Monday, June 10, 2013

ခက်တယ်

   ခက်တယ်ကွ….  သိပ်ခက်တယ်….             ငါလုံးဝ               မပြောချင်                     ဘူးကွာ…”.
လက်ထဲ ရှိသောက်လက်စ လဘက်ရည်                    ပန်းကန်လုံးကို စောင့်ပြီးခပ်ပြင်းပြင်းချလိုက်သည်။
     ဘာခက်တာလဲ အကိုရဲ့”…………
စကားမစပ် အဆုံးမရှိ  တခက်တည်းခက်နေသော ကိုကျော်ကြီး၏စကားကိုအဓိပ္ပါယ်မပေါက်ဟန်ဖြင့် စထိုင်သည့်အချိန်နာရီကိုလှမ်းမှတ်ရင်းဖြင်       မင်းနန္ဒမှပြန်မေးလိုက်သည်။လုံးဝမပြောချင်ဘူးဟု ပြောလိုက်ခြင်းသည် တခုခုကိုပြောချင်၍စကားစလိုက်ခြင်းဖြစ်သည် ဟု သိနှင့်ပြီးလည်းဖြစ်သည်။ကိုကျော်ကြီးသည် သူ၏ချစ်သူဟောင်း မစန္ဒာကို ရင်ဖွင့်လိုစိတ်ပေါက်သည့်အခါတိုင်း မင်းနန္ဒ၏ အိမ်သို့လာ၍  ညီလေးလ္ဘက် ရည် သွားသောက် ရအောင်ကွာဟု ပြောပြီး ခေါ်လေ့ရှိသည်။မင်းနန္ဒမှာ လူပျိုလူလွတ် တယောက်တည်းဆိုသော်လည်း ထ္မင်းစားဖို့တောင် အနိုင်နိုင်ရုံးကန်နေရသည်ဖြစ်၍ လ္ဘက်ရည်တခွက်အလကားသောက်ရလည်း မနည်းဘူးဟူသောသဘောဖြင့် ကိုကျော် ကြီးဘာပြောပြော၊ပြောချင်ရာပြော၊ပြောသမျှကို နားထောင်မည်၊ထောက်ပေးမည်၊သူသတ်မှတ်ထားသော အချိန်ပြည့်လျှင်ကိစ္စရှိလေးနည်းနည်းရှိသေးလို့ အကိုရေ သွားလိုက်ဦးမယ်”….ပြောပြီးထပြန်နေကြဖြစ်သည်။ကိုကျော်ကြီးမှာလဲ သူ၏မစန္ဒာအကြောင်းကို ရင်ဖွင့်လွန်းလှ၍ မင်းနန္ဒမှလွဲ၍ မည်သူမျှ နားမထောင်လိုကြသည်ကို သိ၍ မိမိ၏စကားကို အမြဲနားထောင်ပေးမည့် မင်းနန္ဒအားကိုသာ အမြဲလာခေါ်ရခြင်းဖြစ်သည်။
    ဘာခက်ရမှာလဲကွ……ဟို….စန္ဒာဆိုတဲ့ မိန်းမပေါ့”…
.အလွန်ဒေါပွ၍ မခံရပ်နိုင်သောအမူအရာနှင့်ပြောပြီး  မည်သည်အရာ ကိုကြည့်မှန်းမသိ စူးစူးစိုက်စိုက်ကြည့်နေလိုက်သည်။ မင်းနန္ဒကတော့ ကိုကျော်ကြီးကြည့်နေသည့် ဘာရယ်မဟုတ်သည့် လေဟာနယ်တနေရာတွင် မစန္ဒ၏ အပြုံးတချို့ရှိနေလိမ့်မည်ဟု သိထားသည်။
ထို့ကြောင့်…………..မစန္ဒာဘာဖြစ်လို့လဲအကိုရဲ့ဟု သောက်ထားသော လဘက်ရည်၏အဖိုးအခကို ပေးစပ်သည့်အနေဖြင့် စကားကိုဆက်ထောက်ပေးလိုက်ပြီး အလွန်တရာမှ စိတ်ဝင်စားလှသည့်အမူအရာကို ပြလိုက်သည်။
ပြောမဲ့သာ ပြောရတာပါကွာ ….တကယ်တော့လဲ ငါ့အပေါ်သိပ်ကောင်းတဲ့ မိန်းမ တယောက်ပါ ငါ့ဘဝတသက်တာမှာငါ့အပေါ်သူ့လောက်ကောင်းတဲ့သူမရှိသေးဘူးကွရှိလဲရှိလာမှာမဟုတ်တော့ဘူးလို့
ငါယုံတယ်”….
