Tuesday, June 25, 2013

ရင်ထဲက ကဗျာ



ကဗျာနေ့မှာ ကဗျာရွတ်ဖို့ ဆွံ့ '' အ ''နေတဲ့
ငါ့နှလုံးသားကို
ငါကိုယ်တိုင်ရိုက်နှက်ပြီး
ရွတ်ဆိုခိုင်းဖို့ ကြိုးစားပြီးနောက်....
ငါဟာ လူသားမဆန်တဲ့လူသားတစ်ယောက်လို့
ငါ့ကိုငါနားလည်လိုက်တယ်...
ကဗျာကပြောတယ်...
ငါသာလူသားတစ်ယောက်ဆိုရင် ........
မင်းဟာ အာဏာရှင်ကြီးဆိုပဲ.....
ဒီလိုနဲ့ ....ငါသူ့ကိုချော့သိပ်လိုက်တယ်......
မငိုပါနဲ့ကဗျာ
မင်းရဲ့ငိုကြွေးမှုနဲ့
အာဏာရှင်ကြီးဆိုတဲ့ စွတ်ဆွဲချက် က
ငါ့ရင်ကို မွှေနှောက် သေလောက်တဲ့ ပြစ်ဒဏ်ကြီးပါလားကွယ်....လို့.........


နန်း ရှင်

No comments:

Post a Comment