Sunday, July 28, 2013

ငါသိသမျှ

ဥာဏ်စမ်းဟာသ


အလုပ်သမားတစ်ဦးကို သူ့ ရဲ့ တစ်နှစ်တာ လုပ်ငန်းခွင်တိုးတက်မှုအဆင့် ဆန်းစစ်ဖို့ အတွက် သူဌေးက ခေါ်ထားပါတယ်။ အလုပ်သမားရောက်လာတဲ့အချိန်မှာ သူဌေးက မေးခွန်းစမေးတယ်။
သူဌေး။ ။လေယာဉ်ပေါ်မှာ အုပ်ခဲအလုံးငါးဆယ်ရှိတယ်။တစ်လုံးပြုတ်ကျသွားရင် ဘယ်လောက်ကျန်မလဲ။
အလုပ်သမား ။ ။လွယ်ပါတယ်သူဌေး ...၄၉ လုံးကျန်ပါတယ်။
သူဌေး ။ ။ဆင်တစ်ကောင်ကို ရေခဲသေတ္တာထဲဘယ်လိုထည့်မလဲ။
အလုပ်သမှား ။ ။ရေခဲသေတ္တာကိုဖွင့်....ပြီးရင် ဆင်ကိုထည့်....ပြီးရင် ရေခဲသေတ္တာကိုပြန်ပိတ်..။
သူဌေး ။ ။သမင်တစ်ကောင်ကို ရေခဲသေတ္တာထဲ ဘယ်လိုထည့်မလဲ။
အလုပ်သမား ။ ။ရေခဲသေတ္တာကိုဖွင့်.......အရင်ကထည့်ထားတဲ့ ဆင်ကိုပြန်ထုတ်....ပြီးရင် သမင်ကိုရေခဲသေတ္တာထဲထည့်...။ပြီးရင် ရေခဲသေတ္တာကို ပြန်ပိတ်....။
သူဌေး ။ ။ဒီနေ့ ဟာ ခြင်င်္သေ့ရဲ့ မွေးနေ့ ဖြစ်တယ်။အဲ့ဒိ ခြင်္သေ့ရဲ့ မွေးနေ့ ပွဲကိုတိရိစ္ဆာန်
တစ်ကောင်မလာခဲ့ဘူး။
အဲ့ဒိမလာအကောင်က ဘယ်ကောင်ဖြစ်နိုင်လဲ။ဘာကြောင့်သူဖြစ်နိုင်တာလဲ။
အလုပ်သမား ။ ။သမင်ပါဆရာ။ဘာကြောင့်လဲဆိုတော့ အစောက ကျနော်ရေခဲသေတ္တာထဲမှာ ထည့်ထားလို့ ပါ။
သူဌေး။ ။အသက်ကြီးကြီး မိန်းမကြီးတစ်ဦးက မိကျောင်းတွေအပြည့်ဖြစ်နေတဲ့ ရွှံ့ ညွန်တောကို အရေးပေါ် ကူးဖျက်သွားရမယ်.....အဲ့ဒါသူဘယ်လိုကူးမလဲ။
အလုပ်သမား။ ။အေးအေးဆေးဆေး ပုံမှန်အတိုင်း ကူးသွားရုံပါပဲ။ဘာဖြစ်လို့ လဲဆိုတော့ မိကျောင်းတွေအကုန်လုံး ခြင်္သေ့ရဲ့ မွေးနေ့ ပွဲကို သွားနေကြလို့ ပါ။
သူဌေး။ ။ဟုတ်ပြီ...နောက်ဆုံးမေးခွန်း....အသေအချာ ဂရုစိုက်စဉ်းစားပြီးမှဖြေပါ.....အဲ့ဒိအမျိုးသမီးကြီးက ဗွက်အိုက်ကို ဖျက်ကူးနေတုန်းမှာပဲ သေဆုံးသွားတယ်ကွာ.....ဘာကြောင့်သေသွားတာ ဖြစ်နိုင်မလဲ။
အလုပ်သမား။ ။အင်း ...အဲ....ရေနစ်ပြီးသေတာဖြစ်နိုင်ပါတယ်...။
သူဌေး။ ။မှားပါတယ်...။လေယာဉ်ပေါ်က ကျလာတဲ့ အုတ်ခဲ သူ့ ခေါင်းပေါ်ကျပြီး သေတာပါ။

တီအာဝိုင်

သတိ....


