျွန်ုပ် ဒီအလုပ်ကို ဆက်မလုပ် နိုင်တော့ပါဘူး..သနားသဖြင့် ဒီအလုပ်ကြီးကို ရပ်တန့် ခွင့်ပြုပါ လို့ တောင်းပန်ပြန်တယ်။ မင်းအနေ နဲ့  ဒီအလုပ်ကို မလုပ်ချင်ရင် တစ်လမ်းပဲ ရွေးချယ်ခွင့်ရှိတယ်..အဲ့ဒါကတော့ မင်းဒီကနေ   ထွက်သွားပြီး ဘယ်တော့မှ ပြန်မလာဖို့ ပဲ…ကဲ ..ဘယ်လိုလဲ မင်းလုပ်နိုင်ပါ့မလား လို့ မေးလိုက်တယ်။ဟုတ်ကဲ့ပါ …ကျွန်တော်မျိုးကြီးလုပ်ပါ့မယ်လို့ ကတိပေးပါတယ်…ပြန်ဖြေတယ်။ကောင်းပြီ ဒါဆိုရင် အခုချိန်ကစပြီး မင်းတိုင်ကို မင်းထမ်းပြီး ဒီကနေ အမြန်ဆုံးထွက်သား ပေတော့လို့ အမိန်ပေးလိုက်တယ်။သရဲလည်း သစ်ခုတ်သမားပြောတဲ့အတိုင်း မိုးထိမြင်းမားတဲ့ တိုင်ကို ထမ်းပြီး ဘယ်တော့မှပြန်မလာ
ဖို့ ဆုံးဖြတ်ပြီး ထွက်သွားပါတော့တယ်။
တီအာဝိုင်
6/5/2013
Saturday, July 27, 2013
ရန်သူ
အမည်ဂုဏ်သတင်း ကျော်ကြားတဲ့ ဂဏန်းနဲ့ ငဟစ်ငှက်တို့ ဟာ နှစ်ပေါင်းများစွာ အတူနေထိုင်ခဲ့ကြတယ်။
 တခါတရံ ပူဆွေးသောကများရှိခဲ့လျှင် မျှဝေခံစားကြပြီး အပြန်အလှန် အကြာံဏ်များလည်း ရယူလေ့ ရှိကြတယ်။ ဒီလိုနဲ့ တစ်နေ့ မှာ ငဟစ်ငှက်ဟာ ဂဏန်းရဲ့ ကောက်ကျစ်စဉ်းလဲမှုရဲ့ သားကောင်းဖြစ်ခဲ့ရတယ်။
ငဟစ်ငှက်ဟာ ရေကန်တစ်ခုရဲ့ အနီးမှာ မျက်နှာကျောတင်းတင်းနဲ့ ရပ်နေတယ်။ အဲ့ဒါကို ဂဏန်းက ခပ်လှမ်းလှမ်းကနေ စူးစမ်းလိုစိတ်နဲ့ လှမ်းကြည့်နေတယ်။
ဂဏန်းပြောတဲ့အတိုင်းတကယ်ပဲဖြစ်လာပြီးတော့ မွေဆိုးလဲ သေသွားပါတယ်။ဒါပေမဲ့ အဲ့ဒိ မွေပါက ငဟစ်ငှက်ရဲ့ ဥနဲ့ ကလေးငယ်တွေကို ဆက်လက်စားသောက်ပါတော့တယ်။
မှတ်ဖွယ်။    ။မလုပ်ခင် စဉ်းစားပါ။
တီအာဝိုင်
6/5/2013
ဖယ်ခွါသင့်သောအမုန်းတရား
မူလတန်းပြ ဆရာမတစ်ယောက်က သူ့ အတန်းထဲကကလေးတွေကို  ဂိမ်းတစ်ခုကစားခိုင်းဖို့ ဆုံးဖြတ်ပြီးေ နာက်နေ့ ကျရင် အာလူးတွေကို ပလပ်စတစ် အိတ်နဲ့ ထည့်ခဲ့ဖို့ မှာလိုက်တယ်။ထည့်လာတဲ့အာလူးတွေပေါ် မှာ ကိုယ်မုန်းတဲ့ လူတွေရဲ့ နာမည်တွေကိုလဲ ရေးခဲ့ဖို့ ထပ်မှာတယ်။ ဘယ်နှစ်လုံးယူခဲ့မယ်ဆိုတာကတော့ သူတို့ လူဘယ်နှစ်ယောက်ကို မုန်းတယ်ဆိုပေါ်မူတည်တယ်။လူတစ်ယောက်ကိုမုန်းရင်အဲ့ဒီလူတစ်ယောက် ရဲ့ နာမည်ကိုအာလူးတစ်လုံးပေါ်မှာရေးပြီး နှစ်ယောက်သုံးယောက်စသည်ကိုမုန်းလျှင်နှစ်လုံးသုံးလုံးစသည်ေ ပ်ါမှာ ၄င်းတို့ မုန်းတဲ့လူတွေရဲ့  နာမည်တွေကို ရေးပြီးယူခဲ့ရန်ဖြစ်တယ်။နောက်တစ်နေ့ မှာ ကလေးတွေ အားလုံး ဟာ သူတို့ မုန်းတဲ့လူတွေရဲ့ နာမည်တွေကိုအာလူးတွေပေါ်မှာ ရေးပြီး ပလပ်စတစ်အိပ်တွေနဲ့  ထည့်လာကြတယ်။တချို့ ကနှစ်လုံး၊တချို့ ကသုံးလုံး လေးလုံး၊တချို့ ကတော့ငါးလုံး၊ငါးလုံးနဲ့ အထက်စသည် အသီးသီးထည့်လာခဲ့ကြတယ်။
တယ်။ ယုတ်စွအဆုံး အိမ်သာသွားရင်တောင် ယူသွားရမယ်လို့ လဲမှာထားတယ်။လေးငါးရက်ကြာ လာတဲ့ အခါမှာအာလူးတွေကပုတ်လာပြီဖြစ်တဲ့အတွက်အနံ့ ဆိုးတွေကိုမခံနိုင်တော့ပဲမသယ်ချင်တော့ကြောင်းပြော လာကြတယ်။ ပြီးတော့မုန်းတဲ့လူတွေများလို့ အာလူးတွေများများထဲ့လာခဲ့တဲ့ကလေးတွေအတွက်ကအိတ်တွေ ကကြီးတော့သယ်ရတာပိုပြီးတော့အခတ်ခဲဖြစ်နေပြန်ပါတယ်။ဆရာမကလည်းဂိမ်းကစားပွဲပြီးဆုံးချိန်ရောက်ပြီ မို့ အာလူးအိတ်များကို ဆက်သယ်ရန်မလိုတော့ပဲ သက်သက်သာသာနေရန် ခွင့်ပြုလိုက်တယ်။
အဲ့ဒိနောက်ဆရာမကကလေးတွေအားလုံးကို“အာလူးအိတ်ကြီးတွေကို       တစ်ပတ်တိတိသွားလေရာကို 
ဆုံးဖြတ်လိုက်ပြီး……………………………………………………….
