အခန်း(၁၂)ယဉ်ကျေးမှုနဲ့ကိုရင်သာဂိ
ကိုရင်သာဂိသည် ကိုရင်ဝတ်ဖို့ အတွက် အချိန်ကာလ အတိုင်းအတာ တခုထိကြာမြင့်စွာစောင့်
ဆိုင်းခဲ့ရသည်။
အခု မိမိရဲ့ ဆန္ဒအတိုင်း ကိုရင် ဝတ်ခွင့်ရခဲ့ပေပြီ။ ရရှိခဲ့သော
အခွင့်အရေးကို လက်လွတ်မ
ခံသင့်
ဟု နားလည်သည်။ အခွင့်သာခိုက်မှ မလိုက်ချင်လျှင် အမိုက်နင့်ပြင်
ရှိသေးလေလိမ့်လား၊ အခွင့်
သာဆဲမှ
မခဲချင်လျှင် အလွဲနင့်ပြင် ရှိသေးလေလိမ့်လား၊
အခွင့်သာတုန်းမှ မရုန်းချင်လျှင် အရှုံးနင့်ပြင်
ရှိသေးလေလိမ့်လား
စသည် စသည်ဖြင့် ငယ်စဉ် တောင်ကျေးကလေး ဘဝကတည်းက ဆရာတော်ကြီး
ကိုယ်တိုင်
နှုတ်တိုက် သင်ကြား ပေးထားသည့် အဆုံးအမ လင်္ကာပိုဒ်လေးများကို အထပ်ထပ်အခါခါရွတ်ဆို
သည်။
နှလုံးသား ရေးရာများကို ကာမတဏှာ အဖြစ်ဖြင့် လည်းကောင်း၊
သံသရာ လည်ပတ်ခြင်း၏ အကြောင်း
အဖြစ်ဖြင့် လည်းကောင်း ရှုမြင်နိုင်အောင်
ကြိုးစား၍ မရခဲ့သော်လည်း မိမိဝတ်ဆင်ထား
သောအရာ
(သင်္ကန်း) သည် ဘုရားပစ္စေကဗုဒ္ဓါ စသော ပုဂ္ဂိုလ်မြတ်တို့၏
အသုံးအဆောင်ပါလား ဟူသည့်
အသိတစ်ချက်ကြောင့်
သင်္ကန်းနှင့် နှလုံးသားရေးရာ များကို စည်းတဖက်ခြား
စေနိုင်ခဲ့သည်။ ထို့ကြောင့်
ရွှေရီ
ဟူသောနာမည်နှင့် ရင်ခုန်သံ ဟူသော ခံစားချက် များသည်ပင်လျှင် စကြာဝဠာ တံတိုင်းကြီး၏
အပြင်
ဘက်တွင်ရောက်ရှိနေပေပြီ။