   ဟာဒီလောက်တောင် ကောင်းတဲ့ဟာ ဘာဖြစ်လို့ခက်နေရတာလဲ ကိုကျော်ကြီးရဲ့
 သိပ်ကောင်းလို့ခက်တာပေါ့ကွ………ငါကသူကိုရည်းစားစကားစပြောတဲ့အချိန်တုန်းကဆိုရင်သူပျော်သွားတဲ့ ပုံလေး  ကို ဓါတ်ပုံရိုက်ထားပြီး မင်းကိုပြချင်တယ်
အတိတ်က အရိပ်တခုကို မြင်ယောင်လာပြီး အလွန်ဆွေးမြေ့လှသောအသံဖြင့်ပြောသည်။
   ဟာမလုပ်ပါနဲ့အကိုရာကျနော်ပါမြင်ပြီးကြိုက်မိသွားရင်ဘယ်လိုလုပ်ပါ့မလဲအကိုကြီးရဲ့”…… 
ဟုပြောနေကြ စကားကို ပြောနေကြအတိုင်းပင်ပြောပေးလိုက်သည်။
 ဟာ..မင်းကလဲ သောက်ထားတဲ့လ္ဘက်ရည်မျက်နှာမှမထောက်ကွာမင်းမို့လို့ပြောထွက်တယ်….အေးလေ 
..ဒီလိုလူမျိုးတွေကိုလဲ ငါအပြစ်မတင်ရက်ပါဘူး ဟုပြောပြီး အစီခံထိရောက်အောင်ဖွာထားပြီးပြီဖြစ်သော ဖက်ကြမ်းဆေးလိပ်တိုကိုလက်ထဲမှ အဝေးတနေရာသို့တောက်ထုတ်လိုက်ပြီး အသစ်တလိပ်ကို ထပ်မှာလိုက်သည်။
          နှစ်လိပ်မှာတာမဟုတ်ဘူး အကိုကြီးရာကျနော်လည်းသောက်ချင်သေးတာပေါ့”…..
   ဒီနေ့အိပ်ပါးနေတယ်ကွ……တလိပ်ကိုနှစ်ယောက်အတူသောက်ကြမယ်”…….
အမှန်တော့ယနေ့အိပ်ပါးနေခြင်းမဟုတ်။လ္ဘက်ရည်သောက်တိုင်း ဆေးလိပ်ကိုတလိပ်သာမှာ၍ နှစ်ယောက်
အတူသောက်နေကြ ဖြစ်သည်။  မင်းနန္ဒကလည်း သောက်တိုင်းနှစ်လိပ်မှာရန်ပြောသလို ကိုကျော်ကြီး ကလည်း ပြောတိုင်းကို အိပ်ပါးနေခြင်းဖြစ်သည်။
     အမှန်တကယ်တော့ သူကငါ့ကို ရည်းစားစကားပြောစေချင်နေတာကြာပြီကွ…..ဒါပေမဲ့ ငါလို ရုပ်ဆိုးဆိုး အသားမဲမဲ ပိန်ကျစ်ကျစ် လူသားတယောက် နဲ့သူလို အလှနတ်ဒေဝီတပါး တို့ချစ်သူတွေဖြစ်သွားကြလေသတည်း ဆိုတဲ့ဇာတ်လမ်းဟာ တကယ်ကို ဖြစ်လားပါ့မ လားဆိုတာကို စိုးရိမ်မိသလို ငါပြောလိုက်လို့အနားမကပ်တော့ဘူးဆိုရင် ..လွတ်သွား တဲ့ငါးကြီးနေရမဲ့အဖြစ်မျိုးကိုလဲ ငါမလိုလားဘူးကွ….ဒါကြောင့်သူ ငါ့ကိုချစ်နေပါလားဆိုတဲ့ အသိတဝက်နဲ့ပြောလိုက်မှ ဝေးသွားမှာစိုးတဲ့ စိုးရိမ်တို့ရဲ့ခြောက်လှန့် မှုကြောင့်အီစီကလီလေးပဲ လုပ်နေလိုက်တာ”………..