စိတ်ကူးတောင်ယဉ်နိုင်ပါ့မလား”  လို့ မေးလိုက်တယ်။
မှတ်ဖွယ်။    ။ တစ်ဘဝလုံး သွားလေရာ လိုက်မသယ်နိုင်မဲ့ သင့်နှလုံးသားထဲက အမုန်းတရားတွေ  
တီအာဝိုင်
နှစ် နှင့် သုံး
အိန္ဒိယနိုင်ငံမြောက်ပိုင်း တောင်တန်းဒေသတစ်ခုက ဟိမချယ်လို့ ခေါ်တဲ့ ရွာကလေးတစ်ရွာမှာ အသက်ခုနစ်ဆယ်ကျော် အဖိုးအဖွားလင်မယားနှစ်ဦးရှိတယ်။ သူတို့ နှစ်ဦးဟာ တစ်ယောက်ကိုတစ်ယောက် အရမ်းကိုချစ်ကြတယ်။ အဲ့ဒိရွာလေးမှာ တခြားမိသားစု ငါးစုပဲ ရှိတယ်။ ချမ်းအေးလှတဲ့ ဆောင်းတွင်းရဲ့ တစ်ခု သောညနေခင်း
မှာ သူတို့ တဲလေးဘေးမှာ ဖိုးဖွားစုံတွဲတို့ ထိုင်နေစဉ် အဖိုးက ပါကိုဒါ လို့ ခေါ်တဲ့
 ( ပဲရာကျော်လိုမျိုး ) အိန္ဒိယ အစားအစာတစ်ခုကို စားချင်ကြောင်း စပြော တယ်။ အပြင်မှာကလဲ စနိုးတွေ ကျနေတယ်။ အဖိုးစကားကို ကြားကြားချင်းပဲ အဖွား က ပဲမှုန့် ရှိ မရှိသွားကြည့်တယ်။ ပဲမှုန့် က အနည်းငယ်သာ ကျန်တော့တဲ့ အတွက် အဖိုးကို အပြင်မှာ သွားဝယ်ဖို့ ပြောတယ်။ ဒါပေမဲ့ အဖိုးက အပြင်မှာ အေးလွန်းလို့  မသွားချင်ကြောင်းပြောတဲ့ အတွက် ရှိတာလေးကိုပဲ ရသလောက်ကြော်ဖို့ ဆုံးဖြတ် လိုက်တယ်။ ပြီးတော့ ပဲရာကျော် ကျော်ဖို့ အတွက် မီးမွှေးတယ်။ ကြော်တယ်။ ပဲမှုန့် က အရမ်းနည်းနေတော့ အကြော်က ငါးခုပဲ ရတယ်။ ဒါနဲ့ အဖွားက နှစ်ခုယူပြီးအဖိုးအတွက် သုံးခုပေးလိုက်တယ်။
ဒါပေမဲ့ အဖိုးက နှစ်ခုနဲ့ ဝပါတယ် ဆိုပြီး အဖွားကို တစ်ခုပြန်ပေးတယ်။ အဖွားက လည်း နှစ်ခု နဲ့ လုံလောက်ပါပြီ   တော်ပဲဝအောင်စားပါ ..နက်ဖြန်မှ ပဲမှုန့် သွားထွက်ဝယ်ပြီး ပေါပေါများများစားကြတာပေါ့လို့ ပြောပြီး အဖိုးပေးတဲ့ တစ်ခုကို ပြန်ပေးလိုက်တယ်။
အဖိုးကလည်း နောက်နေ့ မှငါပိုစားတော့မယ် ဒီနေ့ မင်းက သုံးခုစားကိုစားရမယ် ဆိုပြီး ပြန်ပေးတယ်။ ဒီလိုနဲ့ သူစားကိုယ်စား အပြန်လှန် ကြင်နာလိုက်ကြတာ ညာဥ့်နက် သွား ပါတော့တယ်။ အဲ့ဒါနဲ့ နှစ်ယောက်စလုံးပြိုင်တူအိမ်ပြီး နက်ဖြန်အရင်နိုးတဲ့ သူက ပဲရာ ကျော်သုံးခုကို စာရမယ်လို့ နှစ်ဦးသဘောတူဆုံးဖြတ်ပြီး အိပ်လိုက်ကြတယ်။
နှစ်ယောက်စလုံးက စောစောနိုးကြပေမဲ့ တစ်ယောက်ကို တစ်ယောက်က စေတနာပို ပြီးစားစေချင်ကြတဲ့အတွက် နှစ်ယောက်စလုံးအိပ်ချင်ဟန်ဆောင်ပြီး မျက်လုံးလေးတွေ စုံမှိတ်ကာ အိပ်ယာထဲမှာပဲ ဆက်လက်လဲလျှောင်းနေကြတယ်။ နေအတော်မြင့်ပြီး ဖြစ် သော်လည်း နှစ်ယောက်စလုံးမထကြသေးလို့ အိမ်နီးနားချင်းတွေက သူတို့ ကို စိတ်ပူလာကြတယ်။ အဖိုးနဲ့ အဖွားဘာတွေဖြစ်နေဘာလိမ့်      နေမကောင်းများ ဖြစ်နေကြရော့လားစသည်စသည် တွေးပြီး အချင်းချင်း တိုင်ပင်ကာ တံခါးလာခေါက်ကြတယ်။ ဒါပေမဲ့ နှစ်ယောက်စလုံးက ပေတေပြီး ဆက်အိပ်ဟန်ဆောင်နေကြတဲ့အတွက် အိမ်နီးချင်းတွေက ပိုပြီးစိတ်ပူလာကြတယ်။ ပြီးတော့ အားလုံးရဲ့ သဘောတူညီချက်နဲ့ တံခါးသော့ကို ရိုက်ဖွင့်လိုက်ကြတယ်။ အိမ်ထဲ ရောက်သွားတဲ့အခါမှာ အဖိုးရော အဖွားပါ ကုတင်ပေါ်ပါ မျက်စိမှိတ်ရပ်သား ဖြစ်နေတာ တွေ့ လိုက်ကြလို့ နှစ်ယောက်စလုံး ကွယ်လွန်အနိစ္စရောက်ကြရှာလေပြီလို့ ထင်သွားကြ တယ်။ ပြီတော့ သူတို့ ကို မီးသင်္ဂြိုဟ်ဖို့ ရန်ပြင်ဆင်ကြဖို့ ပြောဆိုနေကြတယ်။ အဲ့ဒါကို အဖိုးက ကြားသွားပြီး ငါတို့ တော့ အရှင်လက်လက် မီးရှို့ ခံရတော့မှာပဲ ဟု တွေးကာ “ ကောင်းပြီ ငါပဲ အကြော်သုံးခုကို စားလိုက်ပါ့မယ်လို့ လှမ်းအော်ပြောလိုက်တယ်။ အဖွားကလဲ တော့ကို အစောကတည်းက ကျမပြောသားပဲ သုံးခုစလုံးကို စားလိုက်ဖို့ …. ရှင်သာကျမစကားနားထောင်ခဲ့ရင် ဒီအကြော်တွေအားလုံးကို ညကတည်းက စားပြီးနေ ပြီ..အခုတော့ ကျမလည်း အရမ်းကိုဗိုက်ဆာနေပြီ..လာ..ရှင်ကသုံးခုစား ကျွန်မက နှစ်ခု
စားမယ် သွားကြစို့ လို့ ပြောလိုက်တယ်။
အဖိုးအဖွားတွေပြောနေတာကို အိမ်နီးနားချင်းတွေကြားသွားတဲ့အခါမှာ တို့ တော့သရဲ အခြောက်ခံရပြီဟေ့..ပြေး..ပြေး…..သရဲအဖိုးကြီးက ငါတို့ ရွာရဲ့ မိသားစု သုံးစုကို စားပြီး သရဲမကြီးက မိသားစုနှစ်စုကို စားမယ်လို့ ပြောနေပြီဟေ့ ပြေထား..လို့ အော်ပြီး ထွက် ပြေးကြပါတော့တယ်။
အဖိုးအဖွားလင်မယားလဲ အံ့အားသင့်ပြီး သူတို့ ထင်သလိုမဟုတ်ကြောင်း ရှင်းပြရန် အတွက် ရွာသားများနောက် ပြေးလိုက်ပါတော့တယ်။ ရွာသားတွေကလဲ သူတို့ ကို ဖမ်းစားဖို့ လိုက်လာပြီအထင်နဲ့ ကြောက်သတဲ့ကြောက်လန့် ပြီး ဆက်လက်ထွက်ပြေး ကြပါတယ်။
ရက်အနည်းငယ် ကြာပြီးတဲ့နောက်မှာ အဖွားက အိမ်နီးချင်းတွေကို ခေါ်ပြီး ပဲရာကြော် ဖြစ်စဉ်အကြောင်းကို ရှင်းပြတယ်။ အိမ်နီးချင်းတွေလဲ ဖြစ်ရပ်မှန်ကို သိကြတဲ့အခါမှာ အူတက်မတက် ရည်မောကြပါတော့တယ်။အဲ့ဒိနေ့ မှာပဲ အဖွားက ပဲမှုန်းတွေအများကြီး သွားဝယ်ပြီး ပဲရာကြော်တွေကြော်ကာ အိမ်နီးချင်းတွေကို ဖိတ်ကြွေးလိုက်တယ်။ သူတို့  နှစ်ယောက်ကြောင့် တစ်ရွာလုံး အထိတ်တလန့် ဖြစ်သွားရတဲ့အတွက် စိတ်မကောင်း ဖြစ်ရကြောင်းပြောပြီး တောင်းပန်လိုက်ကြပါတယ်။
တီအာဝိုင်
6/6/2013
သင်ခန်းစာ
ကလေးအမေတစ်ဦးသည်မဂ္ဂဇင်းစာအုပ်ကိုစိတ်ဝင်တစားသဲကြီးမဲကြီးဖတ်နေသည်။သူ၏ချစ်စရာကောင်းသော သမီးငယ်ကလေးသည်သူ့ အားဂျီကျလိုက်တွတ်ထိုးကစားလိုက်နှင့်မို့ စာအုပ်ကို ဖြောင့်ဖြောင့်ဖတ်၍မရဖြစ်နေ သည်။ ထို့ ကြောင့် ကလေးငယ်လေးအား အလုပ်ပေးပြီး စာအုပ်ကိုကောင်းကောင်းဆက်ဖတ် ရန်အကြံနှင့် ကမ္ဘာ့မြေပုံတစ်ခုကိုတစစီစုတ်ဖြဲလိုက်ပြီးကလေးမလေးအားပုံမှန်အတိုင်းပြန်ဖြစ်အောင်အခန်းထဲသွား  ပြန်
လုပ်ခိုင်းလိုက်သည်။ မိခင်က အမတန်ရှုပ်ထွေးလှသော မြေပုံကို ပြန်ဆက်ရန်မှာ ကလေးငယ်အတွက် အမတန် ရှုပ်ထွေးလှသည်မို့ တစ်နေ့ ကုန်သည်အထိ စာအေးအေးဆေးဆေး ဖတ်ရတော့မည် ဟု ထင်နေ သည်။သို့ သော်မိနစ်အနည်းငယ်အကြာတွင်ကလေးမလေးပြန်ထွက်လာပြီး ပြီးသွားဖြစ်ကြောင်းလာပြော