ကျွန်မပေါ့…..အစီးဝေးပြီးသွားတဲ့အခါမှာ ဟော်တယ်ကပြန်ထွက်လာပြီး ကားသော့ကို
လိုက်ရှာနေမိတယ်….ကျွန်မရဲ့ အိတ်ထဲမှာလဲ မတွေ့ ဘူး….အစီးဝေးခန်းမထဲမှာ သွားပြန်
ရှာတော့လဲ မတွေ့ ဘူး…..ဘယ်တွေရောက်ကုန်ပါလိမ့်။
ချက်ချင်းဆိုသလိုပဲ ကားထဲမှာ ကျန်ခဲ့တာပဲဖြစ်မယ်ဆိုတဲ့အသိတစ်ချက် ဝင်လာတယ်။
ကျွန်မရဲ့ အမျိုးသားက ကားသော့ကို ကားထဲမှာပဲ မထားဖို့ မကြာခဏ ကြိမ်းမောင်းပြော
ဆိုဘူးတယ်လေ။ကျွန်မရဲ့ တွက်ချက်က ကားသော့ကို စက်မှာတစ်ခါတည်းချိတ်
ထားတာဟာ လုံးဝမပျောက်နိုင်တယ်နည်းဆိုပေမဲ့ အမျိုးသာကတော့ စက်မှာကားသော့
တပ်ထားရင် အခိုးခံနိုင်တယ်လို့ တွက်တယ်။သတိရရချင်း ကားရပ်ထားတဲ့ နေရာကို
အပြေးအလွှားသွားကြည့်လိုက်တယ်ဆိုရင်ပဲ…..ငယ်ထိပ်မွေပေါက်သလို ခံစားလိုက်ရ
တယ်။ကျွန်မ အမျိုးသားတွက်ချက်အတိုင်း မှန်နေပြီလေ။ ကားကရပ်ထားတဲ့ နေရာမှာ
လုံးဝမရှိတော့ဘူး။

ကားမရှိတော့တာကို သိသိချင်း ရဲကိုဖုန်းခေါ်လိုက်တယ်…ပြီးတော့ ကျွန်မဘယ်နေရာ
ရောက်နေတယ်ဆိုတာကို ပြောတယ်…..ကားနံပါတ်ရယ် ကားရဲ့ ပုံပန်းသဏ္ဍာန်ရယ်
ရပ်ထားတဲ့နေရာ စသည်စသည် လိုအပ်တဲ့ အချက်အလက်တွေအားလုံးကို ပြောပြ
လိုက်တယ်….ကျွန်မရဲ့ ကားသော့ပျောက်နေတယ်ဆိုတာရယ်….ကားကအခိုးခံ
လိုက်ရတာဖြစ်တယ်ဆိုတာကိုပါ ပြည့်ပြည့်စုံစုံ ပြောပြလိုက်တယ်…။
ပြီးတော့ ကျွန်မရဲ့ အမျိုးသားဆီ ခေါ်တယ်…အကြိမ်ပေါင်းများစွာနဲ့ ကို ခတ်ခတ်ခဲခဲ
ကြိုးစားပန်းစား ခေါ်နေမိတာ…..
ခေါ်လို့ ရတယ်ဆိုရင်ပဲ…ကျွန်မရဲ့ အသံတွေတုန်တုန်ရင်ရင်နဲ့ ယောက်ျားရေ..
ယောက်ျားရေ……ကျွန်မကားထဲမှာ သော့မေ့ကျန်ခဲ့ပြီး အခုတော့ အခိုးခံရပြီ
ရှင့်…လို့ ပြောလိုက်တယ်…။
ခဏနေတော့ သူ့ ဘက်က ဘာသံမှ ပြန်မကြားရတော့ဘူး….အစကတော့ဖုန်းလိုင်း
ကျသွားတယ်ထင်နေတာ….ဒါပေမဲ့ သူ့ အသံတွေကိုဆက်ပြီးကြားလိုက်တယ်…
အသုံးမကျတဲ့ မိန်းမ..နင့်ကို ဟော်တယ်ရောက်အောင်ငါ့ပို့ ပေးခဲ့တာလေ…..
ဒီတစ်ခါတော့ ကျွန်မအသံတွေလုံးဝမထွက်နိုင်တော့ဘူး….ရှက်ရှက်နဲ့ ပဲ ဆက်ပြော
လိုက်တယ်…ဟုတ်ပါပြီ….ဒါဆိုလဲ ကျွန်မကိုလာကြိုတော့လေ…..လို့ …
ကျမအမျိုးသာစိတ်တိုတိုနဲ့ ထအော်ပါတယ်…
အေး…လာခဲ့မယ်…အခုတော့ ….ငါ့ကိုရဲတွေဖမ်းထားကြလို့ နင့်ကားကို ငါမခိုးတဲ့အကြောင်းအရင် ရှင်ပြရဦးမယ်…..
ပျော်ရွှင်နိုင်ပါစေ

ဆင်ခြင်တုံတရား၂


လူတစ်ယောက်က ပျော်ရွှင်မှုရဲ့ လျှို့ ဝှက်ချက်ကို လေ့လာဖို့ အတွက် သူ့ သားကို ကမ္ဘာ့ပညာ့ရှင်တစ်ဦးဆီစေလွှတ်လိုက်တယ်။ လူငယ်လေးဟာသဲကန္တာရကြီးကိုရက်ပေါင်းလေးဆယ်ကြာကြာ ဖြတ်သန်းသွားပြီးတဲ့နောက်
ပညာရှင်ကြီးနေရာဖြစ်တဲ့အလွန်တရာလှပပြီး မြင့်မားတဲ့တောင်

ထိပ်ပေါ်က အဆောက်အဦးကြီးတစ်ခုဆီရောက်လာခဲ့တယ်။
အဆောက်ဦးရဲ့ ခန်းမကြီးထဲကိုရောက်သွားတဲ့အခါမှာ သူတော်စင်ဆန်ဆန်နေထိုင်တဲ့လူတွေ၊ဝိုင်းဖွဲစကားပြောနေတဲ့လူတွေ၊ကုန်သည်တွေ၊ခန်းမကြီးရဲ့ ထောင့်တစ်နေရာ