  ဒါဆို……….မစန္ဒာ ကအကိုကြီးကို အရင်းစပြီး ချစ်ကြိုက်နေတဲ့သဘောပေါ့နော်”…
          အေး..အဲ့ဒါလည်းခက်တာပဲကွငါကိုကလည်းအသဲအသန်ချစ်နေမိတာလေဒါပေမဲ့…….ငါတွက်ထားတာက
ဟုပြောပြီး ဘာမှဆက်မပြောတော့ ပဲ စားပွဲထိုးလာချသော ဖက်ကြမ်းဆေးလိပ် ကိုကောက်ယူ ၍မီးညှိ လိုက်သည်။
     ငါ့နဲ့ဖြစ်သွားပြီးတဲ့ နောက်ပိုင်းမှာဆိုရင်  သူ့ရဲ့အပြုံး သူ့ရဲ့အပြုအမူ သူ့ရဲ့အပြင်အဆင် အကုန် အကုန် အကုန်လုံးဟာငါ့အတွက်စွဲမက်စရာတွေချည်းပဲကွ နောက်ပြီး ငါကသူ့ကိုရည်းစား စကားစောစောမပြောခဲ့တာ ဟာ သူ့ကိုမချစ်ခဲ့လို့တဲ့.. ဒို့နှစ်ယောက်ထဲမှာ သူကငါ့ကိုအရင်စချစ်ခဲ့တာပါတဲ့……နှုတ်ခမ်းလေးစူပြီးပြောလိုက်တဲ့စကားလေမျက်စိထဲကရောနားထဲကပါ အခုထိမထွက်သေးဘူးကွာ”…..
        အကိုကြီးကိုယ်တိုင်က သူ့ကိုစွဲမက်နေလို့ သူဘာလုပ်လုပ် လှနေတာဖြစ်မှာပေါ့ဗျ”……..
   ခက်တယ် ညီလေးရဲ့ လောကကြီးကပဲ ဆန်းကြယ်နေတာလား ငါကပဲဆန်းကြယ်နေတာလားတော့ မသိဘူး ကွ သူ့ရဲ့အပြုအစု အယုအယတွေကို ခံခဲ့ရလို့သိပ်ပြီးဂုဏ်ယူခဲ့ဘူးတယ်ကွ”…
    ဂုဏ်ယူခဲ့ဘူးတယ်ဆိုတော့ အခုရော…”.
    ခက်တယ်ကွ….အခုတော့လဲဟုပြောပြီးဆက်ပြောရန်ဝေါဟာရ အသစ်တခုကို စဉ်းစားနေစဉ် မှာ မင်းနန္ဒကဒါတွေဒါတွေ ပြီးခဲ့ပါပြီ ပြီးခဲ့ပါပြီလို့တော့ မပြောနဲ့နော် မပြီးသေးလို့ ခက်နေတာ မဟုတ်လား  ဟုပြောပြီး ဆိုင်တွင်း၌ချိတ်ထားသော တိုင်ကပ်နာရီကို မသိမသာ လှမ်းကြည့်လိုက်သည်။ 
နာရီလှမ်းကြည့်လိုက်သည် ကိုရိပ်မိသော ကိုကျော်ကြီး ကသူပြောချင်သောစကား များကို နောက် ဆယ်ငါးမိနစ် သာ ပြောခွင့်ရတော့မည် ကိုသဘောပေါက်လိုက်သည်။ မင်းနန္ဒ ကလည်း “လ္ဘက်ရည်တခွက် လေးဆယ်ငါးမိနစ်တော့ တန်ပါတယ်...အခုဆိုင်ကို ရောက်နေတာ မိနစ်သုံးဆယ်ရှိပြီဖြစ်၍ နောက်ထပ် ငရဲခံရန်ဆယ့်ငါးမိနစ်သာ လိုတော့တယ်” ဟုတွေးပြီး...ငြိမ်သက်နေသည်။
       “သူက ဟင်းချက်ပြင်းတယ်လို့ မကြာမကြာပြောတယ်...ဒါပေမဲ့ ငါစားချင်တယ်ရင် ..ဘာမဆို သူကချက်ကြွေးတယ် လုပ်ပေးတယ်ကွ...ငါခေါ်ရင်လည်း သူ့အဒေါ်တွေ ဦးလေးတွေ ဘယ်လောက်ဆူဆူ မရောက်ရောက်အောင်လာတယ်.”...
