Sunday, June 9, 2013

အမေ့အတ္တ




ကိုယ့်ကိုယ်ကိုထက်
ဘယ်သူက ဘယ်သူ့ကို
ပိုချစ်ဖူးလို့လဲ……။
ကိုယ့်စီး ကိုယ့်ပွား ကိုယ့်စကားထက်ရော
ဘယ်သူက ဘယ်သူ့ကို
ပိုချစ်ဖူးလို့လဲ…….။
ကိုယ့်လင် ကိုယ့်သား ကိုယ့်မယားထက်ရော
ဘယ်သူက ဘယ်သူ့ကို
ပိုချစ်ဖူးလို့လဲ………..။

ကိုယ့်ဆွေ ကိုယ့်မျိုး ကိုယ့်အကျိုးထက်ရော
ဘယ်သူက ဘယ်သူ့ကို
ပိုချစ်ဖူးလို့လဲ……။
ဘယ်သူတွေ ဘယ်လိုဖြေဖြေ ……….
အမေ့ရဲ့အဖြေကတော့ ရှင်းတယ်………….။
အတွေးအတောတွေနဲ့
မရေးမပြောပဲ လက်တွေ့ဖြေတာ…….။
ငါ့လင် ငါ့သား ငါ့စီးပွားထက်
ငါ့တိုင်း ငါ့ပြေ(ပြည်) ငါ့ရေမြေနဲ့
ငါ့လူတွေကို ငါပိုချစ်တယ်……။
အဲ့ဒါ ………..ငါ့ကိုယ် ငါချစ်တဲ့…
ငါ့အတ္တပါပဲ………..တဲ့…..။

နန်း ရှင်

No comments:

Post a Comment