စုဝေးစကားပြောနေတဲ့လူတွေကိုတွေ့ လိုက်ရတယ်။ပြီး
တော့ ကမ္ဘာ့စားကောင်းသောက်ဖွယ်တွေတည်ခင်းထားတဲ့ စားပွဲကြီးတစ်ခုလည်းရှိနေတယ်။

ပညာရှင်ကြီးကတော့ လူတွေအားလုံးကိုအ
လှည့်ကျစကားပြောနေတယ်။လူငယ်ကလေးဟာ သူ့ အလှည့်ရောက်ဖို့ အ
တွက် နှစ်နာရီကြာကြာ စောင့်နေရတယ်။သူ့ အလှည့်ရောက်တဲ့အခါမှာ ပညာရှိကြီးက သူဘာကြောင့်ဒီကိုလာခဲ့ရတဲ့ဆိုတဲ့ အဓိကရည်ရွယ်ချက်ကို
ဂရုတစိုက်နားထောင်တယ်။ဒါပေမဲ့ အချိန်များစွားမရတဲ့အကြောင်း ပြောပြီး
လာရင်းရည်ရွယ်ချက်ဖြစ်တဲ့ ပျော်ရွှင်မှုရဲ့ အဓိက လျှို့ ဝှက်ချက်ကိုရှင်းပြဖို့ 
ပြင်စင်လိုက်တယ်။အဲ့ဒိနောက် လူငယ်လေးကို သူ့ ရဲ့ နန်းတော်တမျှလှပခန့် 
ငြားတဲ့ အဆောက်အဦးကြီးကို နှစ်နာရီကြာကြာလှည့်ပတ်ကြည့်ရှုပြီး ပြန်လာရန်ပြောလိုက်တယ်။အဲ့ဒိလိုသွားတဲ့အခါမှာလဲလဘက်စားဇွန်းလေးထဲကိုဆီနှစ်စက်ထည့်ယူသွားပြီး မဖိတ်အောင်ပြန်ယူခဲ့ဖို့ လဲမှာလိုက်တယ်။
လူငယ်လေးဟာ ပညာရှိကြီးမှာလိုက်တဲ့အတိုင်း လဘက်စားဇွန်းလေးထဲက
ဆီတွေကို မဖိတ်အောင် ဂရုစိုက်ရင်း အဆောက်ဦးတပတ်အထက်အောက်
စုန်ချီဆန်ချီ နှစ်နာရီကြာကြာ လှည့်လည်သွားလာပြီး ပညာရှိကြီးထံပြန်
ရောက်လာခဲ့တယ်။
အဲ့ဒိအချိန်မှာ ပညာရှိကြီးက သူ့ အဆောက်ဦးထဲက စားသောက်ခန်းမှာချိတ်
ဆွဲထားတဲ့ ရရှားနိုင်ငံထုတ် ရောက်စုံချည်ထိုးအထည်တွေရယ်၊ဆယ်နှစ်ကြာ
ကြာအချိန်ယူတည်ဆောက်ထားတဲ့ အလွန်တရာခန်းနားတဲ့ ဥယျာဉ်ကြီးရယ်၊
စာကြည့်တိုက်ထဲက လှပထည်ဝါခန့် ငြားလှတဲ့ သားရေပရဗိုက်ကြီးရယ် ကို
တွေ့ မိခဲ့လားလို့ မေးလိုက်တယ်။လူငယ်ကလေးက လဘက်စားဇွန်းကလေး
ထဲက ဆီတွေကို မဖိတ်အောင်ဂရုစိုက်ပြီးသွားနေရတဲ့အတွက် မည်သည့်အ
ရာကိုမှ မတွေ့ မြင်ခဲ့ကြောင်းကို ရှက်ရှက်နဲ့ ပဲဝန်ခံလိုက်တယ်။
ပညာရှိကြီးက ဒီအဆောက်အဦးမှာဘာတွေရှိတယ်ဆိုတာကို မသိရင် ဒီကို
ရောက်ဖူးတယ်ဆိုတာ သူ့ ဆီမှာ ပညာဆည်းပူးခဲ့ဖူးတယ်ဆိုတာ ဘယ်သူမှ
ယုံကြည်မှာ မဟုတ်တဲ့အတွက် အလွန်တရာအံ့ဖွယ်ကောင်းတဲ့ သူ့ အ
ဆောက်အဦးကြီးနောက်တစ်ကြိမ် သွားပြန်ကြည့်ဖို့ ပြောလိုက်တယ်။
လူငယ်လေးဟာစိတ်ကိုသက်တောင့်သက်သာထားပြီးသွားဖို့ ဆုံးဖြတ်လိုက်
တယ်။အဲ့ဒိနောက် ဆီဇွန်းကိုကောက်ကိုင်ပြီး နန်းတော်တမျှခန်းငြားထည်ဝါ
လှပပြီး ကျက်သရေအပြည့်ဖြစ်တဲ့ အဆောက်အဦးကြီးလေ့လာဖို့ အတွက်
ဒုတိယမ္ပိထွက်ခွါလာခဲ့တယ်။ဒီတစ်ကြိမ်မှာတော့ နံရံတွေ မျက်နှာကျက်တွေ
ပေါ်မှာ ဆွဲထားတဲ့ပန်းချီကားတွေရယ်၊ကျက်သရေအပေါင်းနဲ့ ပြည့်စုံတဲ့ဥ
ယျာဉ်ကြီးရယ်၊ပန်းပင်တွေရယ် ၊ပညာရှင်ကြီးပြောထားတဲ့ စာကြည့်တိုက်ထဲ
ကသားရေပရဗိုက်တွေရယ် စသည်စသည် အလှအပများစွားကို တွေ့ လိုက်ရတယ်။
ပြန်ရောက်လာတဲ့အခါမှာ ပညာရှိကြီးက သူထည့်ပေးလိုက်တဲ့ ဆီတွေဘယ်
ရောက်ကုန်ပြီလဲလို့ မေးတယ်။လူငယ်လေးကလေးလဲ သတိရလို ပြန်ကြည့်
လိုက်တဲ့အခါမှာ ဆီတွေမရှိတော့ကြောင်းကိုသိလိုက်ရတယ်။
အဲ့ဒိအချိန်မှာပညာရှိကြီးက“ပျော်ရွှင်မှုရဲ့ လျှိုဝှက်ချက်ဆိုတာ အဖိတ်
အဆင်မရှိပဲလှပတဲ့ကမ္ဘာကြီးကို မြင်အောင်ကြည့်နိုင်ခြင်းပဲဖြစ်တယ်’’ ပြောလိုက်တယ်။

