Wednesday, June 19, 2013

အ တိတ် များ နဲ့ မျှော် လင့် ခြင်း လေး




အဲ့ဒိ...အခန်းထဲမှာ
ငါရယ်........တိတ်ဆိပ်မှုရယ်............
ပြန့် ကျဲနေတဲ့...........စာရွက်တွေရယ်
ထက်ဖွာလို့ မရတော့တဲ့ ဆေးလိပ်တိုတွေရယ်.........
နောက်တစ်ခန်းထဲမှာ
ငါရယ်.......မင်းရယ်
သီချင်းအတိုစတွေရယ်......
ပုလင်းခွန်တွေနဲ့ ......မင်းပိုင်တဲ့ငွေသားအချို့ 
ပြီးတော့ ဘာမှန်းမသိသေးတဲ့ ထိပ်လန့် မှုတွေရယ်
ဘဝတစ်ခုစတင်မှုရဲ့ ရင်ခုန်သံတွေရယ်
ငါလူဖြစ်မှန်းသိလိုက်ရတဲ့
အချက်ပေးပဲ့တင်သံတွေရယ်
နောက်................
အခု အခန်းထဲမှာ
တခါတရံတော့လည်း
ပေါက်မလားလို့ တိုးကြည်ကြတဲ့ ဓမ္မသံစဉ်အချို့ 
ပြီးတော့ ပျော်မလားလို့ ဖျော်ကြည့်ကြတဲ့ အလှသံစဉ်အချို့ 
ပြီးတော့ လန့် မလားလို့ လှန့် ကြည့်ကြတဲ့ လောကသံစဉ်အချို့ 
ပြီးတော့ ....ပြီးတော့...ပြီးတော့.....
ငါခံစားလို့ မရတဲ့ ...........သံစဉ်ပေါင်းစွာ
အဲ့ဒိလို
အတိတ်တို့ ရဲ့ နှစ်ခန်းပေါင်းဇာတ်လမ်းတစ်ပုဒ်နဲ့ 
ပစ္စုပ္ပန်အခန်းကျဉ်းလေးရဲ့ ဇာတ်လမ်းတစ်ပုဒ်သာ
ပိုင်ဆိုင်ခဲ့ဘူးတဲ့........ငါ
မင်းနဲ့ ငါပေါင်းပြီး
ဖြစ်လာမယ့် အနာဂါတ် အခန်းကျဉ်း ဇာတ်လမ်းလေးတစ်ပုဒ်တော့
မျှော်လင့်ခွင့်ရှိပါရစေ..............

No comments:

Post a Comment