အခန်း(၄)အဘချိုနဲ့
သာဂိ
“အေးလေ
မင်းက အဘမေးတဲ့ပုစ္ဆာကို မှန်အောင်ဖြေနိုင်တယ်ဆိုတော့ အဘအတွက် ဟန်ကျတာပေါ့ကွယ်၊
အဲ့ဒိအတွက်ကျေးဇူးတင်ပါတယ်၊
အဘရဲ့အကူအညီကိုတောင်းဖို့အတွက် အဘရဲ့ဇာတ်လမ်းလေးကိုတော့အကျဉ်းချုပ်ပြောပြရမှာပေါ့”ဟြုေ ပာလိုက်သည်။ သာဂိလည်း
ဆက်လက်၍ပြောလာမည့်စကားကို စူးစိုက် နားထောင်ဖို့ ရန်အသင့်အနေအထားဖြင့်
ငြိမ် ၍နားထောင်နေလိုက်သည်။ “လွန်ခဲတဲ့နှစ်ပေါင်း လေးဆယ်လောက်တုန်းကပေါ့ ကွယ်၊ အထက် အညာဒေသရဲ့တောရွာလေးတရွာကို အဘရောက်သွားခဲ့တယ်၊
အဲ့ဒိအချိန်တုန်းက အဘက ပညာရပ်မှန်သမျှတတ်ကိုတတ်ရမယ် ဆိုတဲ့အဓိဋ္ဌာန်နဲ့ပါဠိ၊
သက္ကတ၊ဟိန္ဒူ၊အင်္ဂလိပ်စတဲ့ဘာသန္တရဘာ သာရပ်တွေအပြင် မြန်မာ့ဆေးကျမ်းပေါင်းများစွာ
ကိုလည်း ထုံးလိုမွှေရေလိုနှောက်ပြီးလေ့လာ ခဲ့တယ်၊ ဒါပေမဲ့ဗေဒင်ပညာရပ်နဲ့တော့
အတော့်ကိုအလှန်းဝေးခဲ့တယ်၊ အဲ့ဒိအတွက်ဗေဒင်ပညာရပ်ကိုလေ့လာ လိုက်စားချင်လို့စုံစမ်းလိုက်ေ တာ့
အညာဘက်မှာ ဗေဒင်ကို တဖက် ကမ်းခတ်တတ်မြောက်တဲ့အထိသင်ပေးနိုင်တဲ့
ဆရာကြီးတဆူရှိတယ်လို့သတင်းကြား လို့ မရ ရအောင်စုံစမ်း
ပြီးရောက်သွားခဲ့တာ၊အဲ့ဒိရောက်ေ တာ့ဆရာကြီးကလွယ်လွယ်ကူကူပဲလက္ခံ သင်ကြားပေးခဲ့ပါတယ်၊
ဒါပေမဲ့မသင်ကြားပေးခင်ကာလမှာတော့  ငါးပါးသီလ ယူရတယ်၊ဒီပညာရပ် နဲ့ပတ် သက်
တဲ့စည်းကမ်းတွေကိုတစ်သွေမသိမ်း လိုက်နာပါမယ်ဆိုတဲ့ဝန်ခံကတိပြု ချက်ကိုတော
သစ္စာဆိုရတယ်၊ ဆရာကြီးမှာကတပည့်တွေအများကြီးရှိတယ်၊ သမီးတစ်ယောက်လည်းရှိတယ်၊
ဆရာကြီး မအားလပ် တဲ့ အချိန်တွေ၊ ကျမ္မာရေးမကောင်းတဲ့အချိန်တွေမှာ တော့
ဆရာကြီးရဲ့သမီးကသင်ကြားပေးပါတယ် ၊ သူနာမည်က ခင်ခင်ထားလို့ခေါ်တယ်၊အဘ အဲ့ဒိကိုမရောက်ခင်ကတည်းက
ခင်ခင်ထား မှာချစ်သူရှိနေပြီးသားပါ၊ ဆရာကြီးရဲ့တပည့်တွေထဲကတစ်ယောက် ပဲ၊
ဒါပေမဲ့အားလုံးက ဆရာကြီးကို သိပ်ကြောက်ပြီးတော့ရိုသေလေးစား ရတာမို့ဒီအကြောင်းကို