သည်။မိခင်ကမသင်္ကာ၍သွားစစ်သည်။အမှန်တကယ်ပင်ပကတိကမ္ဘာမြေပုံအတိုင်း ပြန်ဖြစ်အောင်ဆက်
ထားခြင်းဖြစ်သည်။
မိခင်ဖြစ်သူမှာ အလွန်အံ့အားသင့်သွားပြီး ဘယ်လိုလုပ်လိုက်တာလဲ ဟုမေးလိုက်သည်။ ကလေးမလေးက ‘’အဲ့ဒိမြေပုံရဲ့ နောက်တစ်ခြမ်းဘက်မှာ လူတစ်ယောက်ပုံပါတယ်လေ အမေရဲ ‘’့ဟုပြောပြီး ကစားရန်အတွက် အိမ်ထဲမှ ထွက်သွားပါတော့သည်။
ဤလောကတွင် မည်သည့် အခြေနေ အချင်းရာ အခက်ခဲနှင့်ပဲ ရင်ဆိုင်ရ ရင်ဆိုင်ရ တစ်ခြားဘက်တစ်ခြမ်း သို့ မဟုတ် နောက်တစ်နည်းဆိုသည်မှာ ရှိနေနိုင်သေးသည်။ဒီဖြစ်စဉ်ကလေးက ကျွန်တော်တို့ အတွက် ဘယ်လိုစိန်ခေါ်မှုတွေ နဲ့ ပဲတွေ့ ကြုံရ ကြုံရ၊ဘယ်လို ပဟေဠိဆန်တဲ့ အခြေနေတွေကိုပဲ ရောက်ရောက် တခြားနည်းဆိုတာကို မမေ့ဖို့ သင်္ခန်းစာလှလှလေးတစ်ခုကို ပေးလိုက်ပါသည်။ဒီသင်္ခန်းစာလေးကို လက်တွေ့ အသုံးချနိုင်ခဲ့မည်ဆိုလျှင်တော့ ခက်ခဲတဲ့ ပြဿနာတွေအတွက် လွယ်ကူတဲ့ နည်းလမ်းတွေကို ရှာဖွေတွေ့ ရှိနိုင်မှာဖြစ်သလို၊ကြမ်းတမ်းခက်ခဲတဲ့ ပုစ္ဆာတွေကိုလဲ တွက်ချက်နိုင်မှာ ဖြစ်ပါသည်။
တီအာဝိုင်
ဆင်ခြင်တုံတရား
အဖိုးအိုတစ်ယောက်က ရေနစ်နေတဲ့ ကင်းမှီးကောက် တစ်ကောင်ကိုမြင်ပြီး ရေထဲကနေ ကယ်တင်ဖို့ ဆုံးဖြတ်လိုက်တယ်။သူက တည်တည်ငြိမ်ငြိမ်ဖြင့်ပင် သူ့ လက်ကို ကင်းမှီးကောက်ထံကို လှမ်းပေးလိုက်ပါတယ်။အဲ့သလိုသူ့ လက်ကိုလှမ်းပေးလိုက်တဲ့အချိန်မှာ ကင်းမှီးကောက်က သူ့ အမှီးနဲ့ ထိုးလိုက်ပါတယ်။အဖိုးအိုဟာ သူ့ လက်မှာ အဆိပ်တက်သွားပေမဲ့ အဲ့ဒိကင်းကို စိတ်ဆိုးရန်မူခြင်းမရှိပဲလွှတ်ပေးလိုက်ပါတယ်။မကြာခင်မှာပဲအဲ့ဒိကင်းမှီးကောက်ဟာ ရေတစ်ခါပြန်နစ်နေတဲ့ အတွက် အဆိပ်တတ်နေတဲ့ အဲ့ဒိလက်နဲ့ ပြန်ကင်းမှီးကောက်ကိုနောက်တစ်ခါပြန်ဆယ်တင်လိုက်သလို ကင်းမှီးကောက်ကလဲ နောက်တစ်ခါ ထက်ထိုးပြန်ပါတယ်။အဖိုးအိုလုပ်သမျှကို မြင်နေရတဲ့ လူငယ်တစ်ယောက်က သူ့ အနားရောက်လာပြီးတော့ “အဖိုး .. အဲ့ဒိအဆိပ်ပြင်းတဲ့ သတွာကို ကယ်တင်ဖို့ ကြိုးစားနေရင် အဆိပ်တတ်နာကျင်မှာပေါ့ ..ဘာဖြစ်လို့ မရမက ကယ်တင်ချင်ရတာလဲ ? အဲ့ဒိကင်းမှီးကောက်ကို ကယ်တင်နေရင် အဆိပ်တက်မယ်ဆိုတာကို အဖိုးမသိဘူးလား ?အဖိုးအိုကလည်း “ ဒီမယ်လူငယ် ကင်းမှီးကောက်ရဲ့ သဘာဝက သူ့ ကိုထိရင် အမှီးနဲထိုးမယ်…ကိုယ့်ရဲ့ သဘာဝက ဒုက္ခရောက်နေတာကိုတွေ့ ရင် ကူညီမယ်..အဲ့ဒိတော့ ကင်းမှီးကောက်ကလဲ သူ့ ရဲ့ သဘာဝ ကို ပြောင်းလဲမှာမဟုတ်သလို ကိုယ်ကလဲ ဒုက္ခရောက်သူကိုတွေ့ ရင် ကူညီတဲ့ အကျင့်ကို ပြောင်းလဲမှာ မဟုတ်ဘူး ကွဲ့ …လို့ ပြန်ပြောလိုက်တယ်။အဲ့ဒိနောက် အဖိုးအိုက အတန်ငယ်စဉ်းစား လိုက်တယ်။ပြီးတော့ အနီးနားမှာရှိတဲ့ သစ်ပင်က သစ်ကိုင်းတစ်ခုကိုချိုးယူပြီး ကင်းမှီးကောက်ကို နောက်တစ်ခါပြန်လည် ကယ်တင်လိုက်တယ်။ကိုယ့်ရဲ့ ကောင်းမြတ်တဲ့ အကျင်စရိုက် သဘောသဘာဝကို ဘယ်တော့မှ မပြောင်းလဲပြစ်ပါနဲ့ ။ကိုယ်ကကိုယ့်သဘောကိုယ်ဆောင်နေချိန်မှာ အန္တရာယ်ပြုမဲ့အနေထားရှိနေရင်တော့ ကြိုတင် ကာကွယ်မှုလုပ်ထားရမှာပေါ့။
