Friday, June 7, 2013

လွတ်လပ်ရေးအဟောင်းဆိုင်



ခွေးကိုရိုက်သူ ခွေးနဲ့ တူ
ရိုက်သူလဲခွေး ခွေးလဲခွေး---တဲ့
ခွေးရူးဖက်ကိုက်တော့
ခွေးကောင်းနားရွက်ပြတ်သတဲ့.............
ဘုရားရှင်တောင်
တခါတရံ မတင့်တယ်တဲ့စိတ်ဖြစ်တယ်ဆိုတာ
မိုးကုတ်စက်ဝိုင်းကြီးအောက်က
အချို့ အချို့ သောသူတွေ သိမှသိပါလေစ..........
Rensselaer မှတ်တမ်းလို့ ပဲပြောပြော
ကာရံမဲ့မိုးများလို့ ပဲ ဆိုဆို
နှမ်းတလုံးနဲ့ ဆီမဖြစ်ပေမဲ့
တခေါက်သာတုန်း တခါသောက်မိလို့ 
သမားဂုဏ်အမြှောက်ခံလိုက်ရတဲ့ 
လူတယောက်ရဲ့ ရာဇဝင်မှာ
သူ့ ခြံထဲကပန်း ကိုယ်မနမ်းမိလို့ လဲ
တရားခံဖြစ်ခဲ့ဘူးတယ်
ကိုယ့်ခြံထဲကပန်း ကိုယ်နမ်းမိလို့ လဲ
ရာဇဝတ်မှုမြောက်ခဲ့ဘူးတယ်
ကြိုးစားလို့ ကျားဆိုးအထင်ခံရတာလဲ
ဒါ...ပထမဆုံးပဲ
ပက်လက်လှန်ပြီး ကဆုန်ပေါက်နေတဲ့
လိပ်တကောင်လို
Technical မဲ့ Knowledge မဲ့ တဲ့
ပညာရှင်အချို့ ရဲ့ 
လျှာဖျားပေါ်မှာ စီးမျောဘူးတယ်..........
မိုးထက်ညံ ပရမတ်ပြန်
ဆံတိုကြီးတယေက်ရဲ့ အရိပ်အောက်မှာလည်း
နေလောင်ဒဏ်သင့်ခဲ့ဘူးတယ်..........
ဒီမိုကရေစီ ကိုခါးပိုက် ပိုက်ပြီး
ထောက်လှန်းရေးကြောက်တဲ့
ရောဂါသည်တစ်ယောက်ရဲ့ 
ခြိမ်းခြောက်မှုကြောင့်
အသက်ရှူသုံးခါ ရပ်တန့် ဘူးတယ်.........
လူဆုံတိုင်းငါ့သိက္ခါကို အစိမ်းလိုက်ဝါးစားဖို့ ချောင်းနေတဲ့
ရွှေအိုရောင် ကြက်တူရွေးကြီး
အမေရိက က Force labor
ဂျိုးဖြူမနဲ့ ရည်းစားထားတဲ့
ခပ်ရင့်ရင့်လိမ်မော်သီးကြီးတလုံး
ပြီးတော..............
ရွာလေးတရွာက
Service မဲ့ Media များ
ရှိစေတော့...........ရှိစေတော့
အားလုံးကို ဂုတ်သပ်ချော့သိပ်ရင်း
သင်္ခါရအဖြစ် နမ်းရှိုက်ခဲ့တာ
မနေ့ ကအထိ ရက်ပေါင်းသုံးရာကျော်ခဲ့ပြီပဲ............
ဒီလိုနဲ့ ...........
နေ့ ပေါင်းများစွာကိုကျော်ခွ
ကိုယ့်ကိုယ်ကိုလည်း ချော့သိပ်
အတွေးစိတ်တွေကို ဘေးချိတ်   
ဆေးလိပ်နဲ့ မှေးအိပ်ရင်း
လေပြေတချက် ဝှေ့ မရမ်းမချင်းတော့
သည်းခံခြင်းနဲ့ ဖုန်းတလုံးကို
Remix လုပ်ပြီး
အသက်ဆက်ဖို့ ဆုံးဖြတ်လိုက်တယ်။           ။


နန်းရှင် 
မှတ်ချက်။           ။ဘုရားရှင်၏ ဟသိတုပ္ပါဒ်စိတ်တည်းဟူသောရယ်ရွှင်ခြင်းသည် အသောဘန တည်းဟူသောမတင့်တယ်သည့်စိတ်ဖြစ်သည်။

No comments:

Post a Comment