ငါ့  ရဲ
နှလုံးသား
ခါးပိုက်ထောင်ထဲ က
အချစ်တွေကို ပုံအောပြီးအချစ်အတွက်
လောင်းကြေးထပ်ခဲ့............
အဲ့ဒိအချိန်မှာပေါ့
သူ့ မျက်လုံးတွေ
ကမ္ဘာကြီးတခြမ်းကို
ပိုင်စိုးထားသလိုလို..........
တနေ့ 
တစုံတရာကြောင့်
စိတ်နာနာနဲ့ 
နှမ်းတလုံးနီးပါး လျှော့ ချစ်ဖို့ ကြိုးစားမိတယ်..........
သူမမျက်ဝန်းထဲက
ကမ္ဘာရွာကြီးမှာ မုန်းတိုင်းတွေမိလို့ 
တိတ်..တိတ်..လို့ 
လူပျိုကြီး ပြီပြီနှစ်ခါတိတိ ချော့မိပြန်တယ်..
အဲ့ဒိတိတ် တိတ်နှစ်လုံးကြောင့်ပဲ
သူ့ ရဲ့ မျက်ဝန်းတွေက
အတိုးချပြီးကမ္ဘာကြီးတလုံးလုံးကို
ပိုင်စိုးသွားပြန်ပါရော......
ခတ်တယ်ချစ်သူ .........
ငါလျှော့ချစ်ဖို့ ကြိုးစားမိတာ
ဒါကြောင့်မှန်းမင်းမသိသေးပဲကိုး
ဒီလိုနဲ့ 
ဓါးသွားအလား
မင်းနှုတ်ခမ်းပါးတွေကို
ကြောက်လိုက် ချစ်လိုက် နေလာခဲတာ.......
ကိန္နရီ ကိန္နရာရဲ့ 
ခုနစ်ရက်မကတော့ပါဘူး.......ချစ်သူ
ကို ကို ဇင် မင်းနဲ့ ငါ့ အသားမဲရုပ်ဆိုး
အသက်ကြီးငွေရှား လူ့ ပါမွှားလေးတွေကို ဘယ်သူကမှလဲ ကြိုက်လာမှာဟုတ်သလို
ဘယ်သူကိုမှလည်းဒို့ ကချစ်မိ ကြိုက်မိမှာ
မဟုတ်ကြောင်းအပြန်အလှန်းယုံကြည်စေလိုသောဆန္ဒဖြင့်.....
ကိုဇင်
ကိုဇင်
No comments:
Post a Comment