Tuesday, June 25, 2013

ရင်ထဲက ကဗျာ



ကဗျာနေ့မှာ ကဗျာရွတ်ဖို့ ဆွံ့ '' အ ''နေတဲ့
ငါ့နှလုံးသားကို
ငါကိုယ်တိုင်ရိုက်နှက်ပြီး
ရွတ်ဆိုခိုင်းဖို့ ကြိုးစားပြီးနောက်....
ငါဟာ လူသားမဆန်တဲ့လူသားတစ်ယောက်လို့
ငါ့ကိုငါနားလည်လိုက်တယ်...
ကဗျာကပြောတယ်...
ငါသာလူသားတစ်ယောက်ဆိုရင် ........
မင်းဟာ အာဏာရှင်ကြီးဆိုပဲ.....
ဒီလိုနဲ့ ....ငါသူ့ကိုချော့သိပ်လိုက်တယ်......
မငိုပါနဲ့ကဗျာ
မင်းရဲ့ငိုကြွေးမှုနဲ့
အာဏာရှင်ကြီးဆိုတဲ့ စွတ်ဆွဲချက် က
ငါ့ရင်ကို မွှေနှောက် သေလောက်တဲ့ ပြစ်ဒဏ်ကြီးပါလားကွယ်....လို့.........


နန်း ရှင်

Monday, June 24, 2013

စဉ်းစားပါမြန်မာပြည်



မြန်မာပြည်ရေ……..
သက္ကရာဇ် ၂၀၀၀ ရဲ့ နောက်ပိုင်းမှာ
မဟော်သဓာနဲ့ ဘီဂိတ်ကို
Remix လုပ်လို့ ရပေမဲ့ 
ကြံ့ဖွတ်နဲ့ ဒီမိုကရက်တစ်ကို
ဘယ်လိုကာရံတွေနဲ့ 
အနားသပ်ကြမလဲ…………..
မြန်မာပြည်ရေ…………
မင်းဟာ……..
Globalization ရဲ့ စုန်ရေထဲမှာ
ဆန်ပြီးရင်းဆန်ရင်း
မိုးခါးရေကိုမင်းတစ်ယောက်တည်းသောက်တယ်
မြန်မာပြည်ရေ…….
ပျော်ရွှင်စရာကောင်းတဲ့ Game တွေကိုကြိုက်တတ်ရင်လည်း
စစ်တိုက်တမ်းတော့ မကစားပါနဲ့ ကွာ
မင်းလိုချင်တာတွေဟာ
Wire တစ်ချောင်းတောင်မလိုတဲ့
Network ကြီးထဲမှာလည်း
Welcome ပြီးရင်း Welcome ပါပဲ……
မြန်မာပြည်ရေ…..
မင်း….နာဂစ်နဲ့ ဂီရိ
ပြီးတော့…..ပြည်တွင်းစစ်
ပြီးတော့………အပြစ်မဲ့ အကျဉ်းသားတွေရဲ့ မျက်ရည်
ပြီးတော့…………သားပျောက်မိခင်
ပြီးတော့………..မိဝေးဖဝေး တို့ တတွေ
အဲ့ဒိအကြားမှာ….မင်းဟာ
Heal the world ဆိုတဲ့
မိုက္ကယ်ဂျက်ဆင်ရဲ့ သီချင်းကိုကြားတိုင်း
ပုလဲခနေရမှာဖြစ်သလို
သဘာဝ ဆိုတဲ့
စိုင်းထီးဆိုင်ရဲ့ သီချင်းကိုကြားတိုင်း
ကြက်သီးထ တုန်လှုပ်နေလိမ့်မယ်……
မြန်မာပြည်ရေ………….
ကမ္ဘာပြားနေတဲ့ ခုချိန်ခါမှာ
မြန်မာနိုင်ပြီလို့  ဘယ်လောက်အော်အော်
မင်းဒူးတုတ်နေတဲ့ တရုတ်ကြီးက
လှပါတယ် မေရယ်လို့ ပြောပြီး
မင်းကို ညစာလုပ်ပြစ်လိမ့်မယ်………….
မြန်မာပြည်ရေ……..
အမေ့အိမ် ကိုခံစားလိုက်စမ်းပါ
ကမ္ဘာကိုချေလိုက်စမ်းပါ
အဖေကို အဖေလို့ ခေါ်ခွင့်ပြုလိုက်စမ်းပါ
ကြိုးကြာငှက်တို့ ရဲ့ အတောင်ပံတွေကို ရပ်နားခွင့်ပြုလိုက်စမ်းပါ
မျှော်လင့်ခြင်းရဲ့ သစ်သီးတစ်လုံးဆိုတဲ့
အိမ်ပျိုမလေးကို ကျားကန့် လိုက်စမ်းပါ
ဇေယျာသော်နဲ့ ဇာဂနာရဲ့ ဝန်းကျင်တွေကိုလည်း
ရှင်သန်ခွင့်ပြုလိုက်စမ်းပါ
သေချာပါတယ်…..
မင်းဟာ………အလိုလိုနေရင်း
ဗိုလ်ချုပ်မှုးကြီး ဖြစ်သွားပါလိမ့်မယ်……
မြန်မာပြည်ရေ……………


နန်း ရှင်

Sunday, June 23, 2013

မကြောက်တရား



                                                   ကဗျာတစ်ပုဒ်အတွက်
စစ်ခင်းခဲ့ဘူးတယ်…….
အောက်ကြေးကဖောက်လို့ပေါ့……..
အများကြီး အများကြီး
တကယ်ကိုအများကြီး
ပန်းတွေ
ငုံကြတယ်
ပွင့်ကြတယ်………