ဘယ်သူကမှဖွင်ဟပြောဆိုဖို့မဝန့် ရဲကြဘူး”
ဟုပြောရင်းရေနွေးခွက်ကိုကောက်ေ မာ့လိုက်လေ၏။သာဂိကတော့အတော်စိတ် ဝင်စားသည်ဟန်ဖြင့်“အဘ
ဆက်ပါဦး”
ဟုစကားကိုထောက်ပေးလိုက်၏။ “အေးဒီလိုနဲ့ သင်လာလိုက်တော့ သုံးနှစ်သုံးမိုကြာ
တဲ့အခါမှာအဘလည်း
ဗေဒင်ပညာရဲ့ကျွမ်းကျင်မှုမှာအထွ တ်အထိပ်ကိုရောက်ပြီလိုပြောရမှာေ ပါကွယ်၊ ဒီတော့အဘလိုချင်တဲ့ပညာရပ်ကို သင်လို့ပြီးစီးပြီဆိုတော့ပြန်ဖို့ ပဲရှိတော့တာပေါ့၊
အဲ့ဒိအချိန် မှာပဲ ဆရာကြီးက အဘကိုခေါ်ပြီးပြောတယ်” ဟုပြောရင်းစကားကိုရှေ့မဆက်ပဲ
တစုံတရာ ကိုလွမ်းမော သွားဟန်ဖြင့်ငြိမ်သက်သွားသည်။ “ဘာတွေပြောလဲအဘ”
ဟုသာဂိကဝင်ထောက်ပေးလိုက်တော့မှ ကုန်သွားသောရေနွေးခွက်ကို ငှဲ့ဖြည်ရင်း
“သူဟာအသက်အတော်ကြီးပြီဖြစ်တဲ့အတွက် မကြာခင်မှာပဲ ဘဝကအဆုံးသပ်တော့မယ်ပေါ့၊
အဲ့ဒိအတွက် သူ့သမီးကိုစိတ်ချရအောင်လို့ အဘနဲ့ နေရာ ချထား ပေးခဲ့ချင်တယ်ပေါ့၊
ဘာကြောင့်လဲဆိုတော့ သူမွေးခဲ့တဲ့တပည့်တွေအားလုံးထဲမှာ အဘဟာ အသွက်လက်ဆုံး၊အတော်ဆုံးနဲ့စည်းကမ်းကို အလိုက် နာနိုင်ဆုံးလူတစ်ယောက်ဖြစ်နေတာေ ကြာင့်လို့ သူကပြောတယ်၊အဘက
ခင်ခင်ထားမှာ ချစ်သူရှိတဲ့အကြောင်း ကိုပြောမလို့ကြိုးစားပါသေးတယ် ဒါပေမဲ့
ခင်ခင်ထားက လုံးဝမပြောဖို့တားမြစ်တာနဲ့ဘာမှ မပြောဘဲငြိမ်နေလိုက်တော့တာ”
ဟုပြောနေစဉ်မှာ သာဂိကဖြတ်၍ “ဒါဆိုအဘချိုက အဲ့ဒိခင်ခင်ထားဆိုတဲ့
မိန်းမကိုယူလိုက်ရတာပေါ့ ဟုတ်လား” ဟုဝင်မေးလိုက်သည်။ “အေးပေါ့ကွာနောက်ဆုံးတော့
ဒီသဘောပဲသက်ရောက်သွားတာပေါ့” ဟုအဘချိုကလေးကန်လှသော လေသံဖြင့်ပြန်ဖြေသည်။ သာဂိက
စိတ်ရှုပ်ထွေးသွားဟန်ဖြင့် “ဟာအဘချိုကလည်း ဘယ်လိုကြီး လဲ
အဲ့ဒိသဘောပဲသက်ရောက်သွားတယ် ဆိုတာက” ဟုမေး၍ အဘချိုကလည်း “အေးဒီလိုကွ၊ခင်ခင်ကြီးကလဲ
သူ့အဖေ လူ့လောကမှာသိပ်ပြီးကြာကြာနေရတော့ မှာမဟုတ်ဘူးဆိုတာ သိတဲ့အတွက် အဖေ့ဆန္ဒ