တီအာဝိုင်

ဆင်ခြင်တုံတရား၁

ခရီးသွားတမန်တော်နှစ်ပါးဟာ ညအိပ်တည်းခိုဖို့ အတွက် ချမ်းသားတဲ့မိသားစုတစ်စုရဲ့ အိမ်ကိုရွေးချယ်လိုက်တယ်။ အဲ့ဒိမိသားစု ဟာ တမန်တော်တွေကို ရိုင်းရိုင်းစိုင်းစိုင်းဆက်ဆံကြတဲ့အပြင် ဧည့်သည်ကောင်းတို့ အတွက်ထားသင့်တဲ့နေရာမှာ မထားပဲ အလွန်အေးပြီး ကျဉ်းမြောင်းတဲ့ မြေအောက်ခန်းလေးမှာ ပေးတည်းလိုက်တယ်။ တမန်တော့တွေ ဟာ သူတို့ အတွက်အိပ်ယာနဲ့ အမိုးတွေကို ခက်ခက်ခဲခဲပြင်ဆင်ပြီးတဲ့အခါမှာ အသက်ကြီးတဲ့ တမန်တော်က အိမ်ရဲ့ နံရံမှာရှိတဲ့ အပေါက်ကို ဖာထေးပြင်စင်ပေးလိုက်တယ်။ အဲ့ဒါကို တမန်တော်အငယ်က မြင်သွားပြီးဘာဖြစ်လို့ အဲ့သလိုပြုပြင်ပေးရတာလဲ လို့ မေးတယ်။တမန်တော်ကြီးက…အရာဝတ္ထုတွေဟာ ကိုမြင်ထားတဲ့အတိုင်းမဟုတ်ဘူး လို့ ပဲ ပြန်ဖြေလိုက်တယ်။
နောက်တစ်နေ့ ညမှာတော့ အလွန်ဆင်းရဲ တဲ့မိသားစု အိမ်မှာတည်းဖို့ ဆုံးဖြတ်လိုက်ကြတယ်။အဲ့ဒိအိမ်က  လင်မယားနှစ်ယောက်ဟာ ဆင်းရဲကြပေမဲ့ အလွန်သဘောကောင်းဧည့်ဝတ်ကျေပြွန်ကြပါတယ်။ တမန်တော်တွေကလဲ ဆင်းရဲသားလင်မယားပေးတဲ့ အစားအသောက်အနည်းငယ်ကို စားသောက်ပြီး တစ်ညစာအတွက် အိပ်စက်အနားယူလိုက်ကြ ပါတယ်။မနက်မိုးလင်းလာတဲ့အခါမှာ လယ်ကွင်းထဲမှာ သူတို့ ရဲ့ အဓိကဝင်ငွေလမ်းပေါက်ဖြစ်တဲ့ နို့ စားနွား မကြီသေနေလို့ ငိုကြွေးနေတဲ့ လင်မယားနှစ်ယောက်ကိုတွေ့ တယ်။အဲ့ဒိအချိန်မှာ တမန်တော်အငယ် က တမန်တော်ကြီးကို “ ဟိုချမ်းသာတဲ့မိသားစုကိုတော့ နံရံပေါက်နေလို့ ဆိုပြီး ကူညီပေးခဲ့တယ်..သူတို့ မှာက ပြည့်စုံပြီးသား…အခုဆင်းရဲတဲ့မိသားစု ကျတော့ သူတို့ မှာ ရှိစုမဲ့စုလေးနဲ့ ပြစုထားတဲ့ ကျေးဇူးကိုတောင်မထောက်ပဲ နိုးစားနွားမကြီးသေမဲ့ဘေးကို မကယ်တင်ဘူး”…လို့ ဒေါကြီးမာန်ကြီးနဲ့ ပြစ်တင်ပြောဆိုပါတော့တယ်။
တမန်တော်ကြီးက “အရာဝတ္တုတွေတွေက ကိုယ်မြင်နေရတဲ့အတိုင်းမဟုတ်ဘူး…ပထမအဆောက်အဦးကြီးမှာနေတုန်းက နံရံသာပွင့်ထွက်လာရင် အဲ့ဒိနံရံရဲ့ အနောက်မှာ ရွှေတိုက်ခန်းရှိတယ်..အဲ့ဒါကို အဲ့ဒိလင်မယား ရသွား ရင် လောဘဇောတွေတက်ပြီး သူ့ တို့ ရဲ့ အနာဂါတ်မှာ မဖြစ်သင့်တာတွေဖြစ်ကုန်လိမ့်မယ်..ဒါကြောင့်မို့ အဲ့ဒိနံရံကို ပိတ်ခဲ့တာ
ဖြစ်တယ်..ညကတို့ တည်းခဲ့တဲ့အိမ်မှာကတော့ နတ်ပြည်ကစုတေလာတဲ့ နတ်သားက သူ့ မယားရဲ့ ဝမ်းဗိုက်မှာ ကိန်းအောင်းလိမ့်မယ်…ဒါကြောင့် နို့ စားနွားမကြီးကို အဲ့ဒိနတ်သားအတွက် ပေးအပ် ဆက်သလိုက်တာပဲဖြစ်တယ်…အရာဝတ္ထုတွေဟာ ကိုယ်မြင်နေရတဲ့အတိုင်းမဟုတ်ဘူးလေ………”လို့ ပြန်ဖြေလိုက်တယ်။

