Sunday, June 16, 2013

မျှော်လင့်ခြင်း

စွန့်လွှတ်ခြင်းက မြင့်မြတ်ပါတယ်...ဟုတ်လား.....
ဒါဆိုရင်...
တစ်သက်စာကျပျောက်သွာတဲ့ငါ့ညတွေထဲမှာ
အကြင်နာတရားတွေတော့ ရှိနေဦးမှာသေချာတယ်။
မျက်စိတစ်ချက်အကြည့်မှားပြီး
နှလုံးသားလေးပြူကြည့်ယုံရှိသေ
နင်ပိုင်ဆိုင်သွားတာက များလွန်းတယ်....။
ပြန်တောင်းလို့ ရတဲ့အရာတွေလား....
ငါ့နှလုံးသားချိတ်ပိတ်ခံလိုက်ရတာကို တွေးမိတိုင်း....
ငရဲမီးတွေကပဲ ငါ့အလွမ်းကို ငြိမ်းချမ်းစေနိုင်တယ်..။
ပြီးပြီးရောလုပ်ခဲ့လို့ ပေါပေါကြီးရလိုက်တာဆိုတော့လဲ
မှတ်ကျောက်အတင်မခံလိုက်ရတဲ့ ရူးသွပ်မှုကို နင်အားနာနေမှာ မဟုတ်ပါဘူးလေ...။
သွေးညစ်ညစ်နင့်အချစ်တွေကို ဖောက်မထုတ်ပြစ်ရက်ပေမဲ့
နင်သွေးသစ်လောင်းဖို့ အတွက်....
တစ်သက်စာကျပျောက်သွားတဲ့ ငါ့ညတွေထဲမှာ
အကြင်နာတရားတွေတော့ ရှိနေဦးမှာသေချာတယ်။
 


နန်းရှင်
၁၂-၁၃-၂၀၁၂

No comments:

Post a Comment