တစ်စုံတစ်ယောက်ရဲ့ တစ်စုံတစ်ခုသော ကောင်းမြတ်မှုကိုကြည့်ပြီး တခြားသူတွေပါ လိုက်ပါပျော်ရွှင်ကြလိမ့် မယ်။ဘာကိုပဲလုပ်လုပ် ကိုယ့်ရဲ့ အသိစိတ်ဓါတ်နဲ့ ဆင်ခြင်တုံတရားရဲ့ ညွှန်ကြားမှုကို လိုက်နာ ကျင့်သုံးဖို့ လိုပါတယ်။
တီအာဝိုင်
1/27/2013
မေးခွန်း
သင်ဟာ သင့်ကိုယ်သင်မမေးသင့်တဲ့ မေးခွန်းတွေ ပြန်မေးနေမယ်ဆိုရင် ဘယ်တော့မှ ကောင်းမွန်တဲ့ အဖြေတွေကိုရလာမှာ မဟုတ်ပါဘူး။
ဒါကြောင့် ပထမဆုံးအနေနဲ့ နှာသီးဖျားကဝင်လာတဲ့လေကို အဆုတ်သွေးတွေ သန့် ရှင်းသွားတဲ့ အထိ နက်နက်ရှိုင်းရှိုင်း ရှူရှိုက်လိုက်ပါ။ ပြီးရင် အောက်ပါပေးခွန်းတွေကို မေးမြန်းခြင်းမှ ရပ်တန့် လိုက်ပါ။ 
(၁) လူတွေက ငါ့ကိုဘာကြောင့် သဘောမကျ ကြတာလဲ
ငါအရမ်းကံဆိုးတာပဲ၊ ငါဟာ အထီးကျန်သမားပဲဖြစ်တယ်ဆိုတာတွေဟာ ကိုယ့်ကိုယ်ကို မယုံကြည် လို့ သာခံစားရတာဖြစ်တယ်။ တနည်းနည်းနဲ့ တော့ သင်ထက်အခြေနေဆိုးရွားတဲ့လူတွေလဲ ရှိနေတာ ပါပဲ။  ဒါမျိုးမရေမရာခံစားချက်တွေ ဖြစ်လာတဲ့အခါ သင်လိုပဲ ခံစားနေရတဲ့ လူပေါင်းများစွားကို သတိ မထားမိတော့ပဲ ကိုယ့်ထက်သာတဲ့လူအနည်းငယ်  စိတ်ချမ်းသာနေတဲ့လူအနည်းငယ် အခြံရံတွေပေါ ကြွယ်ဝနေတယ်လို့ ထင်ရတဲ့ လူအနည်းငယ်ကိုသာ သင်သတိပြုမိလိမ့်မယ်။
ကိုယ့်ကိုယ်ကို မသေချာမရေရာတဲ့ ဆွဲချက်တွေနဲ့ မစွတ်ဆွဲပါနဲ့ ၊ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့ ၊ ကိုယ်ကိုယ်ကို ရမယ်ရှာပြီး တရားခံဆိုးကြီးအဖြစ် မသက်မှတ်လိုက်ပါနဲ့ ၊၊ တခြားလူတွေက သင့်ကို ချစ်ခင်သည်ဖြစ်စေ မုန်းတီးကြသည်ဖြစ်စေ အားလုံးကို မေ့ပြစ်လိုက်ပါ။ ကိုယ့်ကိုယ့်ကို ချစ်ပါ၊
ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ။ ကိုယ်ဖြစ်နေတဲ့အခြေနေကို လက်ခံပါ၊၊ သင့်အတွက် အနည်းဆုံး တစ်ကြိမ်
တခါတော့ ရိုးသားစွာ ပြုမူဆက်ဆံခဲ့ဘူးတွေရှိလိမ့်မယ်။ အဲ့ဒိလို သင့်ဘဝမှာ တကယ်အရေးကြီးတဲ့ လူတွေအတွက် ဆုတောင်းမေတ္တာများပို့ သပေးပါ။
(၂) ငါ့ကိုလူတွေက ဘယ်လို ထင်မြင်ယူဆကြမှာလဲ
ဒါကတော့ သင်သတိပြုရမဲ့ အချက်ပဲဖြစ်တယ်။ တခြားသူတွေက   သင့်ကိုဘယ်လို့ ထင်မြင်ယူဆနေ ကုန်ပြီလဲလို့ တွေးပူနေတဲ့ အချိန်မှာ သင့်ကိုတကယ် စိုးရိမ်ပူပန်မှုဖြစ်စေတဲ့အရာက သင့်ကိုသင် ဘယ်
လိုထင်လဲ ဆိုတဲ့ အချက်ပဲဖြစ်တယ်။
(၃) ငါဘာတွေကို လိုချင်တမ်းတနေတာလဲ
သူ တစ်ဦးတစ်ယောက်ရဲ အလှအပ ၊အောင်မြင်မှုနဲ့ ပိုင်ဆိုင်မှုတွေကို တန်ဖိုးထားမြတ်နိုး တမ်းတ နေ