တီအာဝိုင်
6/4/2013

မိမိကိုယ်ကိုယုံကြည်ပါ..သူတပါးပြောတိုင်းရမ်းမယုံမိပါစေနဲ

ရွာကလေးတစ်ရွာမှာ ဘာသာတရားကိုင်းရှိုင်းပြီး အယူသည်းသူ ပုဏ္ဏားတစ်ဦးရှိတယ်။     သူဟာ ဓမ္မဆရာ တစ်ဦးဖြစ်သလို သူလုပ်ရမဲ့အလုပ်တာဝန်တွေကိုလဲ ကျေပွန်အောင်ထမ်းဆောင်တတ်သူ တစ်ဦးဖြစ်တယ်။
တစ်နေ့ မှာ သူ့ ကိုလက်ဆောင်ပေးမယ်လို့ ပြောထားတဲ့ သူဌေးတစ်ဦးထံမှ လက်ဆောင်ရယူရန်   အတွက် သူ့ ရွာ အနီးက ရွာတစ်ရွာကို ထွက်ခွါလာခဲ့တယ်။အဲ့ဒိရွာက သူဌေးအိမ်မှာ လုပ်စရာရှိတဲ့    အလုပ်တွေကို လုပ်ပေးပြီးတဲ့နောက်မှာ သူဌေး  ကပေးလိုက်တဲ့ ဝဝကစ်ကစ် သန်သန်မာမာ  ဆိတ်ကလေးတစ်ကောင်ကို ထမ်းပြီးပြန်လာခဲ့တယ်။အဲ့ဒါကို စာလောင်ငတ်မွတ်နေတဲ့ လူလိမ်သုံးယောက်ကတွေ့ သွားပြီး သူတို အချင်း ချင်း  တိုးတိုးတိတ်တိတ် တိုင်ပင်ကြတယ်။ “ကျမ္မာဆူဖြိုးပြီး စားချင်စရာ ဆိတ်တစ်ကောင်တော့တွေ့ ပြီဟေ့ ဒီပုဏ္ဏာကို လိမ်ညာလှည့်စားပြီး သူထမ်းလာတဲ့ ဆိတ်ကိုအရယူကြရအောင်”  ဟူ၍ ။          မကြာခင်မှာပဲ သူတို့ ရဲ့ အကြံစီကို အကောင်ထည်ဖော်ဖို့ အတွက် တစ်ယောက်တစ်နေရာဆီ လူစုခွဲလိုက်ကြတယ်။

ပထမဆုံးလူက ပုဏ္ဏားရဲ့ ရှေ့ မှာရပ်တန့် လိုက်ပြီးတော့       “ဘုရားရေ..တို့ တွေတလေးတစားမြတ်နိုးတန်
ဖိုး ထားရတဲ့ ပုဏ္ဏားက    ခွေးကိုထမ်းလာတယ်…..မြင့်မြတ်တဲ့ပုဏ္ဏားတစ်ဦးအနေနဲ့ ခွေးတို့ ကြက်တို့ မြည်း တို့ ကိုထမ်းဖို့ မပြောနဲ့ သွားထိရင်တောင်အကုသိုလ်ဖြစ်တယ်ဆိုတာအရှင်မသိလေရော့သလား”လို့ အထိတ် တလန့် နဲ့ အော်ပြောလိုက်တယ်။ပုဏ္ဏာကလည်းအဲ့ဒါကိုစိတ်တိုသွားပြီး“အတော်မိုက်ရိုင်းတဲ့အကောင်ပါလား မင်းမျက်လုံးကန်းနေလား    ဒါခွေးမဟုတ်ဘူး ဆိတ်ကွ ဆိတ်…မင်းမမြင်ဘူးလား” လို့ ပြန်ပြောလိုက်တယ်။
လူလိမ်ကလည်း…အိုးဟိုးဟိုး..စိတ်မတိုပါနဲ့ အရှင်..အရှင်က ဒါကိုခွေးမဟုတ်ဘူး   ထင်ရင်လဲ စိတ်ချမ်းချမ်း သာသာနဲ့ သာ စိတ်တိုင်းကျ ဆက်ပြီးထမ်းသွားပါတော့..        ဒါပေမဲ့ ပုဏ္ဏာတစ်ဦးက ခွေးတစ်ကောင်ကို  ထမ်းသွား တယ်ဆိုတာကတော့ ရယ်စရာကြီးဖြစ်နေမှာပဲ လို့ ပြောပြီးထွက်ခွါသွားတယ်။