အားလုံး ကို လိုက်ရောချင်တယ်၊ ဆရာကြီးကလည်း သူ့သမီးခင်ခင်ထားကို အဘနဲ့မှစိတ်ချရမယ်
ယုံကြည်တယ်၊ အဘကလည်း
ဆရာကြီးကိုဘယ်လိုကျေးဇူးဆပ်ရရင် ကောင်းမလဲလို့စဉ်းစားနေတာကြာပြါ ပီ၊ ဒါပေမဲ့
ဆရာ့ရဲ့ကျေးဇူးတွေကများလွန်းလို့ ဘယ်လိုဆပ်ရမှန်းမသိဖြစ်နေတာလေ၊ ဒီတော့ဆရာကြီးရဲ့ဆန္ဒတွေ
ကို
လိုက်ရောပြီးဖြစ်ချင်တာကိုလုပ်ေ ပးလိုက်မယ် လို့ဆုံးဖြတ်လိုက်ခဲ့တာကိုးကွ”
ဟုပြောရင်း ရေနွေးတစ်ခွက် ကောက်မော့လိုက်သည်။ သာဂိကလည်း နောက်လိုသော သဘောဖြင့်
“အဘချိုရဲ့ကျေးဇူးဆပ်နည်းကအတော် လေး ကောင်းပါ့ပဲ” ဟုရယ်ပြီးပြောလိုက်သည်။
အဘချိုကမရယ်ချင်သော်လည်းလူငယ် တစ်ယောက်၏ လွတ်လပ်ပေါ့ပါးစွာရယ်သွမ်းနိုင် မှုကို
မဖျက်ဆီး လိုသောကြောင့်ပြုံးရုံမျှပြုံ ရင်း “အဘ ဘဝရဲ့ ပြဿနာက အဲ့ဒိကစခဲ့တာကွဲ့၊
ခင်ခင်ထားနဲ့ အဘနဲ့လက်ထက်ပြီးနောက်ပိုင်းမှာေ တာ့ ဆရာကြီးရဲ့ရောဂါကတနေ့တစ်ခြား
ပိုပြိးဆိုးသည် ထက်ဆိုးလာတယ်၊ အဲ့ဒိအချိန်မှာ
ဆရာကြီးကအဘနဲ့ခင်ခင်ထားကိုခေါ်ြ ပီးတော့ အထဲမှာ ဘာပါမှန်း မသိတဲ့
သေတ္တာလေးတစ်လုံးပေးတယ်၊ အဲ့ဒိသေတ္တာလေးကိုလဲ အင်မတန် ဆင်းရဲဒုက္ခ
ရောက်တဲ့အချိန်(သို့မဟုတ်)ဘဝရဲ့ ရည်မှန်းချက်တွေပြီးမြောက်ပြီ ဆိုတဲ့အချိန်မှသာလျှင်ဖွင်ဖို့ မှာထားခဲ့တယ်၊
ပြီးတော့အဲ့ဒိသေတ္တာကိုလက္ခံမဲ့လူ ဟာလဲ လူအယောက်တစ်ရာတိတိကို
ကူညီပါမယ်လို့သစ္စာဆိုရမယ်တဲ့လေ။ အဘကအထဲမှာ ဘာပါမှန်းမသိတော့
တန်ဘိုးကြီးပစ္စည်းဖြစ်နေခဲ့ရင် သူသမီးကသာလျှင်ရသင့်တယ်လို့ ယူဆတဲ့အတွက်
ခင်ခင်ထားကိုပဲလက္ခံယူစေခဲ့တယ်၊ ဒါပေမဲ့ခင်ခင်ထားက အဘကိုသာ ယူထားဖို့ အတန်တန်ပြောလာတာမို့အဘကပဲလက္ခံယူ ထားလိုက်တယ်”
ဟုပြောရင်းခေတ္တငြိမ်သက်နေသည်။ “ဒါဆိုရင် အဘကလူအယောက်တစ်တိတိကို ကူညီဖို့ပါ
သစ္စာဆိုလိုက်ရတာပေါ့ ဟုတ်လား” ဟုသာဂိကမေးလိုက်သည်။