တွေကြောင့်သာဖြစ်တယ်။ ဖြစ်နိုင်တာကို လက်တွေ့ ကျကျ မတွေးပဲ မဖြစ်နိုင်တာတွေကို တွေးနေလို့ သာဖြစ် တယ်။
တနည်းအာဖြင့် သင့်ဘဝမှာ သင်တကယ်ရရှိထားတဲ့ သင့်ဘဝရဲ့ အလှအပကို ကျေနပ် တင်းတိမ်အား
ရမှုမရှိလို့ သာလျှင် စိတ်ဆင်းရဲ နေရခြင်းဖြစ်တယ်။ အဲ့ဒိတော့ “ ငါတမ်းတနေတဲ့ အရာဝတ္ထုကိုသာ မရနိုင်တော့ဘူးဆိုရင် အခုငါ့မှာ တမ်းတစရာ ဘာတွေရှိနေလဲ ” လို့ တခြားလူတွေကိုရောကိုယ့်ကိုယ်
ကိုပါ ပြန်ပြီး ပုစ္ဆာထုတ် ကြည့်နိုင်မလား။
(၄) ငါ့ဘက်မှာ လိုအပ်ချက်တွေရှိနေရင် ဘယ်လိုလုပ်မလဲ
ရှုံးနိမ့်မှာကိုခြောင်းနေရင် ရှုံးနိမ့်ဖို့ သေခြာသွားပြီ။ ကိုယ့်ကိုမပြည့်စုံဘူး လိုအပ်ချက်တွေရှိသေးတယ် လို့ ထင်နေရင် သင်ဘယ်တော့မှ ပြည့်စုံလာမှာ မဟုတ်တော့ပါဘူး။ တခြားလူက သင့်ထက်သာနေမှာ ကြောက်လို့  သင်ကျရှုံးသွားမှာကြောက်လို့  သင့်အနုပညာအတွက် ခဲတံတွေ စုပ်တံတွေ ကီးဘုတ်
တွေကို ကောက်မကိုင်ရဲ တော့ဘူးဆိုရင် သင့်ရဲ့ ထင်မြင်ချက်တွေဟာ တကယ်ကိုပဲ မှန်လာပါလိမ့်  မယ်။ ပြိုင်ဆိုင်ရင်းနဲ့ ရှုံးသွားတာက တကယ်ရှုံးနိမ့်ခြင်း အစစ်အမှန်မဟုတ်ပဲ ရှုံးမှာကြောက်ပြီး ဝင်မ ပြိုင်ခြင်းကသာလျှင် တကယ့်ရှုံးနိမ့်ခြင်းစစ်စစ်ဖြစ်တယ်။
ရှုံနိမ့်မှာကိုကြောက်နေသမျှကာလပတ်လုံး သင်ဟာရှုံးနိမ့်နေမှာဖြစ်တယ်။ သင်ရဲ့ တာဝန်က မကျဆုံး ဖို့ မရှုံးနိမ့်ဖို့ မဟုတ်ဘူး၊အမှန်တကယ်သင်ရဲ့ တာဝန်ကနေစဉ်သင်လုပ်နိုင်သမျှကိုမဆုတ်မနစ်သော
ဇွဲလုံလနဲ့  ထပ်ခါတလဲလဲ ကြိုးစားနေဖို့ သာဖြစ်တယ်။ အဲ့ဒိအရာကို သင်လုံးဝလုပ်နိုင်တယ်လို့ ယုံကြည် ပါ။
သင့်ဘဝရဲ့ အတိတ်ကာလတစ်ခုမှာ လူတွေမရှိပဲ သင်နေနိုင်တဲ့ အခြေနေတစ်ခုတော့ ရှိခဲ့လိမ့်မယ်။
လူ့ ဘဝမှာ လုံးဝတွေ့ ကြုံရမဲ့ အရာတွေသာဖြစ်တယ်။
သင့်ဘဝအတွက် ကောင်းကြိုးပေးမဲ့ သင်က ချစ်ခင်မြတ်နိုးတန်ဖိုးထားတဲ့ အရာဝတ္ထုတစ်ခုသို့ မဟုတ်
လူတစ်ဦးတစ်ယောက်ကို ကိုသင်ပိုင်ဆိုင် လိုက်ရပြီဆိုပါစို့ ၊အကြောင်းကြောင်းတွေကြောင့်အဲ့ဒိအရာ
ဝတ္ထုဖြစ်စေ လူတစ်ဦးတစ်ယောက်ကလဲ သင့်ပိုင်ဆိုင်မှုနယ်မြေကနေ လွတ်ထွက်သွားတဲ့ အခါမျိုးမှာ
 အချိန် တွေအများကြီးပေးပြီး ဝမ်းနည်းပူဆွေး သောကဗျာပါဒတွေနဲ့  ရစ်ပတ်မနေလိုက်ပါနဲ့ ။ အဲ့ဒါတွေကို ပိုင်ဆိုင်ဖူးခဲ့လူတစ်ယောက်အဖြစ် ကိုယ့်ကိုယ်ကို ဂုဏ်ယူလိုက်ပါ။ အဲ့ဒါတွေရှိခဲ့တုန်းအချိန်က ရလိုက် တဲ့အတွေအကြုံတွေ ခံစားလိုက်ရတာတွေ အတွက် ဝမ်းမြောက်လိုက်ပါ။ ဘာကြောင့်လဲဆိုတော့ အဲ့ဒါတွေနဲ့ ပတ်သက်တဲ့ အရာအားလုံးဟာ ပြီးဆုံးသွားပြီဖြစ်တယ်။ ပြီးဆုံးသွားတဲ့ အရာတွေကလဲ သင့်ဘဝအတွက် ရင်ခုန်
တက်မက်စရာကောင်းလောက်အောင် ဆက်ဖြစ်လာတော့မှာ မဟုတ်လို့ ပါပဲ။
