Sunday, June 23, 2013

မကြောက်တရား



                                                   ကဗျာတစ်ပုဒ်အတွက်
စစ်ခင်းခဲ့ဘူးတယ်…….
အောက်ကြေးကဖောက်လို့ပေါ့……..
အများကြီး အများကြီး
တကယ်ကိုအများကြီး
ပန်းတွေ
ငုံကြတယ်
ပွင့်ကြတယ်………

ငှက်တွေ
ပျံကြတယ်
လွှားကြတယ်……..
ဟေ့သူငယ်ချင်း
သေချင်းတရားဟာ
လူ့ဘ၀ရဲ့လွှတ်တော်မဟုတ်……..
နရသိန်ဟာလဲ
တာဝတိံသာမဟုတ်
ဒါကို
သစ္စာတရားတိုင်းသိကြတယ်
ဒါပေမဲ့………
ဘာကြောင့်သင်္ချိုင်းမြေကိုလုကြတာလဲ ?
ဘာကြောင့်ဖိုးသူတော်ဝတ်ရဲတာလဲ ?
သေချာပါတယ်
အဖြေထွက်ရင်
အသေသတ်တောင်
မင်းမကြောက်တော့ဘူးဆိုတာပေါ့……

နန်း ရှင်

No comments:

Post a Comment