ငှက်တွေ
ပျံကြတယ်
လွှားကြတယ်……..
ဟေ့သူငယ်ချင်း
သေချင်းတရားဟာ
လူ့ဘ၀ရဲ့လွှတ်တော်မဟုတ်……..
နရသိန်ဟာလဲ
တာဝတိံသာမဟုတ်
ဒါကို
သစ္စာတရားတိုင်းသိကြတယ်
ဒါပေမဲ့………
ဘာကြောင့်သင်္ချိုင်းမြေကိုလုကြတာလဲ ?
ဘာကြောင့်ဖိုးသူတော်ဝတ်ရဲတာလဲ ?
သေချာပါတယ်
အဖြေထွက်ရင်
အသေသတ်တောင်
မင်းမကြောက်တော့ဘူးဆိုတာပေါ့……

နန်း ရှင်

Friday, June 21, 2013

လူငယ်တမ်းချင်း



ငါမကျေညက်ခဲ့တဲ့
ငါ့မြန်မာပြည်သမိုင်းက
ငါလူမဖြစ်ကတည်းက
ကြေမွခဲ့တာ
စုတ်ပြတ်ကိုသတ်လို့.............

သူ့ခမျာ
သနားစရာပါပဲ
ကမ္ဘာ့အလယ်မှာ
မျက်နှာသစ်ချင်နေတာ
ရွစိကိုထိုးလို့……
ယူအန်အာစီယံ အီးယူ
ဘယ်သူမှမတတ်နိုင်တာလဲ
ရှင်းပြီးရင်းရှင်းလို့…….
မညီညွတ်ဘူး……..
မညီညွတ်ဘူး……..
အော်နေတာလဲ
ပွစိကိုလန်လို့……..

ငါလို
ချာတာတာမို့
တိတ်နေရသူတွေလဲ
ဘာလုပ်ရမလဲ
တွေးလိုက်တိုင်း
မေးလိုက်တိုင်းမှာ
ခေါင်းတွေကိုကိုက်လို့…

နန်း ရှင်

Thursday, June 20, 2013



ဒီ အ ချိန် တွေ မှာ
ကျ နော် ရှင် ရက် နဲ့ 
သေ နေ တယ် လို့    သိ ပေး ပါ
ဘ ၀ ရဲ့ အ ဓိ ပ္ပါယ် ကို
ကျ နော် ရှာ တွေ့ ပြီ
ဒါ ပေ မဲ့
အဲ ဒီ အ ဓိ ပ္ပါယ် ဟာ
ဟိုး …က မ္ဘာ က မ္ဘာ အ ဝေး
ရှိုက် ငို ခြင်း တွေ ရဲ့ 
လို အပ် ချက် ဟာ

နန်း ရှင်

Wednesday, June 19, 2013

အ တိတ် များ နဲ့ မျှော် လင့် ခြင်း လေး




အဲ့ဒိ...အခန်းထဲမှာ
ငါရယ်........တိတ်ဆိပ်မှုရယ်............
ပြန့် ကျဲနေတဲ့...........စာရွက်တွေရယ်
ထက်ဖွာလို့ မရတော့တဲ့ ဆေးလိပ်တိုတွေရယ်.........
နောက်တစ်ခန်းထဲမှာ
ငါရယ်.......မင်းရယ်
သီချင်းအတိုစတွေရယ်......
ပုလင်းခွန်တွေနဲ့ ......မင်းပိုင်တဲ့ငွေသားအချို့ 
ပြီးတော့ ဘာမှန်းမသိသေးတဲ့ ထိပ်လန့် မှုတွေရယ်
ဘဝတစ်ခုစတင်မှုရဲ့ ရင်ခုန်သံတွေရယ်
ငါလူဖြစ်မှန်းသိလိုက်ရတဲ့
အချက်ပေးပဲ့တင်သံတွေရယ်
နောက်................
အခု အခန်းထဲမှာ
တခါတရံတော့လည်း
ပေါက်မလားလို့ တိုးကြည်ကြတဲ့ ဓမ္မသံစဉ်အချို့ 
ပြီးတော့ ပျော်မလားလို့ ဖျော်ကြည့်ကြတဲ့ အလှသံစဉ်အချို့ 
ပြီးတော့ လန့် မလားလို့ လှန့် ကြည့်ကြတဲ့ လောကသံစဉ်အချို့ 
ပြီးတော့ ....ပြီးတော့...ပြီးတော့.....
ငါခံစားလို့ မရတဲ့ ...........သံစဉ်ပေါင်းစွာ
အဲ့ဒိလို
အတိတ်တို့ ရဲ့ နှစ်ခန်းပေါင်းဇာတ်လမ်းတစ်ပုဒ်နဲ့ 
ပစ္စုပ္ပန်အခန်းကျဉ်းလေးရဲ့ ဇာတ်လမ်းတစ်ပုဒ်သာ
ပိုင်ဆိုင်ခဲ့ဘူးတဲ့........ငါ
မင်းနဲ့ ငါပေါင်းပြီး
ဖြစ်လာမယ့် အနာဂါတ် အခန်းကျဉ်း ဇာတ်လမ်းလေးတစ်ပုဒ်တော့
မျှော်လင့်ခွင့်ရှိပါရစေ..............