ဒီလိုနဲ့ ပုဏ္ဏားလည်း သူ့ လမ်းအတိုင်း သူဆက်လက်      ထွက်ခွါလာခဲ့တယ်။  အနည်းငယ်ဆက်သွားပြီးတဲ့
အခါမှာ နောက်ထပ်     လူလိမ်က သူ့ အရှေ့ တည့်တည့်မှာ လာရပ်ပြီး အလွန်အံ့အားသင့်တဲ့ ဟန်နဲ့ ကြည့် လိုက်တယ်။ ပြီးတော့ အရှင့်လို နာမည်ဂုဏ်သတင်းကျော်ဇောတဲ့ ပုဂ္ဂိုလ်တစ်ဦးက ဆင်အသေကောင်လေး ကိုထမ်းပြီးလျှောက်သွားနေတယ်…အော် အော်..လို့ ခနဲ့ တဲ့တဲ့  ပြောဆိုလိုက်တယ်။    ပုဏ္ဏားလည်း  ဒေါပွ သွားပြီး..လာပြန်ပြီ အကန်းတစ်ကောင် …ဒါကျမ္မာသန်စွမ်းပြီးအသက်ရှင်နေတဲ့ဆိတ်ကွဆင်သေမဟုတ်ဘူး ..မင်းအတော်ကို ဗဟုသုတခေါင်းပါးတာပဲ လို့ ပြန်ပြောလိုက်တယ်။   လူလိမ်က ဒါဆိုလဲကောင်းပါပြီ ဆရာ သခင် ပုဏ္ဏား ကျွန်တော်မျိုးကိုခွင့်လွှတ်ပါ… အရှင်စိတ်တိုင်းကျသာထင်ချင်သလိုထင်ပြီး ဆက်သွားပါတော့ လို့ ပြောလိုက်တယ်။      ပုဏ္ဏားလဲ စိတ်တိုတိုနဲ့ ’’လူတွေတော့ဘာတွေဖြစ်ကုန်ပြီလဲမသိဘူး…အရူးတွေနဲ့   ချည်းလာတိုးနေတယ် လိုရေရွတ်ပြီး ဆက်လက်ထွက်ခွါလာခဲ့တယ်။

နောက်တစ်နေရာမှာ နောက်ဆုံးတတိယမြောက် လူလိမ်နဲ့ တွေ့ တယ်။         အဲ့ဒိလူလိမ်ကလည်း ပုဏ္ဏား
ကိုတွေ့ တွေ့ ချင်း အရှင်…ဘယ်လိုဖြစ်လို့ မြည်းသတွါကြီးကို ထမ်းပိုးလာရတာလဲ…အဲ့သလိုတွေေ လျှာ က် လုပ်နေရင်အရှင့်ဘုန်းကန်တွေနိမ့်ကုန်လိမ့်မယ်ဆိုတာမသိဘူးလား……လို့ အော်ပြောပြန်တယ်။ဒီတခါတော့  သုံးကြိမ်မြောက်ဖြစ်လို့ ပုဏ္ဏားလဲအတော်လေး တွေဝေသွားတယ်။ဒီသတွါကိုဆိတ်မဟုတ်ပါဘူးလို့ ပြောကြ တာသုံးယောက်ရှိပြီ…ဒီသတွါက ခွေးဖြစ်လိုက်၊          ဆင်သေကောင်ပေါက်စ ဖြစ်လိုက်၊မြည်းဖြစ်လိုက်နဲ့ 
ဧကန္တတော့ ဒီသတွါဟာ သရဲဝင်ပူး   ခံထားရတာပဲဖြစ်မယ်…တော်ပြီ တော်ပြီဒီသတွါကို ဆက်ယူ သွားလို့  မဖြစ်တော့ဘူး…နောက်ထက်သတွါတစ်ကောင်အဖြစ်မပြောင်းသေးခင်မြန်မြန်လွှင့်ပြစ်လိုက်တာ ပိုကောင်း လိမ့်မယ်လို့ တွေဝေထိတ်လန့် ခြင်းများစွာနဲ့ တွေးတော့ပြီးဆီတ်ကိုပြစ်ချ..ဖနောက်နဲ့ ပေါက်လွှတ်လိုက်တယ်။
အဲ့ဒိအချိန်မှာပဲပုဏ္ဏားရဲ့ မမြင်ကွယ်ရာမှာပုန်းအောင်းနေတဲ့လူလိမ်တွေထွက်လာပြီးပုဏ္ဏားကို လှောင်ပြောင်
ရယ်မောရင်း ဆိတ်ကိုဖမ်းယူသွားပါတော့တယ်။ သူတစ်ပါးစကားကို ဆင်ခြင်တုံတရားမဲ့ စွာနားထောင်ခြင်း ဟာ အလိမ်ခံရဖို့ သက်သက်ပဲဖြစ်ပါတယ်။

