အခန်း(၁၃)
လူ့ဘဝအဓိပ္ပါယ်နှင့်ကိုရင်သာဂိ
လူအလုပ် မရှိတော့ ပွေ၏၊ စိတ်အလုပ် မရှိတော့ လေ၏…လူကြီးသူမများ၏မှတ်သားစရာ
လေးတခွန်းနဲ့
အတူ လောကကြီးရှိဘဝ ဟူသော စကားလုံး၏ အဓိပ္ပါယ်ကိုစဉ်းစားကြည့်
လိုက်ချင်သည်။ ဘဝ၏ အဓိပ္ပါယ် ကိုဥာဏ်မှီသလောက် ဖွင့်ဆိုကြည့်ချင်သည်။ယနေ့အ
ပြီးသတ်ဖတ်မည် ဟု စိတ်ကူး ထားသော
စာအုပ်ကိုလှမ်ကြည့်လိုက်ပြီးမှစာကြောင်းများကိုမြင်၍
စိတ်ပျက်သွားဟန်ဖြင့်ပြန်ပိတ် လိုက်သည်။ခြစ်ခြစ်တောက်ပူလောင်နေသော
နေ၏အပူရှိန်နှင့်အတူ တဖြူးဖြူးတိုက်ခတ်လာသော လေသည်
ကိုရင်သာဂိ သီတင်းသုံး နေထိုင်ရာ
ကျောင်းကြီး၏ လေသာပြူတင်းပေါက်ကို ကျော်ဖြတ်၍ တချက်ဝှေးရမ်းသွားသည်။
၎င်းဝှေ့ယမ်းသွားသောလေပြေတချက်နှင့်အတူ ကိုရင် သာဂိ၏စိတ်အစဉ်ပါမျောပါသွားလေသလားဟုထင်ရသည်။ဖတ်လက်စ
စာအုပ်ကိုဘေးတွင်ခဏချထားခဲ့ပြီး ကျောင်းအောက်သို့ဆင်းလာသည်။