Friday, July 18, 2014

ခင်သာဇာတိ မောင်သာဂိ(၉)



အခန်း(၉)ကိုရင်သာဂိ

 

      ပြာလဲ့တောက်ပပြီး မိုးတိမ်ကင်းရှင်းနေသော ကောင်းကင်ပြာကြီး၏အောက်တွင် တယောက်တည်း မတ်မတ် ရပ်ရင်း တစုံတရာကိုစူးစိုက်ကြည်ရှုနေမိ၏။လေသည် တခါတရံတွင် ခပ်ကြမ်းကြမ်း တိုက်ခတ် လာပြီး တခါတရံလေနုအေးလေးတိုက်ခတ်၏။သာဂိ၏စိတ်သည်လည်း ၄င်းတိုက်ခတ်နေသော လေ၏ သာန် နှင့်တူစွာ ငြိမ်သက်လိုက်လှုပ်ရှားလိုက်နှင့် ဖြစ်နေ၏။ကောင်းကင်ပြာကိုနောက်ခံထားလျှက်ရှိသော
 ရွှေရီ၏အပြုံးလေးများပေါ်လာလျှင် သာဂိ၏နူုးညံ့သောစိတ်အစဉ်သည် လှုပ်ခတ်ရွေလျှားလာပြီး မင်းပေးခဲ့တဲ့ ကတိတွေဟာ အပျော်တမ်းမဟုတ်ဘူး သာဂိ          ဟူသောအသံနဲ့  အတူပေါ်လာသော   အဘချို၏ မျက်နှာ ကိုမြင်လျှင် ငြိမ်သက် အေးဆေးသွားတတ်၏။ သာဂိ၏ ခန္ဓာကိုယ် တည်းဟူသော နိုင်ငံတော်တခုတည်းတွင်နှလုံးသားသည်တခါတရံမင်းမူအုပ်စိုး၍တခါတရံတွင်အသိဥာဏ်တည်းဟူသော
ဦးနှောက်ကမင်းမူအုပ်စိုး၏။အသိဥာဏ်နှင့်နှလုံးသားထိုးစစ်ထိုးနေခြင်းဟုလည်းဆိုနိုင်၏။အသိဥဏ်က
အနိုင်ရသောအခါတွင်အဘချိုသည်ဦးစားပေးအဆင့်သို့ရောက်လာ၏။နှလုံးသားကအနိုင်ရသောအခါတွ
င်ရွှေရီသည် ဦးစားပေးအဆင့်သို့ရောက်လာ၏။၎င်း ရွှေရီနှင့် အဘချိုတို့၏မျက်နှာများကိုမြင်ယောင်လာမှုသည်တဖြည်းဖြည်းမြန်လာ၏။ထို့ကြောင့်သာဂိ၏ စိတ်ဖြစ်စဉ်ပြောင်းလဲမှုသည်လည်း လှုပ်ရှားလိုက် ငြိမ်သက်သွားလိုက်နှင့်ဖြစ်လာ၏။ကိုယ့်ခံစားမှုဝေဒနာကို ကိုယ်တိုင်ပြန်သုံးသပ်မိ၏။ ၄င်းဝေဒနာကိုမကြိုက်။ လုံးဝမခံစားလို။ သို့သော် ၄င်းမျက်နှာနှစ်ခုသည် တပြိုင်နက်ပေါ်လာသည်ဟု ထင်ရလောက် အောင် မြန်ဆန် လာခဲ့သည်။မခံစားနိုင်တဲ့အဆုံး သွားကြ သွားကြ ငါ့အနားကိုဘယ်သူမှမလာနဲ့သွားကြ     ဟု ထ အော်ပြစ်လိုက်သည်။
          ဆရာတော်က ရေလာတိုက်သည်။ သာဂိ စိတ်ကိုငြိမ်ငြိမ်ထား။ ဖြစ်ပျက်ခဲ့သမျှတွေ အားလုံးကို ခဏလောက် ကြိုးစားပြီး မေ့ထားလိုက် ဟုပြော၍ ပုတီးတကုံး ပေးပြီး ပြန်ကြွသွားသည်။ အိမ်မက်မက်၍ ထအော်မိကြောင်းကိုသိ၍ အနည်းငယ်လန့်မိသလို ရှက်လည်းရှက်မိသည်။ နဖူးပြင်ပေါ်မှ စီးကျနေသော ဇောချွေးများကို  လက်နဲ့  ပွတ်သပ်လိုက်ရင်း           ဆရာတော်  လာချပေးသွားသည့်      သောက်ရေကို
သောက်ပြီး  အိပ်မက်ဆိုတာ  မိမိကိုယ်တိုင်ပြုလုပ်ခဲ့တဲ့အရာတွေ၊  ၄င်းအရာတွေနဲ့   ဆက်စပ်ကိရိယာတွေ၊နေရာဒေသတွေ၊ ပြီးတော့နောက် အနာဂတ်မှာဖြစ်လာမဲ့အရာတွေ၊ အဲ့ဒိသုံးခု ထဲကတခုခုက မိမိရဲ့မသိစိတ်မှာ လာရောက်ကပ်ငြိဖြစ်ပေါ်လာခြင်းပဲဖြစ်တယ် လို့ဆရာတော် မိန့်ကြားခဲ့တဲ့စကား ဟာသိပ်မှန်တာပါလားဟု တွေးရင်း သက်ပြင်းရှည်ကြီး တခုကိုချလိုက်သည်။