သင့်ဘဝအတွက် အလင်းရောင်တစ်ခုကျပျောက်သွားခဲ့ရင် သင့်ကိုအလင်းရောင်ပေးပြီး ဆက်လက် တောက်ပစေမဲ့အရာတွေက သင့်အနီးမှာ စောင့်မျှော်နေကြတယ်ဆိုတာကို ဘယ်တော့မှ မမေ့ပါနဲ့ ။ သင်လက်ရှိပိုင်ဆိုင်နေတဲ့ အရာတွေကသာ သင့်အတွက်အကောင်းဆုံးဖြစ်တယ် ဆိုတဲ့ယုံကြည်ချက်
နဲ့ ရှေ့ ဆက် လျှောက်ပါ။ အမှတ်တရလွမ်းဆွတ်စရာတွေရှိနေသေးတယ်ဆိုရင်တောင် အဲ့ဒါတွေကို ပြုံးပြံးလေးပဲ လွမ်းဆွတ်လိုက်ပါ။
(၆) ငါ့ကျမှ ဘယ်လိုတွေဖြစ်တာလဲ
သင်မှာ  ကြီးကျယ်ခန်းနားတဲ့ ဘဝတစ်ခုကို ပိုင်ဆိုဖို့ အတွက် နည်းလမ်းတွေမရှိသလောက်ပါပဲ လို့  ထင်နေရင်တော့ သင့်ဟာ သင့်ကိုသင်ဖျက်ဆီးနေခြင်းသာဖြစ်တယ်။ သင်အသက်ရှင်နေသေးတာကို ကသင့်အတွက် ကြီးမားတဲ့ အခွင့်အရေးတစ်ခုကိုပိုင်ဆိုင်ထားတယ်ဆိုတာ သေချာနေပြီ။
မနက်မိုးလင်းလို့ အိပ်ယာကနိုးပြီဆိုတာနဲ့  ဒီနေ့ ဟာ ငါ့အတွက် ခန်းနားတဲ့ နေ့ ဖြစ်လာလိမ့်မယ် လို့ ပြောလိုက်ပါ။ ညနေခင်းတိုင်းမှာ အချိန်မှာ ဒီနေ့ ဟာ ငါ့အတွက် တကယ့်ခန်းနားတဲ့ နေပဲ လို့ 
ပြောနိုင်မဲ့ အကြောင်းကိုရှာပြီး ပြောကြည့်လိုက်ပါ။ ညအိပ်ယာဝင်ချိန်တိုင်းမှာလဲ ငါ့အတွက် ဒီနေ့ 
တော့ ခန်းနားတဲ့ နေ့ ထူးနေမြတ်ကိုပိုင်ဆိုင်လိုက်ရပြန်ပြီ လို့ ပြောနိုင်တဲ့ အကြောင်းတရာကို ရှာပြီး ပြောဖြစ်အောင်ပြောလိုက်ပါဦး။ ဒီလိုနဲ့ နေ့ ပေါင်းများစွာ လပေါင်းများစွာ ကျော်ဖြတ်လာပြီးတဲ့ အချိန်မှာ အဲ့ဒါတွေကို ပြန်အမှတ်ရ ပြုံးပျော်ပြီး ငါဟာ တကယ့်ကြီးကျယ်ခမ်းနားတဲ့ ဘဝကို ပိုင်ဆိုင် ထားသူတစ်ယောက်ဖြစ်တယ် ဆိုတာကို ပြောနိုင်လာပါလိမ့်မယ်။
အနည်းငယ်သော ရဲရင့်သူတွေသာလျှင် ကိုယ့်ကိုယ်ကိုသံသယကင်းစွာဖြင့် ငါဘာမှမဖြစ်ဘူး လို့ 
ပြောပြီး သူတို့ ရဲ့ အိပ်မက်တွေကို ဆက်လက်လျှောက်လှမ်းရဲ့ ကြတယ်။သင်လဲ ငါဘာမှမဖြစ်ဘူး လို့  ကိုယ့်ကိုယ်ကို သံသယကင်းကင်း ရှုမြင်ပြီး ရှေ့ ဆက်လျှောက်လိုက်ပါ။ 
ကိုယ့်ကိုယ်ကိုဒီမေးခွန်းခြောက်ခုအပြင်ဘယ်မေးခွန်းတွေကိုလဲမမေးသင့်ဘူးလို့ ထင်ပါသလဲ။အပြုသ
ဘောမဆောင်ပဲ သင့်ကိုသင်ပြန်မေးတတ်တဲ့  မေးခွန်းတွေရှိပါသလား။ ရှိတယ်ဆိုရင် အောက်မှာ ကွန်မန့် ရေးခဲ့ပေးဖို့ တောင်းဆိုပါတယ်။
တီအာဝိုင်
6/7/2013
နှလုံးသားနဲ့ သစ်ပင်အို
အပင်ကြီးက လာလေ ကစားကြရအောင်လို့ စပြောတယ်။ ကျွန်တော်က အဲ့ဒိလိုကစားရမဲ့အရွယ်မဟုတ်တော့တဲ့ အတွက် မကစားချင်တော့ပါဘူး သစ်ပင်ကြီးရယ်လို့ ပြန်ပြောတယ်။ ပြီးတော့ ကျွန်တော်က အရုပ်တွေ နဲ့ ကစားရမဲ့ အရွယ်ဖြစ်သွားပြီး ၊အခုအရုပ်တွေဝယ်ချင်တယ်၊ ဝယ်ဖို့ ပိုက်ဆံမရှိဘူး လို့ လဲ ဆက်ပြောလိုက် တယ်။ သစ်ပင်ကြီးက အရမ်းဝမ်းနည်းသွားပြီးတော့ ပေးစရာပိုက်ဆံတော့ မရှိဘူးကလေးရယ် ၊ဒါပေမဲ့  အပင် ပေါ်မှာ ရှိသမျှပန်းသီးတွေကို ခူးပြီး သွားရောင်းရင်တော့ ကလေးလိုချင်တဲ့  ပိုက်ဆံတော့ရမှာပေါ့ ၊ အကုန်လုံး သာခူးသွားပြီးတော့ သွားရောင်းလိုက်ပါကလေးရယ်လို့ ခွင့်ပြုပြောဆိုလိုက်တယ်။ လူငယ်ကလေးလဲ သစ်ပင် ကြီးရဲ့ စကားကို  ကြားရလို့ အရမ်းဝမ်းသာသွားတယ်။ ပြီးတော့ အပင်ပေါ်မှာရှိသမျှ ပန်းသီးတွေအကုန်လုံးကို ခူးယူ ပြီးတော့ထွက်သွားလိုက်တယ်။ သစ်ပင်ကြီးကတော့ သူထွက်ခွါသွားလို့ ဝမ်းနည်းပက်လက်ဖြစ်ပြီးကျန်ရစ်ခဲ့ရှာ တယ်။ တစ်နေ့ မှာတော့ လူငယ်ကလေးပြန်ရောက်လာတဲ့အတွက် သစ်ပင်ကြီးလည်း အရမ်းကိုဝမ်းသာသွားရ ပြန်ပါတယ်။
သစ်ပင်ကြီးကထုံးစံအတိုင်း လာလေ ကစားကြရအောင်လို့  ပြောပြန်တယ်။ လူငယ်က ကျွန်တော့်မှာ ကစားဖို့ အချိန်မရှိတော့ဘူး၊ကျွန်တော့်မိသားစုအတွက်ကျွန်တော်အလုပ်တွေလုပ်ရဦးမယ်လို့ ပြန်ပြော
ပူပြင်းလှတဲ့တစ်ခုသောနွေရာသီမှာ သစ်ပင်ကြီးအောက်ကို လူငယ်ကလေး ပြန်ရောက်လာတဲ့ အတွက်သစ်ပင်ကြီးဟာ အရမ်းဝမ်းသာသွားပြီး လာလေ ကစားကြရအောင်လို့ ပြောပြန်တယ်။ လူငယ်ကကျွန်တော်အရမ်းကိုဝမ်းနည်းနေပါတယ်၊အသက်လည်းကြီးလှပြီ၊ကျွန်တော်တစ်ယောက်
သစ်ပင်ကြီးပေးလိုက်တဲ့လှေတစ်စီးနဲ့ ခရီးရှည်နှစ်ပေါင်းများစွား ထွက်သွားပြီးတဲ့ နောက်ဆုံးမှာတော့ သစ်ပင် ကြီးအောက်ကို ရောက်လာပြန်တယ်။ ဒီတစ်ခါမှာတော့ သစ်ပင်ကြီးက အလွန်ဝမ်းနည်းတဲ့လေသံနဲ့ တကယ် ကိုစိတ်မကောင်းဖြစ်မိပါတယ်ကလေးရယ်၊ ဒီတစ်ခါတော့ သစ်ပင်ကြီးမှာ အရင်တုန်းကလို ပန်းသီးတွေလဲ မရှိတော့ဘူး လို့ ပြောတယ်။လူငယ်က ကျွန်တော့မှာလဲ သွားတွေမရှိတော့ပါဘူး လို့ ပြန်ပြောတယ်။ သစ်ပင် ကြီးက ကစားချင်တယ်ဆိုရင် တက်ပြီးကစားဖို့ လဲ ပင်စည်ကြီးလဲ မရှိတော့ဘူး လို့ ဆက်ပြောတယ်။ လူငယ်က ကျွန်တော်လည်း အသက်အရမ်းကြီးနေပါပြီ ဆိုတော့ သစ်ပင်ကြီးပေါ်ကို တက်ပြီးမကစားနိုင်တော့ပါဘူး လို့ ပြန်ပြောလိုက်တယ်။ သစ်ပင်ကြီးက အခုဘာဆိုဘာမှပေးစရာ မရှိတော့ဘူး မြေကြီးပေါ်မှာ ကပ်လျှက် လဲလျှောင်းနေတဲ့ အမြစ်တွေပဲ ကျန်ပါတော့တယ်၊ လို့  မျက်ရည်စက်လက်နဲ့  ထက်ပြောရှာတယ်။ လူငယ်က အခုချိန်မှာ ကျွန်တော့်အနေနဲ့ ဘာမှ မလိုအပ်တော့ပါဘူး၊ ဒီနှစ်တွေထဲမှာ ကျွန်တော်ဟာ အရမ်းကို ပင်ပန်းနွမ်း နယ်ခဲ့တဲ့အတွက် အပန်းဖြေလဲလျှောင်းရာ နေရာလေးတစ်ခုပဲ လိုချင်ပါတယ် လို့ တုန့် ပြန်ပြောဆိုလိုက်တယ်။ လူငယ်ရဲ့ စကားကိုကြားတော့ သစ်ပင်ကြီးက အရမ်းဝမ်းသာသွားပြီး ဒီလိုဆိုအရမ်းကောင်းတာပေါ့ လာ လာ သစ်မြစ်ဆိုတာ အနားယူအိပ်စက်လဲလျှောင်းဖို့ အတွက် အကောင်းဆုံးနေရာပဲ သစ်ပင်ကြီးရဲ့ ကျန်နေသေးတဲ့ သစ်ငုတ်တိုလေးပေါ်မှာ လာပြီးအနားယူလိုက်လေ လို့ ဖတ်လဲတကင်း ကြိုဆို ရှာပြန်တယ်။လူငယ်လည်းသစ် ပင်ကြီးပြောတဲ့ အတိုင်း သွားထိုင်ပြီးအနားယူလိုက်တယ်။သစ်ပင်ကြီးမှာ ဝမ်းသာလွန်းလို့ မျက်ရည်များတောင် ကျမိရှာပါသေးတယ်။
တီအာဝိုင်
6/8/2013