Monday, June 24, 2013

စဉ်းစားပါမြန်မာပြည်



မြန်မာပြည်ရေ……..
သက္ကရာဇ် ၂၀၀၀ ရဲ့ နောက်ပိုင်းမှာ
မဟော်သဓာနဲ့ ဘီဂိတ်ကို
Remix လုပ်လို့ ရပေမဲ့ 
ကြံ့ဖွတ်နဲ့ ဒီမိုကရက်တစ်ကို
ဘယ်လိုကာရံတွေနဲ့ 
အနားသပ်ကြမလဲ…………..
မြန်မာပြည်ရေ…………
မင်းဟာ……..
Globalization ရဲ့ စုန်ရေထဲမှာ
ဆန်ပြီးရင်းဆန်ရင်း
မိုးခါးရေကိုမင်းတစ်ယောက်တည်းသောက်တယ်
မြန်မာပြည်ရေ…….
ပျော်ရွှင်စရာကောင်းတဲ့ Game တွေကိုကြိုက်တတ်ရင်လည်း
စစ်တိုက်တမ်းတော့ မကစားပါနဲ့ ကွာ
မင်းလိုချင်တာတွေဟာ
Wire တစ်ချောင်းတောင်မလိုတဲ့
Network ကြီးထဲမှာလည်း
Welcome ပြီးရင်း Welcome ပါပဲ……
မြန်မာပြည်ရေ…..
မင်း….နာဂစ်နဲ့ ဂီရိ
ပြီးတော့…..ပြည်တွင်းစစ်
ပြီးတော့………အပြစ်မဲ့ အကျဉ်းသားတွေရဲ့ မျက်ရည်
ပြီးတော့…………သားပျောက်မိခင်
ပြီးတော့………..မိဝေးဖဝေး တို့ တတွေ
အဲ့ဒိအကြားမှာ….မင်းဟာ
Heal the world ဆိုတဲ့
မိုက္ကယ်ဂျက်ဆင်ရဲ့ သီချင်းကိုကြားတိုင်း
ပုလဲခနေရမှာဖြစ်သလို
သဘာဝ ဆိုတဲ့
စိုင်းထီးဆိုင်ရဲ့ သီချင်းကိုကြားတိုင်း
ကြက်သီးထ တုန်လှုပ်နေလိမ့်မယ်……
မြန်မာပြည်ရေ………….
ကမ္ဘာပြားနေတဲ့ ခုချိန်ခါမှာ
မြန်မာနိုင်ပြီလို့  ဘယ်လောက်အော်အော်
မင်းဒူးတုတ်နေတဲ့ တရုတ်ကြီးက
လှပါတယ် မေရယ်လို့ ပြောပြီး
မင်းကို ညစာလုပ်ပြစ်လိမ့်မယ်………….
မြန်မာပြည်ရေ……..
အမေ့အိမ် ကိုခံစားလိုက်စမ်းပါ
ကမ္ဘာကိုချေလိုက်စမ်းပါ
အဖေကို အဖေလို့ ခေါ်ခွင့်ပြုလိုက်စမ်းပါ
ကြိုးကြာငှက်တို့ ရဲ့ အတောင်ပံတွေကို ရပ်နားခွင့်ပြုလိုက်စမ်းပါ
မျှော်လင့်ခြင်းရဲ့ သစ်သီးတစ်လုံးဆိုတဲ့
အိမ်ပျိုမလေးကို ကျားကန့် လိုက်စမ်းပါ
ဇေယျာသော်နဲ့ ဇာဂနာရဲ့ ဝန်းကျင်တွေကိုလည်း
ရှင်သန်ခွင့်ပြုလိုက်စမ်းပါ
သေချာပါတယ်…..
မင်းဟာ………အလိုလိုနေရင်း
ဗိုလ်ချုပ်မှုးကြီး ဖြစ်သွားပါလိမ့်မယ်……
မြန်မာပြည်ရေ……………


နန်း ရှင်

No comments:

Post a Comment