       “အင်း...အဲ့ဒါလေးတွေကိုပဲ ချစ်နေမိတယ် ဆိုပါတော့.”..........ပြန်ရတော့မှာမို့ ဖင် တကြွကြွ ဖစ်နေသော မင်းနန္ဒက စိတ်မပါ့တပါဖြင့် စကားကိုထောက်ပေးလိုက်သည်။
        “အဲ့ဒါကိုငါမငြင်းပါဘူး...တကယ်ဆိုရင်မင်းစဉ်းစားကြည့်စမ်းကွာ...မိန်းမပျက်မ ဟုတ်တဲ့ မိန်းကလေး တယောက်ဟာ တော်ရုံတန်ရုံအချစ်စိတ်လောက်နဲ့တော့  ဘီယာဆိုင်တို့ အရက်ဆိုင်တို့မှာ လိုက်ထိုင်ပါ့မလားကွာ.”....
    “ဟုတ်တာပေါ့ဗျာ....အကိုကြီးကလည်း             သူ့ကိုချစ်သူကလည်းအကိုကြီးကိုချစ်ဆို တော့.”.....
ဆက်မပြောဘဲရပ်ထားလိုက်သည်။ ကိုကျော်ကြီး ပြောမည့်စကားများကို မြန်မြန်ကုန်အောင် ညှစ် ထုတ်နေခြင်းဖြစ်သည်။
  “ငါကလည်းချစ်ဆိုကွာ..ခြံနဲ့အိမ်တောင် ပြောင်ပြီ....ကုန်ကုန်ပြောမယ်ကွာ...အဲ့ဒိခြံနဲ့အိမ်မကုန်မချင်းကို သူနဲ့ ချိန်းချိန်းတွေ့နေလို့လဲအလုပ်ပါပြုတ်ခဲ့တာပဲလေ.”..
     “ဘဝကြီးတခုလုံး    ကိုပေးဆပ်ပြီး  ချစ်ပြစ်လိုက်တယ်         ဆိုပါတော့.”..
အသက်မဲ့သော အပြုံးနှင့် ကြည့်၍ မင်းနန္ဒက ပြောလိုက်ခြင်းဖြစ်သည်။
   “အေးကွာ ...ဒါပေမဲ့.. တန်ပါတယ်..ခက်တာက...”  ခက်တယ်ဟု ပြောလျှင်  စကားကြောရှည်တော့မည် ကို သိသော မင်းနန္ဒက “ဒါနဲ့ ထ္မင်းတောင် သူကပဲ ခွန့်ကြွေးတာဆို” ဟု စကားလမ်းကြောင်းကို လွှဲပြစ်လိုက်သည်။
  “ အေးကွ...ဒါကလည်း သူ့ရဲ့ ယုယမှုတွေထဲ ငါ့အတွက်စွဲမက်စရာတခုပေါ့...”..
    “ဟာဒါဆိုရင် တခြားစွဲမက်စရာလေးတွေရှိဦးမှာပေါ့ ပြောပြပါလား.”...