မှတ်ဖွယ်။     ။မိမိကိုယ်ကိုယုံကြည်ပါ..သူတပါးပြောတိုင်းရမ်းမယုံမိပါစေနဲ့ ။
တီအာဝိုင်
6/5/2013

အလုပ် အလုပ် အလုပ်

တောထဲမှာ သစ်သွားခုတ် တဲ့ လူတစ်ယောက်ဟာ      မောမောနဲ့ သစ်ပင်တစ်ပင်အောက်မှာ အနားယူ
နေတယ်။သူအနားယူနေတဲ့ သစ်ပင်နားမှာ    ချုံပုတ်တစ်ခုရှိတယ်။ခဏအကြာမှာ အဲ့ဒိချုံပုတ်ထဲက လေ
ချွန်သံကို ကြားလိုက်ရလို့       ထသွားပြီးကြည့်လိုက်တဲ့အချိန်မှာ ချုံပုတ်ထဲမှာ ပုလင်းတစ်လုံးကို တွေ့ 
လိုက်ရတယ်။ လေချွန်သံဟာ    အဲ့ဒိပုလင်းထဲက ထွက်လာနေတာဖြစ်တယ်။
ပုလင်းထဲမှာဘာရှိလဲလို့ ကြည့်ရန်အတွက်  ပုလင်းအဖုံးကိုဖွင့်လိုက်တယ်။ ချက်ချင်းဆိုသလိုပဲ ပုလင်း
ထဲက အနက်ရောင်မီးခိုးတွေထွက်လာပြီးတော့   ကောင်းကင်ပေါ်တက်သွားတယ်။ ပြီးတော့ မိုးခိုးတွေ
နေ သစ်ပင်တစ်ပင်လောက်ကြီးမားတဲ့ နီရဲရဲ       သရဲတစ်ကောင်ရဲ့ အသွင်အပြင်အဖြစ် ပြောင်းလဲ
သွားတယ်။ သရဲရဲ့ မျက်လုံးတွေက နီရဲပြီး နားရွက်တွေကတော့ ရွှေရောင်တွေဖြစ်တယ်။ ခဏနေတော့
 အလုပ်တစ်ခုခုပေးပါ       မပေးရင် သင့်ကိုအကျွန်ုပ်စားမယ် လို့ အော်ပြောတယ်။ သစ်ခုတ်သမား လဲ ကြောက်ကြောက်လန့် လန့် နဲ့   ဘယ်..ဘယ်..ဘယ်လိုအလုပ်မျိုးပေရမှာလဲ လို့ ပြန်မေးလိုက်တယ်။
ကြိုက်တဲ့အလုပ်ခိုင်းပါ…သင်ဟာ   အကျွန်ုပ်ကို ဒီပုလင်းထဲကနေ လွတ်မြောက်ခွင့်ပေးလိုက်တဲ့အတွက်
သင်ခိုင်းတဲ့အလုပ်မှန်သမျှကို   နေ့ ညမအားမလပ် အကျွန်ုပ်လုပ်ပါ့မယ်…တစ်ခုခုကိုသာ ခိုင်းပါ..သင်အ
ကျွနုပ်ကို အလုပ်မပေးနိုင်တဲ့အခါမှာ သင့်ကို ကျွနုပ်စားရပါလိမ့်မယ်..လို့ ပြောတယ်။
သစ်ခုတ်သမားက ဒါဆိုရင်ငါ့ကို အိမ်အရောက် ပြန်ပို့ ပေးပါ လို့ ခိုင်းလိုက်တယ်။   တစ်စက္ကန့် မခြား
ချက်ချင်းဆိုသလို သူ့ အိမ်အရောက် ပြန်ပို့ ပေးပြီးတော့    အကျွန်ုပ်ကိုအလုပ်တစ်ခုခုပေးပါ မပေးလျှင် သင့်ကိုအကျွန်ုပ်စားရပါလိမ့်မယ်လို့ ထပ်ပြောပြန်တယ်။ငါ့အတွက်နန်းတော်ကြီးတစ်ခုတည်ဆောက်ပေးပါ.
လို့ ခိုင်းစေလိုက်တယ်။   မိနစ်အနည်းငယ်အတွင်းမှာပဲ နန်းတော်ကြီးတစ်ခု တည်ဆောက်ပေးလိုက်ပြီး    အကျွန်ုပ်ကိုအလုပ်တစ်ခုခုပေးပါ မပေးလျှင် သင့်ကို အကျွန်ုပ်စားရပါလိမ့်မယ်လို့ ပြောပြန်တယ်။ 
ငါ့ကို ရွှေတွေအများကြီးယူခဲ့ပေးပါ။ဝတ်ကောင်းစားလှတွေ ယူခဲ့ပေးပါ။   ငါ့အတွက်စားကောင်းသောက်