  “အေး..သူက ဒို့နှစ်ယောက်ချိန်းတွေ့ကြတဲ့အခါတိုင်းမှာ ငါက သူ့ပေါင်လေးပေါ်မှာ ခေါင်းအုံးရင်လဲ အုံးနေမှ သူကလဲ ငါ့ပေါင်ပေါ်မှာ ခေါင်းအုံးရင် အုံးထားရမှ ကြိုက်တယ်ကွ ...အဲ့ဒိလို ပေါင်ကို ခေါင်းအုံးထားကြပြီးသူ့ငယ်ဘဝလေး တွေကို  ပြောပြရင် အရမ်းသနားဖို့ကောင်း တာပဲ....ဒါပေမဲ့ သူပြောတဲ့အကြောင်းအရာ တိုင်း ဟာ ငါ့အတွက် ရိုးသွားတယ်လို့မရှိဘူးကွ....အဲ့ဒိသနားစရာ မျက်နှာလေးကိုပြောရင်းနဲ့တောင် ပြန်မြင်လာပြီကွာ” ဟုပြောရင်း...အသံများတုန်ခါလာ၍      မင်းနန္ဒကစိတ်ခံစားမှုအရှိန်ပါဝါ မြင့်တက်လာပြီးဟုသိလိုက်သည်။
ထို့ကြောင့် “အော် ဟုတ်လား” ဟု ဝိုင်းဝန်းခံစားနားလည်ပေး သည့်မျက်နှာထားနှင့် မေးလိုက်သည်။
  “ဟုတ်တယ်ကွ ...သူကငါ့အပေါ် ကောင်းလွန်းပါတယ်...တခါတခါများ ငါအိပ်ပျော်သွားရင် အနားမှာထိုင် ယပ်ခပ်ပေးပြီး ငါ့ဆံပင်လေးတွေကို သပ်ပေးနေတာကွ...ငါ့ခြေသည်း လက်သည်းတွေကို ဆိုရင်လည်း သူကိုယ်တိုင်ညှပ်ပေးရမှ ကျေနပ်တာ....ပြီးတော့ခေါင်းလျှော်ရင်လည်းသူကိုယ်တိုင်ပဲလျှော်ပေးတယ်လေ...
      လေးဆယ်ငါးမိနစ်လဲ ပြည့်နေပြီမို့                  စကားဖြတ်ရန် အချိန်တန်ပြီဖြစ်၍            မင်းနန္ဒက
“ဒီလောက်ကောင်းတဲ့မိန်းမကို အကိုကြီးက ဘာဖြစ်လို့..”..မင်းနန္ဒ၏စကားမဆုံးလိုက်ခင်မှာပဲ   ...
  “ အဲ့ဒါကို ငါက ခက်တယ်လို့ပြောတာပေါ့ကွ..”   အံကြိတ်ပြီးပြောလိုက်သည်။ မင်းနန္ဒကလည်း အဆုံးသပ်ချင်လှပြီမို့ "တခက်တည်းပဲ ခက်နေတာပဲ ဗျာ...ဘာကိုခက်မှန်းလဲမသိဘူး” ဟုဒေါပွသည့်လေသံဖြင့်ပြောလိုက်သော်လည်း စိတ်ထဲမှာတော့သူပြောလာမည့်စကားကိုကြိုသိနေ၍ ကြိတ်ပြီးပြုံးနေမိသည်။
 ထိုအခါမှ ကိုကျော်ကြီးမှာ..မျက်နှာသေလေးနှင့် တစက္ကန့် အတွင်း စကြာဝဠာတခုလုံးကို  ကိုးပတ်ြ ပည့်ေ အာင်  ပတ်နိုင်လောက်သော စိတ်အစဉ်ဖြင့် ပြောလိုက်သည်။
“ အေး..သူကောင်းတာငါတယောက်တည်းဟုတ်ဘူး....လူတိုင်းကိုကောင်းနေလို့ခက်နေတာပေါ့ကွ.........”



ရွှင်လမ်းချမ်းမြေ့ကြပါစေ...............


နန်းရှင်
၎-၉-၁၁

No comments:

Post a Comment