ဖွယ်တွေယူဆောင်ခဲ့ပေးပါ  စသည်ဖြင့် အမျိုးမျိုး လုပ်ခိုင်းတယ် ။       လုပ်ခိုင်းပြီးတိုင်းလဲအကျွန်ုပ်အလုပ် တစ်ခုခုပေးပါ မပေးလျှင် သင့်ကို    အကျွန်ုပ်စားရပါလိမ့်မယ်လို့ ထက်ပြောနေပြန်တယ်။ သစ်ခုတ်သမား ခမျာ သူ့ ကိုအလုပ်ပေးနေရတဲ့အတွက်    ထမင်းစားဖို့ ၊အိပ်ဖို့ အနားယူဖို့ ပင်အချိန်မရတော့တဲ့  အတွက် အကြံတစ်ခုထုတ်ရပါတော့တယ်။ကဲ ဒီလောက်တောင် ဖြစ်လှတာ…  ငါ့အတွက် ဟိုး မိုးအထိရှည်လျှားတဲ့ တိုင်တစ်တိုင် ထောင်ပေးစမ်းကွာ လို့ ခိုင်းလိုက်တယ်။   သရဲကလည်း သစ်ခုတ်သမားပြောတဲ့အတိုင်း လုပ်ပေးပြီး အကျွန်ုကိုအလုပ်တစ်ခုခုပေးပါ မပေးလျှင်သင့်ကိုအကျွန်ုပ်စားရပါလိမ့်မယ်လို့ ပြောပြန်ပါတယ်။
အဲ့ဒိအချိန်မှာ သစ်ခုတ်သမားက   သေသေချာချာနားထောင်ပါ…အဲ့ဒိတိုင်ထိပ်ပေါ်ကို ရောက်အောင်
တက်ပါ …ပြီးရင်    တိုင်ခြေရင်းအထိရောက်အောင်ပြန်ဆင်းပါ…ငါကတော်ပါတော့လို့ မပြောမချင်း ဆင်း
လိုက်တက်လုပ်နေပါ လို့ ပြောလိုက်ပါတယ်။   သရဲလဲ သစ်ခုတ်သမားပြောတဲ့အတိုင်း ဆင်းလိုက်တက်
လိုက်လုပ်နေပါတယ်။သစ်ခုတ်သမားလဲ အဲ့ဒိအချိန်ကျမှပဲ   ကောင်းကောင်းအိပ် ကောင်းကောင်းစားပြီး စိတ်ချမ်းချမ်းသာနေရပါတော့တယ်။တစ်လလောက်ကြာလာတဲ့အခါမှာသရဲလဲအတော်လေးပင်ပန်းနွမ်းနယ် လာပြီးကျွန်တော်မျိုး ဒီအလုပ်ကို အဆုံးသပ်ပါရစေတော့လို့ အသနားခံ     လာရောက်တောင်းပန်ပါတယ်။
သစ်ခုတ်သမားက မင်းဒါဘာလုပ်တာလဲ..ငါမင်းကိုတော်ပါတော့ လို့ မပြောမချင်း အဲ့ဒိတိုင်းကို ဆင်းလိုက် တက်လိုက် လုပ်နေရမယ်လို့ ပြောထားတယ်      မဟုတ်ဘူးလား လို့ မေးလိုက်တယ်။ သစ်ခုတ်သမားရဲ့  စကားကို မလွန်ဆန်နိုင်သဖြင့် နောက်ထပ်သုံးလကြာတဲ့အထိ အဆင်းအတက်လုပ်နေလိုက်တယ်။ သုံးလကျော် လာတဲ့အခါမှာတော့  သရဲလဲ ဆက်မလုပ်နိုင်တော့သဖြင့် အကျွန်ုပ် ဒီအလုပ်ကို ဆက်မလုပ် နိုင်တော့ပါဘူး..သနားသဖြင့် ဒီအလုပ်ကြီးကို ရပ်တန့် ခွင့်ပြုပါ လို့ တောင်းပန်ပြန်တယ်။ မင်းအနေ နဲ့  ဒီအလုပ်ကို မလုပ်ချင်ရင် တစ်လမ်းပဲ ရွေးချယ်ခွင့်ရှိတယ်..အဲ့ဒါကတော့ မင်းဒီကနေ   ထွက်သွားပြီး ဘယ်တော့မှ ပြန်မလာဖို့ ပဲ…ကဲ ..ဘယ်လိုလဲ မင်းလုပ်နိုင်ပါ့မလား လို့ မေးလိုက်တယ်။ဟုတ်ကဲ့ပါ …ကျွန်တော်မျိုးကြီးလုပ်ပါ့မယ်လို့ ကတိပေးပါတယ်…ပြန်ဖြေတယ်။ကောင်းပြီ ဒါဆိုရင် အခုချိန်ကစပြီး မင်းတိုင်ကို မင်းထမ်းပြီး ဒီကနေ အမြန်ဆုံးထွက်သား ပေတော့လို့ အမိန်ပေးလိုက်တယ်။သရဲလည်း သစ်ခုတ်သမားပြောတဲ့အတိုင်း မိုးထိမြင်းမားတဲ့ တိုင်ကို ထမ်းပြီး ဘယ်တော့မှပြန်မလာ
ဖို့ ဆုံးဖြတ်ပြီး ထွက်သွားပါတော့တယ်။
တီအာဝိုင်
6/5/2013